Gimnasia – အာဂျင်တီးနားကလပ်အသင်းတစ်သင်းဖြစ်တဲ့ Gimnasia အသင်းဟာ မာရာဒိုနာ Maradona ကို အသင်းရဲ့ နည်းပြသစ်အဖြစ်ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ နည်းပြဘ၀မှာ အခက်အခဲတွေနဲ့ အမြဲကြုံတွေ့နေရတဲ့ မာရာဒိုနာ Gimnasia အသင်း အောင်မြင်အောင် စွမ်းဆောင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်း တိုက်စစ်မှူး ဂျရူး Giroud ဟာ အနာဂတ်မှာ အမေရိကန်ကို ပြောင်းရွှေ့ကစားဖို့ စိတ်ဝင်စားတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျရူး ဟာ ချယ်လ်ဆီးအသင်းအတွက် လက်ရှိအချိန်ထိ (၄)ပွဲကစား (၁)ဂိုးသွင်းယူထားပါတယ်။

မန်ယူ – မန်ယူနောက်ခံလူ ရိုဟို Rojo ဟာ ပုံမှန်ကစားခွင့်မရရင် လာမယ့် အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာမှာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ပိတ်သိမ်းခါနီးမှာ ရိုဟို ဟာ အဲဗာတန်အသင်းကို အငှားနဲ့ ပြောင်းရွှေ့ဖို့နီးစပ်ခဲ့သူဖြစ်ပါတယ်။

ရိုးမား – ရိုးမားအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကွင်းလယ်လူ မစ်ခီတာရီယန် Mkhitaryan ဟာ အာဆင်နယ်အသင်းမှာ ကစားချိန်နည်းပါးခဲ့တာကြောင့် အသင်းပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မစ်ခီတာရီယန် ဟာ အာဆင်နယ်အသင်းမှာ ခြေစွမ်းပြသနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။

လေဗာကူဆင် – လေဗာကူဆင် လူငယ်ကွင်းလယ်ကစားသမား ဟာဗက်ဇ် Havertz ကို လက်ရှိမှာ ဥရောပရဲ့ထိပ်တန်းအသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ဟာဗက်ဇ် ဟာ လေဗာကူဆင်အသင်းအတွက် လက်ရှိအချိန်ထိ (၃)ပွဲကစား (၂)ဂိုးသွင်းယူထားပါတယ်။

စပါး – စပါးအသင်းဟာ လာမယ့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလမှာ ဂျူဗင်တပ်စ်တိုက်စစ်ကစားသမား ဒီဘားလား Dybala ကိုခေါ်ယူနိုင်တယ်လို့ သိရပါတယ်။ ဒီဘားလား ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့ဖို့ အခွင့်အရေးရခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းမှာပဲ ဆက်နေဖို့လုပ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာတော့ ဒီဘားလား ဟာ ဂျူဗင်တပ်စ်အသင်းမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေပါတယ်။

မန်စီးတီး – မန်စီးတီးနည်းပြ ဂွါဒီယိုလာ Guardiola က ဆာနေး Sane ဒဏ်ရာရအပြီးမှာ ဘာစီလိုနာကစားသမား ကော်တင်ဟို Coutinho ကိုခေါ်ယူဖို့ အခွင့်အရေးရရှိခဲ့ပေမယ့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကော်တင်ဟို ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။

မန်ယူ – မန်ယူလူငယ်ကစားသမား တစ်ဟစ်ချောင် Tahith Chong ဟာ အသင်းနဲ့ စာချုပ်သစ်ကိစ္စဆွေးနွေးနေတယ်လို့ သိရပါတယ်။ တစ်ဟစ်ချောင် ဟာ အလားအလာကောင်းတွေရှိတဲ့ ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

အီတလီ – ယူရို ၂၀၂၀ ခြေစစ်ပွဲ အာမေးနီးယား – အီတလီပွဲမှာတော့ အီတလီအသင်းက အဝေးကွင်းမှာ (၁-၃)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာမေးနီးယားအသင်းအတွက် ဂိုးကို Karapetyan က သွင်းယူခဲ့တာဖြစ်ပြီး အီတလီအသင်းအတွက် ဂိုးတွေကိုတော့ ဘယ်လော့တီ Belotti (၂)ဂိုး နဲ့ ပယ်လီဂရီနီ Pellegrini တို့က သွင်းယူခဲ့ကြပါတယ်။

စပိန် – ယူရို ၂၀၂၀ ခြေစစ်ပွဲ ရိုမေးနီးယား – စပိန်ပွဲမှာတော့ စပိန်အသင်းက အဝေးကွင်းမှာ (၁-၂)နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုမေးနီးယားအသင်းအတွက် ဂိုးကိုတော့ Andone က သွင်းယူခဲ့တာဖြစ်ပြီး စပိန်အသင်းအတွက် ဂိုးတွေကိုတော့ ရာမို့စ် Ramos နဲ့ အယ်လ်ကာဆာ Alcácer တို့ကသွင်းယူခဲ့တာ ဖြစ်ပါတယ်။

Ref: BBC Sports , Goal.com , Mirror
Photo: Sportmediaset – Mediaset Play
Ko Kyue(Akhayar)
www.akhayar.com