[Zawgyi]







Benatia

Benatia





Ref: BBC Sport , Goal.com
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

မန်ယူ – မန်ယူကွင်းလယ်လူ မာတာ Mata ဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကို စောင့်မျှော်နေပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးအသင်းဟာ ဘုန်းမောက်တိုက်စစ်မှူး ဝီလ်ဆင် Wilson ကို ပေါင်(၃၅)သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ အာဆင်နယ်နဲ့ မန်စီးတီးအသင်းတွေရဲ့ ကစားသမားဟောင်း နာဆရီ Nasri ကို ခေါ်ယူဖို့ စဉ်းစားနေပါတယ်။

ဘီလ်ဘာအို – ဘီလ်ဘာအိုအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူးဟောင်း လက်ရှိစပါးတိုက်စစ်မှူး လော်ရန်တေး Llorente ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းလာနိုင်ပါတယ်။

ဆီဗီလာ – ဆီဗီလာအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း လက်ရှိလီဗာပူးလ်နောက်ခံလူ မိုရီနို Moreno ကို ပြန်လည်ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။

Benatia

Benatia

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်နောက်ခံလူ ဘီနာတီယာ Benatia ကို အာဆင်နယ်အသင်းက ခေါ်ယူလိုနေပါတယ်။ ဘီနာတီယာ ကိုခေါ်ယူဖို့အတွက် မန်ယူအသင်းကလည်း ပစ်မှတ်ထားနေပါတယ်။

ဖူလ်ဟမ် – ဖူလ်ဟမ်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဘာကာယိုကို Bakayoko ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာတော့ ဘာကာယိုကို ဟာ အေစီမီလန်အသင်းမှာ အငှားနဲ့ ကစားနေပါတယ်။

ဘာစီလိုနာ – ဘာစီလိုနာ တိုက်စစ်မှူး ဆွာရက်ဇ် Suarez ဟာ အသင်းကနေ ထွက်ခွာဖို့ကို သေချာ ချင့်ချိန်စဉ်းစားနေပါတယ်။

PSV – PSV လူငယ်ကစားသမား လွန်ဇာနို Lozano ဟာ ပရီးမီးယားလိဂ်မှာ ကစားဖို့ မျှော်လင့်နေပါတယ်။

Ref: BBC Sport , Goal.com
Photo: Newsoneplace.com , TheWorldNews
Ko Kyue(Akhayar)
www.akhayar.com