[Zawgyi]

Online ကနေ လေ့လာနိုင်မယ့် အခမဲ့ Business & Management Courses များ








Coursera




edX



www.akhayar.com

[Unicode]

Online ကနေ လေ့လာနိုင်မယ့် အခမဲ့ Online Business Courses များ

အခရာပရိသတ်ကြီးရေ… မင်္ဂလာပါ။ ရွှေကို မလို၊ ပညာကိုသာ လိုသည်ဆိုတဲ့ ခေတ်ကြီးမှာ ပညာရပ်တစ်ခုခုကို သင်ရတဲ့ တန်ကြေးတွေဟာလည်း တဖြည်းဖြည်းနဲ့ မြင့်တက်လာခဲ့ပါတယ်။ ဒါကြောင့်အခုတစ်ခါတော့ ကိုယ်အားတဲ့အချိန်၊ အွန်လိုင်းမှာ သင်ကြားလို့ရမယ့် Business နဲ့ ပက်သက်တဲ့ Free Course တွေ သင်ယူလို့ ရမယ့် Websites တွေကို အခရာကနေ ဝေမျှပေးပါရစေ။

OHSC ရဲ့ Business Management (Short Course)

ဒါကတော့ OHSC (Oxford Home Study College) က တင်ထားပေးတဲ့ Online Learning Course တစ်ခုဖြစ်ပြီး ဒီမှာ လေ့လာလို့ ရပါတယ်။ Course Duration က နာရီ ၂၀ ကြာမှာ ဖြစ်ပြီး Charges က အခမဲ့ဖြစ်ပါတယ်။ Short Course တက်ပြီး စိတ်ဝင်စားရင်တော့ Full Course ကို အခကြေးငွေနဲ့ ဆက်တက်နိုင်မှာ ဖြစ်ပါတယ်။

Brentwood ရဲ့ Business Management Course (Short Course)

ဒီ Course မှာတော့ The Business Environment အပိုင်း၊ HR Management ဆိုတာ ဘာလဲနဲ့ Performance Manage နဲ့ Marketing ကို Intro လုပ်ထားတာလေးတွေ ပါဝင်ပြီး ဒီမှာ လေ့လာလို့ ရပါတယ်။

Alison.com ရဲ့ Free Online Business Entrepreneur Management Course

ဒီ Site မှာတော့ ရွေးချယ်စရာများပြီး Essential Business Skills၊ E-Business and E-Commerce၊ Essential Management Skills ၊ Entrepreneurial Skills ဆိုပြီး Learning Paths တွေ ရှိပြီး Leadership Skills in Business ၊ Transferring Big Company Culture to Statups ဆိုတဲ့ စိတ်ဝင်စားစရာ Course လေးတွေ ရှိပြီး ဒီမှာ လေ့လာနိုင်ပါတယ်။

Coursera

Coursera ကိုတော့ အားလုံး သိပြီးကြပြီးသားဖြစ်မှာပါ။ Free Courses တွေ စုထားပေးပြီး တကယ်သာလေ့လာဖြစ်ရင် အတော်အကျိုးရှိတဲ့ Website ဖြစ်ပါတယ်။ Successful Negotiation : Essential Strategies and Skills လို ၊ Social Media Marketing Course လို စိတ်ဝင်စားစရာ ကောင်းတာတွေ အများကြီးရှိပြီး ဒီမှာ လေ့လာနိုင်ပါတယ်။

Masterclassmanagement.com

ဒီမှာတော့ Business Management နဲ့ Leadership Skills Course တွေကို သင်ယူနိုင်ပြီး ဒီမှာ လေ့လာနိုင်ပါတယ်။

edX

edX ကလည်း ပြောစရာမလိုအောင် သိကြပြီးတဲ့ Website ပါပဲ။ Business & Management အပိုင်းမှာ Get Beyond Work- Life Balance ၊ Contract Law : From Trust to Promise To Contract လို အသုံးဝင်မယ့် Course တွေ တွေ့ရပြီး ဒီမှာ လေ့လာနိုင်ပါတယ်။

အခရာပရိသတ်ကြီးအားလုံးလည်း အားလပ်ချိန်တွေကို အကျိုးရှိအောင် အသုံးချပြီး ဘဝကို တစ်ဆင့်ထက်တစ်ဆင့် မြှင့်တင်နိုင်ကြပါစေ။

www.akhayar.com