[Zawgyi]







LukeShaw

LukeShaw





Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

အင်္ဂလန် – အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် Southgate ဟာအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် –  ရီးယဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်း Zidane ဟာ သူ ရီးယဲလ်မက်ဒရစ်အသင်းကို ကိုယ်တွယ်တဲ့ အချိန်တုန်းက မန်ယူကစားသမားတွေဖြစ်ကြတဲ့ ဒီဂီယာ De Gea ၊ ပေါ့ဘာ Pogba နဲ့ မာစီယဲလ် Martial တို့ကိုခေါ်ယူလိုခဲ့ပါတယ်။

မန်ယူ – မန်ယူအသင်း ဒုအမှုဆောင်ချုပ် အက်ဒ်ဝုဒ်ဝပ် Ed Woodward ဟာ မန်ယူအသင်းနည်းပြရာထူးကနေ မော်ရင်ဟို Mourinho အထုတ်ခံရရင် ပြန်လည်အစားထိုးဖို့အတွက် ဇီဒန်း Zidane ထက် စပါးနည်းပြ ပိုချက်တီနို Pochettino ကိုပို သဘောကျနေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ ရာသီကုန်မှာအသင်းကနေ ထွက်ခွာဖို့ရှိနေတဲ့ ကွင်းလယ်လူ ရမ်ဆေး Ramsey ရဲ့နေရာမှာအစားထိုးဖို့ အတွက် ဆီဗီလာကွင်းလယ်လူ ဘာနီဂါ Banega ကိုခေါ်ယူဖို့ မျက်စိကျနေပါတယ်။

စပါး – စပါးအသင်းဟာ PSV လူငယ်ကစားသမား လွန်ဇာနို Lozano ကိုခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

LukeShaw

LukeShaw

မန်ယူ – မန်ယူအသင်း ဘယ်နောက်ခံလူ လုရှော LukeShaw ဟာ စက်တင်ဘာလအတွက် မန်ယူတစ်လတာ အကောင်းဆုံး ကစားသမားဆုကိုရရှိခဲ့ပါတယ်။ လုရှောဟာ ဒီဆုကိုနှစ်လဆက် ရရှိခဲ့တာပါ။

ဒေါ့မွန် – ဒေါ့မွန်အသင်းရဲ့ လူငယ် ကြယ်ပွင့်ကစားသမား ဆန်ချို Sancho ဟာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ် – ဘိုင်ယန်မြူးနစ်နောက်ခံလူ ဟမ်းမဲလ် Hummels ဟာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေပါတယ်။

စပါး – စပါးအသင်း တိုက်စစ်မှုး ဟယ်ရီကိန်း Harry Kane ကို ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူလိုနေပါတယ်။

Ref: BBC Sport , Goal.com , Sportskeeda
Photo: Breaking The Lines , Evening Standard
Ko Kyue(Akhayar)
www.akhayar.com