ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းနဲ့ တိုက်စစ်မှူး မန်ဇူကစ် Mandzukic တို့ဟာ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့ကြတယ်လို့ သိရပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်သူ မန်ဇူကစ် ဟာ ဒီရာသီဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားနေသူဖြစ်ပြီး အသင်းအတွက် သွင်းဂိုး (၉)ဂိုး သွင်းယူပေးထားပါတယ်။

PSG – PSG အသင်းဟာ မန်ယူဂိုးသမား ဒီဂီယာ De Gea ကို တစ်ပတ်လုပ်ခပေါင်(၃၅၀၀၀၀)ပေးဖို့ အဆင့်သင့်ရှိနေတယ်လို့ သိရပါတယ်။ ဒီဂီယာ ဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခပေါင်(၂၀၀၀၀၀)ရရှိနေသူဖြစ်ပြီး လစာငွေတိုးမြင့်ရရှိလိုနေတာကြောင့် အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ကြန့်ကြာနေတာပဲဖြစ်ပါတယ်။

လီဗာပူးလ် – လီဗာပူးလ်တောင်ပံကစားသမား မာနေး Mane ဟာ မတ်လအတွက် အသင်းရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။ မာနေး ဟာ လက်ရှိမှာပုံစံကောင်းကို ရနေသူဖြစ်ပြီး လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နေသူဖြစ်သလို ဒီနှစ်ဘောလုံးရာသီမှာ အသင်းအတွက် ဂိုး(၂၀)သွင်းယူထားပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ မန်ယူနောက်ခံလူ ဘာယီ Bailly ကို လာမယ့်နွေမှာ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ဘာယီ အတွက် ရီးယဲလ်မက်ဒရစ်အသင်းဟာပေါင်(၃၅)သန်းသုံးစွဲသွားဖို့ရှိနေပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဘာယီ ဟာ မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး ရာသီကုန်မှာ အသင်းကနေ ထွက်ခွာဖို့ရှိနေသူလည်း ဖြစ်ပါတယ်။

ရိန်းဂျားစ် – အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ဒီဖိုး Defoe ဟာ ရိန်းဂျားစ်အသင်းမှာ ဆက်နေဖို့ဆန္ဒရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီဖိုး ဟာ ဘုန်းမောက်အသင်းကနေ ရိန်းဂျားစ်အသင်းမှာ အငှားနဲ့ လာကစားနေသူဖြစ်ပြီး ခြေစွမ်းပြကစားနေသလို လက်ရှိအချိန်ထိ အသင်းအတွက် သွင်းဂိုး(၅)ဂိုးသွင်းယူထားပါတယ်။

Ref: BBC Sports , Goal.com
Photo: Juventus Twitter , Liverpool , The Herald , Metro 
Ko Kyue(Akhayar)
www.akhayar.com