[Zawgyi] 

Facebook Tracking ကိုတားျမစ္ေပးမယ့္ Firefox ရဲ႕ Add-On 

Facebook Data ေတြေပါက္ၾကားခဲ့တဲ့ကိစၥအၿပီးမွာေတာ့ Facebook ေပၚမွာေရာ၊ Twitter နဲ႔အျခားေနရာေတြမွာပါ  Online ကိုယ္ေရးအခ်က္အလက္လံုျခံဳေရးကို အရင္ကထက္ပိုစိတ္ဝင္စားမႈေတြမ်ားလာခဲ့ပါတယ္။ နည္းပညာ Company အခ်ိဳ႕ဆိုရင္ Facebook ေပၚမွာရွိေနခဲ့တဲ့သူတို႔ရဲ႕ Page ေတြကိုဖ်က္သိမ္းသြားတာမ်ိုဳးေတြအထိျဖစ္သြားခဲ့ပါတယ္။ 

အခုတစ္ေခါက္ကေတာ့ Firefox အလွည့္လို႔ေျပာရမွာပါပဲ။ Mozilla က Firefox အတြက္ Facebook နဲ႔ပတ္သက္တဲ့ Extension တစ္ခုကိုထုတ္ေပးလိုက္ပါတယ္။ Extensinon အသစ္ဘယ္လိုအလုပ္လုပ္ေပးမလဲဆိုတာကိုနားလည္ဖို႔အတြက္ေတာ့ Facebook Tracking ဆိုတာကိုအရင္နားလည္မွျဖစ္မွာပါ။ Facebook Tracking ဆိုတာကေတာ့ သင္ Facebook Account တစ္ခုကို Browser ထဲကဝင္သံုးေနတယ္ဆိုရင္ ဖြင့္ထားတဲ့ Facebook Tab အျပင္ အျခား Tab ေတြမွာပါ Facebook ကေရာက္ေနၿပီးသားပါ။ သင္ၾကည့္ေနတာက Facebook မဟုတ္တဲ့ Website ျဖစ္ေနခဲ့ရင္ေတာင္ Facebook ကတစ္ေထာင့္တစ္ေနရာမွာပါေနပါတယ္။ ဥပမာအေနနဲ႔ဆိုရင္ သင္ အခ်ိဳ႕ Website ေတာ္ေတာ္မ်ားမ်ားမွာ Like ၊ Comment ၊ Share ဆိုတဲ့ Facebook Window ေလးေတြ႔ဖူးမွာပါ။ အဲ့ဒီမွာ Like ကိုႏွိပ္ႏိုင္ဖို႔အတြက္ေတာ့ အေရွ႔ကသင္ဝင္ထားတဲ့ Facebook Account ကိုပဲယူသံုးသြားတာေၾကာင့္ပါပဲ။ Facebook ကသင္ Like ႏွိပ္ဖို႔ရွိေနတာျဖစ္ေပမယ့္ တစ္ကယ္တမ္းကေတာ့ သင္လက္ရွိ Website ကိုၾကည့္သြားတယ္ဆိုတဲ့အခ်က္အလက္ကိုမွတ္သားထားၿပီး သင့္အတြက္ ေၾကျငာေတြ၊ အျခားအႀကံျပဳခ်က္ေတြကို သင့္ရဲ႕ Facebook Newsfeed မွာေပၚလာေစဖို႔ Tracking ေကာက္ေနပါတယ္။ အဲ့လို Tracking ေကာက္တာကို အခု Firefox ကေျဖရွင္းဖို႔လုပ္ေနတာပါ။ 

Firefox Extension ေလးကဘယ္လိုေျဖရွင္းေပးမလဲဆိုေတာ့ သင္ဝင္သံုးေနတဲ့ Facebook Tab ကို ေရပံုးတစ္ခုလိုကန္႔ပစ္လုိက္မွာျဖစ္ပါတယ္။ အထဲကေရကိုအျပင္မထြက္ေစသလို၊ ဘယ္ကိုမွလည္းစီးဆင္းသြားလို႔မရတဲ့သေဘာပါ။ အရင္ကလို Facebook ကို Tab တစ္ခုမွာဖြင့္ထားလိုက္တာနဲ႔ သင္ဝင္ၾကည့္သမွ် Website ေတြမွာ Facebook ကေနာက္ကပါလာေနတာမ်ိဳးေတြရွိေတာ့မွာမဟုတ္ပါဘူး။ Extension ေၾကာင့္ သင္အသံုးျပဳလို႔မရေတာ့မွာေတြလည္းရွိပါေသးတယ္။ အဲ့တာေတြကေတာ့ Website တစ္ခုက သူတို႔ Page ကို Facebook မွာရွိေၾကာင္းျပထားရင္ အရင္ကလိုလြယ္လြယ္ေလး Like ႏွိပ္လိုက္လို႔ရေတာ့မွာမဟုတ္သလို၊ Share လုပ္ခ်င္ရင္လည္း Link အလြယ္တစ္ကူ Share လို႔မရေတာ့တာမ်ိဳးေတြပါ။ အဲ့ဒါေတြအျပင္ Facebook နဲ႔ Login ဝင္လို႔ရတဲ့ Website ေတြမွာလည္း Mouse Click တစ္ခ်က္တည္းနဲ႔ Login ဝင္လို႔ရေတာ့မွာမဟုတ္ပါဘူး။ Privacy ကိုဦးစားေပးထားတာေၾကာင့္ သင့္ရဲ႕ Facebook Data ေတြကိုအျပင္ကိုမေရာက္ေစသလို အျပင္က Data ေတြကိုလည္း သင့္ Facebook Account ကသိႏိုင္မွာမဟုတ္ေတာ့ပါဘူး။ Facebook Container Extension ကိုသံုးခ်င္တယ္ဆိုရင္ေတာ့ Firefox Extensions Menu ထဲကေနရွာၿပီး Add ေပးလိုက္ရင္ရပါၿပီ။ 

Ref: Mozilla

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode] 

Facebook Tracking ကိုတားမြစ်ပေးမယ့် Firefox ရဲ့ Add-On 

Facebook Data တွေပေါက်ကြားခဲ့တဲ့ကိစ္စအပြီးမှာတော့ Facebook ပေါ်မှာရော၊ Twitter နဲ့အခြားနေရာတွေမှာပါ  Online ကိုယ်ရေးအချက်အလက်လုံခြုံရေးကို အရင်ကထက်ပိုစိတ်ဝင်စားမှုတွေများလာခဲ့ပါတယ်။ နည်းပညာ Company အချို့ဆိုရင် Facebook ပေါ်မှာရှိနေခဲ့တဲ့သူတို့ရဲ့ Page တွေကိုဖျက်သိမ်းသွားတာမျိုုးတွေအထိဖြစ်သွားခဲ့ပါတယ်။ 

အခုတစ်ခေါက်ကတော့ Firefox အလှည့်လို့ပြောရမှာပါပဲ။ Mozilla က Firefox အတွက် Facebook နဲ့ပတ်သက်တဲ့ Extension တစ်ခုကိုထုတ်ပေးလိုက်ပါတယ်။ Extensinon အသစ်ဘယ်လိုအလုပ်လုပ်ပေးမလဲဆိုတာကိုနားလည်ဖို့အတွက်တော့ Facebook Tracking ဆိုတာကိုအရင်နားလည်မှဖြစ်မှာပါ။ Facebook Tracking ဆိုတာကတော့ သင် Facebook Account တစ်ခုကို Browser ထဲကဝင်သုံးနေတယ်ဆိုရင် ဖွင့်ထားတဲ့ Facebook Tab အပြင် အခြား Tab တွေမှာပါ Facebook ကရောက်နေပြီးသားပါ။ သင်ကြည့်နေတာက Facebook မဟုတ်တဲ့ Website ဖြစ်နေခဲ့ရင်တောင် Facebook ကတစ်ထောင့်တစ်နေရာမှာပါနေပါတယ်။ ဥပမာအနေနဲ့ဆိုရင် သင် အချို့ Website တော်တော်များများမှာ Like ၊ Comment ၊ Share ဆိုတဲ့ Facebook Window လေးတွေ့ဖူးမှာပါ။ အဲ့ဒီမှာ Like ကိုနှိပ်နိုင်ဖို့အတွက်တော့ အရှေ့ကသင်ဝင်ထားတဲ့ Facebook Account ကိုပဲယူသုံးသွားတာကြောင့်ပါပဲ။ Facebook ကသင် Like နှိပ်ဖို့ရှိနေတာဖြစ်ပေမယ့် တစ်ကယ်တမ်းကတော့ သင်လက်ရှိ Website ကိုကြည့်သွားတယ်ဆိုတဲ့အချက်အလက်ကိုမှတ်သားထားပြီး သင့်အတွက် ကြေငြာတွေ၊ အခြားအကြံပြုချက်တွေကို သင့်ရဲ့ Facebook Newsfeed မှာပေါ်လာစေဖို့ Tracking ကောက်နေပါတယ်။ အဲ့လို Tracking ကောက်တာကို အခု Firefox ကဖြေရှင်းဖို့လုပ်နေတာပါ။ 

Firefox Extension လေးကဘယ်လိုဖြေရှင်းပေးမလဲဆိုတော့ သင်ဝင်သုံးနေတဲ့ Facebook Tab ကို ရေပုံးတစ်ခုလိုကန့်ပစ်လိုက်မှာဖြစ်ပါတယ်။ အထဲကရေကိုအပြင်မထွက်စေသလို၊ ဘယ်ကိုမှလည်းစီးဆင်းသွားလို့မရတဲ့သဘောပါ။ အရင်ကလို Facebook ကို Tab တစ်ခုမှာဖွင့်ထားလိုက်တာနဲ့ သင်ဝင်ကြည့်သမျှ Website တွေမှာ Facebook ကနောက်ကပါလာနေတာမျိုးတွေရှိတော့မှာမဟုတ်ပါဘူး။ Extension ကြောင့် သင်အသုံးပြုလို့မရတော့မှာတွေလည်းရှိပါသေးတယ်။ အဲ့တာတွေကတော့ Website တစ်ခုက သူတို့ Page ကို Facebook မှာရှိကြောင်းပြထားရင် အရင်ကလိုလွယ်လွယ်လေး Like နှိပ်လိုက်လို့ရတော့မှာမဟုတ်သလို၊ Share လုပ်ချင်ရင်လည်း Link အလွယ်တစ်ကူ Share လို့မရတော့တာမျိုးတွေပါ။ အဲ့ဒါတွေအပြင် Facebook နဲ့ Login ဝင်လို့ရတဲ့ Website တွေမှာလည်း Mouse Click တစ်ချက်တည်းနဲ့ Login ဝင်လို့ရတော့မှာမဟုတ်ပါဘူး။ Privacy ကိုဦးစားပေးထားတာကြောင့် သင့်ရဲ့ Facebook Data တွေကိုအပြင်ကိုမရောက်စေသလို အပြင်က Data တွေကိုလည်း သင့် Facebook Account ကသိနိုင်မှာမဟုတ်တော့ပါဘူး။ Facebook Container Extension ကိုသုံးချင်တယ်ဆိုရင်တော့ Firefox Extensions Menu ထဲကနေရှာပြီး Add ပေးလိုက်ရင်ရပါပြီ။ 

Ref: Mozilla

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။