ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှူး လီဝန်ဒေါစကီး Lewandowski ကို ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးခဲ့တယ်လို့ သိရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လီဝန်ဒေါစကီး ဟာ လက်ရှိအချိန်ထိ ဘိုင်ယန်မြူးနစ်အသင်းအတွက် (၄)ပွဲကစား (၆)ဂိုးသွင်းယူထားပါတယ်။

အင်တာမီလန် – အင်တာမီလန်အသင်းဟာ မန်ယူတောင်ပံတိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez ကို ရာသီကုန်ထိ အငှားနဲ့ ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။ အင်တာမီလန်အသင်းမှာ ဆန်းချက်ဇ် ဟာ ကျောနံပါတ်(၁၇)ကို ၀တ်ဆင်ကစားသွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာနဲ့ စပိန်အသင်းတွေရဲ့ နည်းပြဟောင်း လူးဝစ်အင်းနရစ် Luis Enrique ရဲ့ သမီး Xana ဟာ အသက်(၉)နှစ်အရွယ်မှာပဲ အရိုးကင်ဆာရောဂါကြောင့် ဆုံးပါးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီသတင်းဟာ ဘောလုံးလောကနဲ့ ဘောလုံးချစ်ပရိသတ်တွေအတွက် စိတ်မကောင်းစရာ သတင်းဖြစ်ခဲ့ရပါတယ်။

လေဗာကူဆင် – လေဗာကူဆင်အသင်းဟာ ဥရောပအပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ စပါးနောက်ခံလူ ဗာတွန်ဂန် Vertonghen ကိုခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဗာတွန်ဂန် ဟာ စပါးအသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေပါတယ်။

မန်ယူ – မန်ယူနောက်ခံလူ စမောလင်း Smalling ဟာ ရိုးမားအသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံးမှာရှိနေပြီလို့ သိရပါတယ်။ ဒီအငှားကိစ္စကြောင့် မန်ယူအသင်းဟာ ပေါင်(၂.၇)သန်းရရှိသွားဖို့ ရှိနေပါတယ်။

PSG – PSG ဂိုးသမား အာရီယိုလာ Areola ဟာ ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအနေအထားတွေကြောင့် ရီးယဲလ်မက်ဒရစ်အသင်း ဂိုးသမား နာဗတ်စ် Navas ရဲ့ အပြောင်းအရွှေ့ကိုလည်း မြင်ရဖို့ နီးစပ်နေပါပြီ။

မန်ယူ – မန်ယူနောက်ခံလူ ဒါမီယန် Darmian ဟာ စီးရီးအေကို ပြန်ဖို့အတွက် ပါးမားအသင်းနဲ့ ဆွေးနွေးမှုပြုလုပ်နေတယ်လို့ သိရပါတယ်။ ဒါမီယန် ဟာ မန်ယူအသင်းမှာ ပွဲကစားခွင့်ပျောက်ဆုံးနေတာ ကြာနေပြီဖြစ်ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်း ကွင်းလယ်လူ အယ်လ်နန်နီ Elneny ဟာ ဘက်ဆစ်တက်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ရှိနေသလို နောက်ခံလူ မွန်ရီယဲလ် Monreal ဟာလည်း ဥရောပအပြောင်းအရွှေ့ကာလမပိတ်သိမ်းခင်မှာ ဆိုစီဒက်အသင်းကို ပြောင်းရွှေ့ဖို့ ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် သိပ်မကြာခင်မှာ ဒီကစားသမားတွေရဲ့ အပြောင်းအရွှေ့တွေကို မြင်တွေ့ရဖို့ ရှိနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာနောက်ခံလူ ပီကေး Pique က မန်ယူနောက်ခံလူသစ် မက်ဂွိုင်းယား Maguire ဟာ အသင်းကို ပရီးမီးယားလိဂ်ချန်ပီယံဆုရရှိအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ လက်ရှိမှာ မက်ဂွိုင်းယား မန်ယူအသင်းရဲ့ ခံစစ်ပိုင်းကို ဦးဆောင်နေသူဖြစ်ပါတယ်။

အဲဗာတန် – အဲဗာတန် တောင်ပံတိုက်စစ်ကစားသမား မီရာလက်စ် Mirallas ဟာ အသင်းကနေ ထွက်ခွာဖို့ ရှိတယ်လို့ သိရပါတယ်။ အခုနောက်ပိုင်း နှစ်တွေမှာတော့ မီရာလက်စ် ဟာ အငှားနဲ့သာ တခြားကလပ်အသင်းတွေမှာ သွားရောက်ကစားနေရပါတယ်။

နယူးကာဆယ် – နယူးကာဆယ်ကွင်းလယ်လူ ရှယ်လ်ဗေး Shelvey ဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ လူငယ်ကစားသမားဘ၀တုန်းက ကစားခဲ့ဖူးတဲ့ ၀က်စ်ဟမ်းအသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့တယ်လို့ ၀န်ခံခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ ရှယ်လ်ဗေး ဟာ လက်ရှိအချိန်ထိ နယူးကာဆယ်အသင်းအတွက် (၂)ပွဲကစား (၁)ဂိုးသွင်းယူထားပါတယ်။

စပါး – စပါးကွင်းလယ်လူ ၀မ်ယာမာ Wanyama ဟာ ကလပ်ဘရုဂေးအသင်းကို ပေါင်(၁၃)သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။ ၀မ်ယာမာ ဟာ ရာသီတိုင်းလိုလို ပုံမှန်ခြေစွမ်းပြနိုင်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ စပါးအသင်းမှာ ပွဲကစားခွင့်ရဖို့ ရုန်းကန်နေရသူဖြစ်ပါတယ်။

Ref: BBC Sports , Mirror
Photo: Bayern Munich Twitter
Ko Kyue(Akhayar)
www.akhayar.com