[Zawgyi]






Sterling

Sterling





Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

DC United – DC United အသင်းတိုက်စစ်မှူး ရွန်နီ Rooney ဟာ အောက်တိုဘာလအတွက် မေဂျာလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပါတယ်။ ရွန်နီ ဟာ လက်ရှိအချိန်ထိ DC United အသင်းအတွက် (၁၉)ပွဲကစား (၁၂)ဂိုးသွင်းယူထားပါတယ်။

စပါး – စပါးအသင်းဟာ ဝက်ဖို့ဒ်ကွင်းလယ်လူ Doucoure ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

လီဗာပူးလ် – လီဗာပူးလ်အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဖာဘင်ဟို Fabinho ဟာ အသင်းကနေထွက်ခွာဖို့ရှိနေပါတယ်။ ဖာဘင်ဟို ဟာ လီဗာပူးလ်အသင်းမှာ သူ့ရဲ့ လက်ရှိအနေအထားကို ငြီးငွေ့နေပါတယ်။

ဒေါ့မွန် – ဒေါ့မွန်အသင်းဟာ မန်စီးတီးအသင်းရဲ့ စပိန်လူငယ်ကွင်းလယ်ကစားသမား Brahim Diaz ကိုခေါ်ယူလိုနေပါတယ်။

Sterling

Sterling

မန်စီးတီး – မန်စီးတီးတောင်ပံ တိုက်စစ်ကစားသမား စတာလင် Sterling ဟာ အသင်းနဲ့ (၅)နှစ်စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။

လေဗာကူဆင် – လေဗာကူဆင် ကစားသမား Bailey ဟာ အသင်းကနေ ထွက်ခွာလိုနေပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း Valdano ဟာ ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ် Martinez ကို အသင်းရဲ့နည်းပြသစ် ဖြစ်လာစေချင်နေပါတယ်။

တိုရီနို – တိုရီနိုအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ဇက်ပါကော်စတာ Zappacosta ကိုခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။

Ref: BBC Sport , Goal.com , Ronaldo.com
Photo: The Japan Times , Cokhihiepluc
Ko Kyue(Akhayar)
www.akhayar.com