[Zawgyi]



လီဗာပူးလ် – လီဗာပူးလ်အသင်း တိုက်စစ်မှုး စတာရစ်ခ်ျ Sturridge ဟာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင့်သင့်ရှိနေပါတယ်။



Arsène-Wenger

Arsène-Wenger






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူတောင်ပံ တိုက်စစ်ကစားသမား ဆန်းချက်စ် Sanchez ဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်း တိုက်စစ်မှုး စတာရစ်ချ် Sturridge ဟာအသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင့်သင့်ရှိနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ လီဗာပူးလ် ဘယ်နောက်ခံလူ မော်ရီနို Moreno ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

အင်တာမီလန် – ရီးယဲလ် ၊ ချယ်လ်ဆီးအသင်းတွေနဲ့ အသံတွေထွက်နေတဲ့ အင်တာမီလန် တိုက်စစ်မှုး အီကာဒီ Icardi ဟာ အင်တာမီလန်အသင်းမှာပဲ ပျော်ရွှင်နေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Arsène-Wenger

Arsène-Wenger

အာဆင်နယ် – အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါး Arsène Wenger ဟာ ရီးယဲလ် ဒါမှမဟုတ် ဘိုင်ယန်မြူးနစ် စတဲ့ အသင်းတွေကို ကိုင်တွယ်လိုနေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ တိုက်စစ်မှုး မိုရာတာ Morata ရဲ့နေရာကို အစားထိုးဖို့အတွက် မီလန်မြို့ခံအသင်းတွေရဲ့ တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အီကာဒီ နဲ့ ကူထရိုနီ Cutrone တို့ကိုမျက်စိကျနေပါတယ်။

မန်ယူ – မန်ယူတောင်ပံ တိုက်စစ်ကစားသမား မာစီယဲလ် Martial ဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်တောင်ပံ တိုက်စစ်ကစားသမား ဘေးလ် Bale ဟာ လေ့ကျင့်ခန်းပြန်ဆင်းနေပြီလို့ သိရပါတယ်။

စပါး – စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ အသင်းအနေနဲ့ ကစားသမားတစ်ယောက်မှ မခေါ်ခဲ့တာကို နောင်တမရပါဘူးလို့ ပြောကြားခဲ့ပါတယ်။

Ref: BBCSport , Goal.com , Sportskeeda
Photo: FOX Sports Philippines , 10z Soccer
Ko Kyue(Akhayar)
www.akhayar.com