ဘာစီလိုနာ – ဘာစီလိုနာအသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ Messi ဟာ အသင်းကို နေမာ Neymar ပြန်လာမယ်ဆိုရင် ပျော်မိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာနဲ့ PSG အသင်းတို့ဟာ နေမာ အတွက် ဆွေးနွေးမှုတွေရှိနေဆဲလို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ ဇီဒန်း Zidane ဟာ ချယ်လ်ဆီးကွင်းလ်လယ်လူ ကွန်တေ Kante ကိုခေါ်ယူဖို့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ကွန်တေ ဟာ လက်ရှိအချိန်ထိ ချယ်လ်ဆီးအသင်းအတွက် (၃)ပွဲကစားပေးထားပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းရဲ့ နောက်ခံအစွန်လူတွေဖြစ်ကြတဲ့ တီယာနေး Tierney နဲ့ ဘယ်လာရင် Bellerin တို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေကြပြီလို့ သိရပါတယ်။ ဒီအနေအထားကြောင့် လာမယ့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ်တွေမှာ ဒီကစားသမားတွေကို မြင်တွေ့ရဖို့ ရှိနေပါပြီ။

မန်ယူ – မန်ယူအသင်းဟာ လက်စတာကွင်းလယ်လူ မတ်ဒီဆင် Maddison ကို ခေါ်ယူဖို့ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မတ်ဒီဆင် ကို မန်ယူအသင်းဟာ လာမယ့်နွေမှာ ကြိုးပမ်းသွားဖို့ ရှိနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း ဥက္ကဌ ပီရက်ဇ် Perez ဟာ လာမယ့်ရာသီမှာ PSG လူငယ်တိုက်စစ်ကစားသမား ဘာပေ Mbappe ကို ခေါ်ယူမယ့်အစီအစဉ်ကို ဖွင့်ဟခဲ့ပါတယ်။ ဘာပေ ကို ရီးယဲလ်မက်ဒရစ်အသင်းဟာ မိုနာကိုအသင်းမှာ ကစားကတည်းက ခေါ်ယူလိုခဲ့တာဖြစ်ပါတယ်။

မန်ယူ – မန်ယူအသင်းဟာ နောက်ခံလူ လင်ဒီလော့ဖ် Lindelof ကို လက်ရှိလစာရဲ့ (၂)ဆဖြစ်တဲ့ ပေါင်(၁၅၀၀၀၀)နဲ့ စာချုပ်သစ်အတွက် ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ လင်ဒီလော့ဖ် ဟာ မန်ယူခံစစ်ပိုင်းမှာ အနည်းငယ်ပေါ့ဆမှုတွေရှိနေတာကြောင့် ဝေဖန်ခံနေရပါတယ်။

အေဂျက်စ် – အေဂျက်စ်အသင်း CEO ဗန်ဒါဆား Van der Sar ဟာ အေဂျက်စ်အသင်းမှာပဲ ဆက်ရှိနေမှာဖြစ်တယ်လို့ သိရပါတယ်။ မန်ယူအသင်းဟာ ဗန်ဒါဆား ကို ဘောလုံးဒါရိုက်တာအဖြစ် ခန့်အပ်ဆန္ဒရှိနေပေမယ့် ဗန်ဒါဆား ကတော့ အေဂျက်စ်အသင်းအတွက်ပဲ အာရုံစိုက်ထားလို့ ဖွင့်ဟခဲ့ပါတယ်။

PSG – PSG ကွင်းလယ်လူ ဗာရက်တီ Verratti ဟာ အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် သဘောတူညီမှုရဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒီစာချုပ်သစ်မှာတော့ ဗာရက်တီ ဟာ လစာ(၂)ဆနီးပါးမြင့်တက်သွားမှာဖြစ်ပြီး တစ်နှစ်လစာပေါင်(၁၁)သန်းထိ ရရှိသွားမှာဖြစ်ပါတယ်။

စပါး – စပါးညာနောက်ခံလူ အော်ရီယာ Aurier ဟာ ဒီနွေမှာအသင်းကနေ ထွက်ခွာဖို့ ဆန္ဒရှိခဲ့တာကို ၀န်ခံခဲ့ပါတယ်။ စပါးအသင်းမှာ ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ အော်ရီယာ ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာ အေစီမီလန်အသင်းနဲ့ အသံတွေထွက်ခဲ့ပါတယ်။

Ref: BBC Sports , Ronaldo.com , Sportskeeda , Daily Mail
Photo: Goal.com
Ko Kyue(Akhayar)
www.akhayar.com