[Zawgyi]






Degea

Degea






Ko Kyue(Akhayar)
www.akhayar.com

[Unicode]

သောကြာနေ့ ဘောလုံးသတင်းတိုများစုစည်းဖော်ပြမှု

ဂျူဗင်တပ်စ် –  ဂျူဗင်တပ်စ် ကွင်းလယ်လူ မာတွီဒီ Matuidi က အသင်းဖော် တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano ronaldo ဟာ Ballon d’Or ဆုနဲ့ ထိုက်တန်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ဝက်ဖို့ဒ် – ဝက်ဖို့ဒ်အသင်းတိုက်စစ်မှူး Success ဟာ အသင်းနဲ့ (၅)နှစ်စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။

အေစီမီလန် – အေစီမီလန်အသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ် Fabregas ကိုခေါ်ယူဖို့ အတွက် ဆွေးနွေးမှုစတင်နေပြီလို့ သိရပါတယ်။

ချယ်လ်ဆီး – ချယ်လ်ဆီးနည်းပြ ဆာရီ Sarri ဟာ နောက်ခံလူ ကာဟေးလ် Cahill ကိုအသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Degea

Degea

မန်ယူ – မန်ယူအသင်းဟာ ဒီဂီယာ De Gea ကို စာချုပ်ပါအချက်အလက်အတိုင်း (၁)နှစ်သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်အရ ဒီဂီယာ ဟာ အသင်းမှာ ၂၀၂၀ ခုနှစ်အထိ ဆက်ရှိနေမှာဖြစ်ပါတယ်။

ရီးယဲလ်မက်ဒရစ် – ရီးယဲလ်မက်ဒရစ်အသင်းဟာ စပါးကွင်းလယ်လူ အဲရစ်ဆင် Eriksen ကိုခေါ်ယူဖို့အတွက် ချဉ်းကပ်မှုတွေပြုလုပ်နေပါတယ်။

ဂျူဗင်တပ်စ် – ဂျူဗင်တပ်စ်အသင်းဟာ PSG ကွင်းလယ်လူ ရာဘီယူ Rabiot ကိုခေါ်ယူဖို့ အာရုံစိုက်နေပါတယ်။

စပါး – စပါးတောင်ပံတိုက်စစ်ကစားသမား လူးကပ်စ်မော်ရာ Lucas Moura ဟာ အာဆင်နယ်နည်းပြ အမ်မရီ Emery ကို လက်စားချေလိုနေပါတယ်။ လူးကပ်စ်မော်ရာ နဲ့ အမ်မရီတို့ဟာ PSG အသင်းမှာ လက်တွဲခဲ့ကြဖူးသူတွေပဲဖြစ်ပါတယ်။

အာဂျင်တီးနား – အာဂျင်တီးနားအသင်းဟာ ယာယီနည်းပြ စကာလိုနီ Scaloni ကို အမြဲတမ်းနည်းပြအဖြစ် ပြောင်းလဲခန့်အပ်ခဲ့ပါတယ်။

Ref: BBC Sports , Goal.com , Sportskeeda , Roanldo,com
Photo: Evening Standard 
Ko Kyue(Akhayar)
www.akhayar.com