
[ Zawgyi ]



1.AIMP

Download AIMP

2.Black Player

Download Black Player

3.Pulsar

Download Pulsar

4.Jet Audio

Download Jet Audio

5.Shuttle Player


Ref;makeuseof

Phone Hay Ko ( Akhayar )

[ Unicode ]

Android အတွက် Free ရယူနိုင်သည့် အကောင်းဆုံး Music Player များ

အခုနောက်ပိုင်း Android ဖုန်းအချို့မှာ  Music Player ကို Build in မထည့်သွင်းပေးတာမျိုးကြုံရတတ်ပါတယ်။ ဒါမှမဟုတ် ရှိပြီးသား Music Player ကြီးကိုနဲ့သီချင်းနားထောင်ရတာ အရမ်းရိုးအီနေလို့ အသစ်အဆန်းလေးများပြောင်းလဲကြည့်လိုရင်ပဲဖြစ်ဖြစ် အောက်ပါ Music Player 5 ခုကို စမ်းသပ် အသုံးပြုကြည့်သင့်ပါတယ်။

1.AIMP
အရိုးရှင်းဆုံးနဲ့အကောင်းဆုံး Player တစ်ခုပါပဲ။ Computer မှာလည်းအရမ်းကောင်းတဲ့ Player တစ်ခုဖြစ်တဲ့ AIMP Player ဟာ Android OS အတွက်ပါ ထုတ်လုပ်ပေးခဲ့ပါတယ်။ အသုံးပြုရတဲ့ UI ဟာရိုးရှင်းတဲ့အတွက် Music Player ကိုအကျွမ်းတဝင်မရှိတဲ့ User အသစ်တွေတောင်မှအဆင်ပြေတာကိုတွေ့ရပါတယ်။

Download AIMP

2.Black Player
Black Player ကလည်း Feature စုံစုံလင်လင်နဲ့ အသုံးပြုလိုတွေအတွက် အတော်လေးအဆင်ပြေပါတယ်။ Equalizer ပါဝင်တာကြောင့် သံစဉ်ကို မိမိလိုအပ်သလိုချိန်ညှိပြီးနားထောင်နိုင်ဦးမှာဖြစ်ပါတယ်။

Download Black Player

3.Pulsar
ဖုန်းထဲမှာရှိတဲ့သီချင်းတွေကို အမြန်ဆုံးရှာဖွေပေးနိုင်တဲ့ Player ကောင်းတစ်ခုပဲဖြစ်ပါတယ်။ UI ကလည်းရိုးရှင်းပြီး Album art တွေနဲ့ဖော်ပြပေးထားတာဖြစ်တာကြောင့်အမြင်တစ်မျိုးဆန်းပြီး အသုံးပြုလို့ကောင်းမွန်တဲ့ App တစ်မျိုးပဲဖြစ်ပါတယ်။

Download Pulsar

4.Jet Audio
Jet Audio ကတော့ Free နဲ့ Preminum version နှစ်မျိုးလာပါတယ်။ ဒါပေမယ့် Freen version မှာတင်တစ်ကယ်ကိုပြည့်စုံကောင်းမွန်တဲ့ Player အဖြစ်အသုံးပြုနိုငနေပါပြီ။reverb and x-bass, playback speed control အစရှိတဲ့ Audio နဲ့ပတ်သက်တဲ့ effect အစုံအလင်ကို Control ပြုလုပ်နိုင်ပါတယ်။

Download Jet Audio

5.Shuttle Player
Music Player တွေဟာ များသောအားဖြင့် Black သို့မဟုတ် White UI တွေအများဆုံးဖြစ်ပါတယ်။
Shuttle Player ကတော့ ကိုယ့်သီချင်းမှာပါဝင်တဲ့ Album art color အတိုင်း အရောင်များအလိုလျှောက်ပြောင်းလဲပေးနိုင်တဲ့ UI ပါရှိပါတယ်။ ဒါ့အပြင် သီချင်းများကိုလည်း ဖုန်းတစ်ခုလုံးရဲ့ Storage နေရာလွတ်မကျန် အသေးစိတ်ရှာဖွေပေးနိုင်ပါသေးတယ်။

Download Shuttle Player

Ref;makeuseof

Phone Hay Ko ( Akhayar )