အိုးလ်ဟမ်း – မန်ယူကစားသမားဟောင်း ပေါလ်စခိုးလ် Paul Scholes ဟာ အိုးလ်ဟမ်းအသင်းနည်းပြရာထူးကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ ပေါလ်စခိုးလ် ဟာ အိုးလ်ဟမ်းအသင်းကို တစ်လကျော်ကြာ ကိုင်တွယ်အပြီးမှာ အခုလို နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တာပဲဖြစ်ပါတယ်။ အိုးလ်ဟမ်းအသင်း ကို ပေါလ်စခိုးလ် ဟာ (၇)ပွဲတာဝန်ယူကိုင်တွယ်ခဲ့ပြီး (၁)ပွဲနိုင် ၊ (၃)ပွဲသရေ ၊ (၃)ပွဲရှုံးရလဒ်ရရှိခဲ့သလို နိုင်ပွဲရာခိုင်နှုန်းအနေနဲ့ ၁၄.၂၉ % ရရှိခဲ့ပါတယ်။

ရှော်လ်ကေး – ရှော်လ်ကေးအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းကို အရှက်ရစဖွယ် ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာကြောင့် နည်းပြ Domenico Tedesco ကို ရာထူးကနေ ထုတ်ပယ်ခဲ့တယ်လို့ သိရပါတယ်။ Domenico Tedesco ဟာ ရှော်လ်ကေးအသင်းကို (၂)နှစ်ကြာတာဝန်ယူကိုင်တွယ်အပြီးမှာ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပါတယ်။

စပါး – စပါးအသင်းဟာ ကွင်းလယ်လူ အဲရစ်ဆင် Eriksen အနေနဲ့ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ မျှော်လင့်ထားကြောင်းသိရပါတယ်။ လက်ရှိမှာ အဲရစ်ဆင် ကိုခေါ်ယူဖို့အတွက် ရီးယဲလ်အသင်းက စိတ်ဝင်စားနေပါတယ်။ အဲရစ်ဆင် ဟာ ဘောလုံးရာသီတိုင်းလိုလို စပါးအသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာလည်း အသင်းအတွက် ပွဲပေါင်း (၃၈)ပွဲကစား (၇)ဂိုးသွင်းယူထားပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်အသင်းနည်းပြ ဇီဒန်း Zidane ဟာ လိုင်ယွန်အသင်းခေါင်းဆောင် ဖယ်ကီယာ Fekir ကို လာမယ့်နွေမှာ ခေါ်ယူဖို့ ဆန္ဓရှိနေတယ်လို့ သိရပါတယ်။ ဖယ်ကီယာ ဟာ လိုင်ယွန်အသင်းအတွက် ခြေစွမ်းပြကစားနေသူဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာအသင်းအတွက် ပွဲပေါင်း (၂၇)ပွဲကစား (၁၁)ဂိုးသွင်းယူထားပါတယ်။

PSG – PSG အသင်းဟာ နည်းပြတူဟယ် Tuchel ကို တစ်နှစ်သက်တမ်းတိုးစာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ရှိတယ်လို့ သိရပါတယ်။ တူဟယ် ဟာ ၂၀၁၈ ခုနှစ်မှာ PSG အသင်းနဲ့ (၂)နှစ်စာချုပ် ချုပ်ဆိုထားသူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ တူဟယ် ရဲ့ PSG အသင်းဟာ ပြင်သစ်လီဂူးမှာ ချန်ပီယံဖြစ်ဖို့ အခြေအနေကောင်းနေပါတယ်။

Ref: BBC Sports
Photo: Schalke 04 , World Report , WTOP.com 
Ko Kyue(Akhayar)
www.akhayar.com