[Zawgyi]

မဂၤလာပြဲေန႔အတြက္ ရိုးရွင္းလွပ French Manicure လက္သည္းအလွမ်ား

ပြင့္လင္းရာသီလည္း ေရာက္လာၿပီဆုိေတာ့ မၾကာခင္မွာ မဂၤလာပြဲဆင္ႏႊဲမယ့္ သတို႔သမီးေလးေတြ အေနနဲ႔ ဘယ္လို မိတ္ကပ္မ်ိဳးျပင္မယ္၊ ဘယ္လို ၀တ္စံုေလးေတြ ၀တ္မယ္ဆိုတာေတြ စဥ္းစားျပင္ဆင္ေနေလာက္ပါၿပီေနာ္။ မိတ္ကပ္ေတြ၊ ဆံပင္ေတြ ျပင္ဆင္ဖို႔က အေရးႀကီးသလို ေနာက္ထပ္ အလွအပအတြက္ မေမ႔သင့္ဘဲ ျပင္ဆင္စရာေလးလည္း ရွိပါေသးတယ္။ အဲဒါကေတာ့ လက္သည္းအလွ ျပင္ဆင္မႈပါ။ မဂၤလာပြဲေန႔မွာ ပန္းစည္းကိုင္တဲ့အခါ ကိုယ့္လက္ေလးက လွပသန္႔ရွင္းေနဖို႔လိုအပ္သလို လက္ထပ္လက္စြပ္ ၀တ္တဲ့အခ်ိန္မွာလည္း လက္ေခ်ာင္းေလးေတြက လွလွပပေလး ျဖစ္ေနသင့္တာေပါ့။ ဒါေပမယ့္ လိုတာထက္ ပိုတဲ့ လက္သည္းဒီဇိုင္းေတြ ၊အေရာင္ေတာက္ေတာက္လက္သည္းအေရာင္ေတြကုိ မလုပ္မိဖို႔ေတာ့ လိုအပ္ပါတယ္။ ဒီလို အမွားမ်ိဳးမျဖစ္ရေအာင္ အခုေအာက္မွာ မဂၤလာသတို႔သမီးေတြအတြက္ အထူးလိုက္ဖက္တဲ့  French Manicure ဒီဇိုင္း ရိုးရိုးရွင္းရွင္းေလးေတြကို ေျပာျပေပးထားပါတယ္။ ကိုယ္ႏွစ္သက္တာေလးေတြကို ေရြးခ်ယ္ၾကည့္လိုက္ပါဦး။

French Manicure ဆိုတာ ရုိးရိုးရွင္းရွင္းပါပဲ လက္သည္းထိပ္နားကို လက္သညး္အရွည္ရွိသေလာက္ အျဖဴေရာင္ အနားကြပ္ထားတဲ့ လက္သည္းဒီဇိုင္းကို ဆိုလိုတာပါ။

French Manicure

French Manicure

ရိုးရိုးရွင္းရွင္း French Manicure ကေတာ့ ေနရာမေရြး အခ်ိန္မေရြးမွာ ဘယ္ေတာ့မွ ဒိတ္ေအာက္မသြားတဲ့ လက္သည္းဒီဇိုင္းေလးပါ။ French Manicure က လက္သည္းတိုတို ရွည္ရွည္ လုိက္ဖက္ၿပီးေတာ့ လက္ကုိလည္း သန္႔႔သြားေစပါတယ္။ လက္ကို အျခားအေရာင္ေတြလည္း မဆိုးခ်င္၊ ဒီဇိုင္းရႈပ္ရႈပ္ေတြလည္း မႀကိဳက္ဘူးဆိုရင္ေတာ့ French Manicure ကိုသာ ေရြးလိုက္ပါ။

French Manicure

French Manicure

နည္းနည္းေလး ေပၚလြင္သြားခ်င္တယ္ဆိုရင္ လက္သည္းကို အျဖဴဆုိးထားတဲ့အရင္းနားကုိ Glitter Gel ေလးေတြနဲ႔ အလွဆင္လို႔ရပါတယ္။

French Manicure

French Manicure

ရိုးရိုး French Manicure ဆိုးရတာ ရိုးတယ္ဆိုရင္ လက္သည္းအရင္းနားေလးမွာ လုိင္းေကြးေလးတစ္ေၾကာင္းေလာက္ထည့္ၿပီး အလွဆင္လို႔ရပါတယ္။ ရွင္းလြန္းတဲ့ French Manicure ထက္စာရင္ ဒီပံုေလးက ခ်စ္စရာေကာင္းၿပီး ဆန္းပါတယ္။ လက္သည္းတိုတဲ့သူေတြနဲ႔လည္း လိုက္ဖက္သလို လက္သည္းရွည္တဲ့သူေတြနဲ႔လည္း လိုက္ဖက္တဲ့ပံုစံေလးပါ။

French Manicure

French Manicure

ခ်စ္ျခင္းရဲ႕ သေကၤတကို ေဖာ္က်ဴးတဲ့ အသည္းပံုေလးကလည္း မပါမျဖစ္ဆုိေတာ့ French Manicure ကို လက္ေခ်ာင္းေလးေခ်ာင္းမွာ ဒီဇိုင္းေဖာ္ၿပီး လက္ထပ္လက္စြပ္၀တ္မယ့္ လက္သူၾကြယ္ေလးမွာ အသည္းပံုေလး ပံုေဖာ္လိုက္ပါ။ ပိုၿပီး ၿမိဳင္သြားခ်င္တယ္ဆုိရင္ေတာ့ ခ်စ္စရာ ဖန္စီေက်ာက္ေလးေတြ လက္သည္းမွာ ကပ္လို႔ရပါတယ္။

French Manicure

French Manicure

ကိုယ္က မိန္းမဆန္ဆန္ေလးနဲ႔ ဇာ၀တ္စံု၊ ဇာဂါ၀န္ေတြ ၀တ္မယ္ဆုိရင္ ဒီလက္သည္းဒီဇိုင္းေလးက သင့္ေတာ္ပါတယ္။ လက္သည္းထိပ္ဖ်ားကို အျဖဴေရာင္နဲ႔ ေဘာင္ကြပ္ထားၿပီး ေအာက္နားမွာ ဇာပံုစံ အတြန္႔အဖတ္ေလးေတြ ထည့္ထားတဲ့ လက္သည္းဒီဇိုင္းက လက္ေလးကို သန္႔သန္႔ေလးနဲ႔ လွေစမွာ ေသခ်ာပါတယ္။

French Manicure

French Manicure

Glitter ေလးေတြကလည္း လက္ကို လင္းသြားေစတာမို႔  Glitter တစ္၀က္ အျဖဴေရာင္ တစ္၀က္ ဒီလက္သည္းဒီဇိုင္းေလးကို စမ္းၾကည့္လုိ႔ရပါတယ္။ သူကေတာ့ လက္သည္းရွည္မွ ပိုလွမယ့္ ပံုစံျဖစ္တာမို႔ လက္သည္းရွည္ရွည္ေလးထားၿပီးမွ ဒီဒီဇိုင္းေလးကို လုပ္ၾကည့္ပါ။ ညဘက္ဒင္နာပြဲေတြအတြက္လည္း အဆင္ေျပတဲ့ ဒီဇိုင္းေလး ျဖစ္ပါတယ္။

French Manicure

French Manicure

လက္သည္းအဖ်ားနဲ႔ အရင္းနားကို အျဖဴေရာင္ေလးေတြ ျခယ္ထားတဲ့ စတိုင္လ္ေလးကလည္း တစ္မ်ိဳးဆန္းေစပါတယ္။ လက္သည္းမတိုမရွည္ေလးေတြနဲ႔ဆုိ ေတာ္ေတာ္ေလးလွတဲ့ ဒီဇိုင္းေလးပါ။ ဓာတ္ပံုရိုက္မယ္ဆိုလည္း ေပၚလြင္ေစပါတယ္။

French Manicure

French Manicure

အျဖဴေရာင္ေတြခ်ည္း မဆိုးခ်င္ဘူးဆိုရင္အလက္လက္glitter မႈန္ေလးေတြပါတဲ့ ဒီဇိုင္းေလး လုပ္ၾကည့္လို႔ရပါတယ္ေနာ္။

ကဲ..ဒီေလာက္ဆုိ ေရြးခ်ယ္ဖုိ႔ေတာ္ေတာ္လံုေလာက္သြားမယ္လုိ႔ ထင္ပါတယ္ေနာ္။ မဂၤလာပြဲေန႔မွာ ကိုယ့္လက္သည္းေလးေတြ လွပေစဖို႔ မေမ့ပါနဲ႔ဦး။

Su Yi Htet (Akhayar)

[Unicode]

မင်္ဂလာပွဲနေ့အတွက် ရိုးရှင်းလှပ French Manicure လက်သည်းအလှများ

ပွင့်လင်းရာသီလည်း ရောက်လာပြီဆိုတော့ မကြာခင်မှာ မင်္ဂလာပွဲဆင်နွှဲမယ့် သတို့သမီးလေးတွေ အနေနဲ့ ဘယ်လို မိတ်ကပ်မျိုးပြင်မယ်၊ ဘယ်လို ဝတ်စုံလေးတွေ ဝတ်မယ်ဆိုတာတွေ စဉ်းစားပြင်ဆင်နေလောက်ပါပြီနော်။ မိတ်ကပ်တွေ၊ ဆံပင်တွေ ပြင်ဆင်ဖို့က အရေးကြီးသလို နောက်ထပ် အလှအပအတွက် မမေ့သင့်ဘဲ ပြင်ဆင်စရာလေးလည်း ရှိပါသေးတယ်။ အဲဒါကတော့ လက်သည်းအလှ ပြင်ဆင်မှုပါ။ မင်္ဂလာပွဲနေ့မှာ ပန်းစည်းကိုင်တဲ့အခါ ကိုယ့်လက်လေးက လှပသန့်ရှင်းနေဖို့လိုအပ်သလို လက်ထပ်လက်စွပ် ဝတ်တဲ့အချိန်မှာလည်း လက်ချောင်းလေးတွေက လှလှပပလေး ဖြစ်နေသင့်တာပေါ့။ ဒါပေမယ့် လိုတာထက် ပိုတဲ့ လက်သည်းဒီဇိုင်းတွေ ၊အရောင်တောက်တောက်လက်သည်းအရောင်တွေကို မလုပ်မိဖို့တော့ လိုအပ်ပါတယ်။ ဒီလို အမှားမျိုးမဖြစ်ရအောင် အခုအောက်မှာ မင်္ဂလာသတို့သမီးတွေအတွက် အထူးလိုက်ဖက်တဲ့ French Manicure ဒီဇိုင်း ရိုးရိုးရှင်းရှင်းလေးတွေကို ပြောပြပေးထားပါတယ်။ ကိုယ်နှစ်သက်တာလေးတွေကို ရွေးချယ်ကြည့်လိုက်ပါဦး။

French Manicure ဆိုတာ ရိုးရိုးရှင်းရှင်းပါပဲ လက်သည်းထိပ်နားကို လက်သည်းအရှည်ရှိသလောက် အဖြူရောင် အနားကွပ်ထားတဲ့ လက်သည်းဒီဇိုင်းကို ဆိုလိုတာပါ။

French Manicure

French Manicure

ရိုးရိုးရှင်းရှင်း French Manicure ကတော့ နေရာမရွေး အချိန်မရွေးမှာ ဘယ်တော့မှ ဒိတ်အောက်မသွားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ French Manicure က လက်သည်းတိုတို ရှည်ရှည် လိုက်ဖက်ပြီးတော့ လက်ကိုလည်း သန့့်သွားစေပါတယ်။ လက်ကို အခြားအရောင်တွေလည်း မဆိုးချင်၊ ဒီဇိုင်းရှုပ်ရှုပ်တွေလည်း မကြိုက်ဘူးဆိုရင်တော့ French Manicure ကိုသာ ရွေးလိုက်ပါ။

French Manicure

French Manicure

နည်းနည်းလေး ပေါ်လွင်သွားချင်တယ်ဆိုရင် လက်သည်းကို အဖြူဆိုးထားတဲ့အရင်းနားကို Glitter Gel လေးတွေနဲ့ အလှဆင်လို့ရပါတယ်။

French Manicure

French Manicure

ရိုးရိုး French Manicure ဆိုးရတာ ရိုးတယ်ဆိုရင် လက်သည်းအရင်းနားလေးမှာ လိုင်းကွေးလေးတစ်ကြောင်းလောက်ထည့်ပြီး အလှဆင်လို့ရပါတယ်။ ရှင်းလွန်းတဲ့ French Manicure ထက်စာရင် ဒီပုံလေးက ချစ်စရာကောင်းပြီး ဆန်းပါတယ်။ လက်သည်းတိုတဲ့သူတွေနဲ့လည်း လိုက်ဖက်သလို လက်သည်းရှည်တဲ့သူတွေနဲ့လည်း လိုက်ဖက်တဲ့ပုံစံလေးပါ။

French Manicure

French Manicure

ချစ်ခြင်းရဲ့ သင်္ကေတကို ဖော်ကျူးတဲ့ အသည်းပုံလေးကလည်း မပါမဖြစ်ဆိုတော့ French Manicure ကို လက်ချောင်းလေးချောင်းမှာ ဒီဇိုင်းဖော်ပြီး လက်ထပ်လက်စွပ်ဝတ်မယ့် လက်သူကြွယ်လေးမှာ အသည်းပုံလေး ပုံဖော်လိုက်ပါ။ ပိုပြီး မြိုင်သွားချင်တယ်ဆိုရင်တော့ ချစ်စရာ ဖန်စီကျောက်လေးတွေ လက်သည်းမှာ ကပ်လို့ရပါတယ်။

French Manicure

French Manicure

ကိုယ်က မိန်းမဆန်ဆန်လေးနဲ့ ဇာဝတ်စုံ၊ ဇာဂါဝန်တွေ ဝတ်မယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက သင့်တော်ပါတယ်။ လက်သည်းထိပ်ဖျားကို အဖြူရောင်နဲ့ ဘောင်ကွပ်ထားပြီး အောက်နားမှာ ဇာပုံစံ အတွန့်အဖတ်လေးတွေ ထည့်ထားတဲ့ လက်သည်းဒီဇိုင်းက လက်လေးကို သန့်သန့်လေးနဲ့ လှစေမှာ သေချာပါတယ်။

French Manicure

French Manicure

Glitter လေးတွေကလည်း လက်ကို လင်းသွားစေတာမို့ Glitter တစ်ဝက် အဖြူရောင် တစ်ဝက် ဒီလက်သည်းဒီဇိုင်းလေးကို စမ်းကြည့်လို့ရပါတယ်။ သူကတော့ လက်သည်းရှည်မှ ပိုလှမယ့် ပုံစံဖြစ်တာမို့ လက်သည်းရှည်ရှည်လေးထားပြီးမှ ဒီဒီဇိုင်းလေးကို လုပ်ကြည့်ပါ။ ညဘက်ဒင်နာပွဲတွေအတွက်လည်း အဆင်ပြေတဲ့ ဒီဇိုင်းလေး ဖြစ်ပါတယ်။

French Manicure

French Manicure

လက်သည်းအဖျားနဲ့ အရင်းနားကို အဖြူရောင်လေးတွေ ခြယ်ထားတဲ့ စတိုင်လ်လေးကလည်း တစ်မျိုးဆန်းစေပါတယ်။ လက်သည်းမတိုမရှည်လေးတွေနဲ့ဆို တော်တော်လေးလှတဲ့ ဒီဇိုင်းလေးပါ။ ဓာတ်ပုံရိုက်မယ်ဆိုလည်း ပေါ်လွင်စေပါတယ်။

French Manicure

French Manicure

အဖြူရောင်တွေချည်း မဆိုးချင်ဘူးဆိုရင်အလက်လက်glitter မှုန်လေးတွေပါတဲ့ ဒီဇိုင်းလေး လုပ်ကြည့်လို့ရပါတယ်နော်။

ကဲ..ဒီလောက်ဆို ရွေးချယ်ဖို့တော်တော်လုံလောက်သွားမယ်လို့ ထင်ပါတယ်နော်။ မင်္ဂလာပွဲနေ့မှာ ကိုယ့်လက်သည်းလေးတွေ လှပစေဖို့ မမေ့ပါနဲ့ဦး။

Su Yi Htet (Akhayar)