E-Books တွေ Free ဒေါင်းလုတ်ဆွဲနိုင်တဲ့ ဝက်ဆိုဒ်များ

အင်တာနက်ကနေ ကိုယ်အလိုရှိတဲ့ အရာမှန်သမျှကို ရှာဖွေနိုင်ပါတယ်။ ဒီအထဲမှာမှ E-books တွေကို ဒေါင်းလုတ်ဆွဲဖို့ရှာနေတဲ့သူတွေကလည်း မနည်းပါဘူး။ အွန်လိုင်းကနေ E-Books တွေကို ဒေါင်းလုပ်ဆွဲလို့ ရပေမယ့်ဝက်ဆိုဒ် အများစုက တရားမဝင်ပါဘူး။ ဒါပေမယ့် တရားဝင်အခမဲ့ဒေါင်းလုတ်ဆွဲခွင့်ပေးထားတဲ့ ဝက်ဆိုဒ်တွေလည်း ရှိပါတယ်။ အဲ့ဒါတွေကတော့

(1) Project Gutenberg

URL : (https://www.gutenberg.org)

 

 

 

 

 

 

ဒီဝက်ဆိုဒ်မှာတော့ စာအုပ်အရေအတွက် ငါးသောင်းကျော်ကို အခမဲ့ ဒေါင်းလုတ်ဆွဲခွင့်ပေးထားပါတယ်။ သိပ္ပံ၊သမိုင်း၊ ပညာရေးနဲ့သက်ဆိုင်တဲ့ စာအုပ်အများအပြားအပြင် ဂန္တဝင်စာအုပ်အများအပြားကိုလည်း အခမဲ့ရယူနိုင်ပါတယ်။

(2) Book Boon

URL : (http://bookboon.com/)

 

 

 

 

 

 

Book Boon မှာတော့စာအုပ်အမျိုးအစားတော်တော်စုံလင်ပါတယ်။ နည်းပညာစာအုပ်များအပြင် စီးပွားရေး၊ ဥပဒေ၊ ဆေးပညာ၊ စာရင်းအင်းနဲ့ အခြားစာအုပ်အများအပြားကိုတွေ့နိုင်ပါတယ်။ ဝက်ဆိုဒ်ရဲ့အသွင်အပြင်က တကယ့်စာအုပ်အရောင်းဆိုင်တစ်ခုနဲ့တူတဲ့အပြင် ဘယ်ဘက်ထောင့်က Menu ကနေလည်း ကိုယ်အလိုရှိတာကို ရှာဖွေလို့ရပါတယ်။

(3) Many Books

URL: (http://manybooks.net/)

ဒီဝက်ဆိုဒ်ကတော့ သူ့ရဲ့နာမည်နဲ့လိုက်ပါတယ်။ စာအုပ်အရေအတွက် သုံးသောင်းသုံးထောင်ကျော်ရှိပြီးတော့ ကိုယ်နှစ်သက်တာကို ဒေါင်းလုတ်ဆွဲယူနိုင်ပါတယ်။ ဘေးဘက် Menu ကနေပြီးတော့ Genre, Title, Author, Language ဆိုပြီးလည်း ရှာဖွေနိုင်ပါတယ်။

You May Also Like: “ငွေကြေးအနည်းငယ်နဲ့စတင်နိုင်သောလုပ်ငန်းများ”

(4)  Free Ebooks

URL: (https://www.free-ebooks.net/)

freebooks

ဝက်ဆိုဒ်ရဲ့ပထမစာမျက်နှာမှာတင် စာအုပ်အမျိုးအစား အများအပြားကို ခွဲခြားပေးထားပါတယ်။ အသွင်အပြင်က ရိုးရှင်းသလို Review အတိုလေးတွေလည်းပါပါတယ်။ နောက်ပြီးတော့ သူ့ရဲ့ Menu ကသူများဝက်ဆိုဒ်တွေလို ဘေးဘက်မှာမဟုတ်ပဲ အလယ်တည့်တည့်မှာပါ။

(၅) Open Library

URL: (https://openlibrary.org/)

openlibrary

ဒီဝက်ဆိုဒ်ကတော့ စာကြည့်တိုက်ဒီဇိုင်းလေးနဲ့ပါ။ စာအုပ်အုပ်ရေ တစ်သန်းနီးပါးလောက်ရှိပါတယ်။ စာအုပ်အများစုကို ဒေါင်းလုတ်ဆွဲလို့ရတဲ့အပြင် တစ်ချို့စာအုပ်တွေကိုတော့ ငှားရမ်းဖတ်ရှုနိုင်ပါတယ်။ စာအုပ်တွေကိုDigital Format (PDF, Plain Text, ePub) အမျိုးမျိုးနဲ့ရရှိနိုင်ပြီးတော့ ကိုယ်နှစ်သက်တာကိုရွေးချင်နိုင်ပါတယ်။

(မြန်မာစာအုပ်တွေကို ဒေါင်းလုတ်ဆွဲတာကတော့ မူပိုင်ခွင့်ဥပဒေနဲ့ငြိစွန်းနိုင်ပါတယ်နော်)

မင်းသုခ (အခရာ)

(www.akhayar.com)