[Zawgyi]






ငယ်ငယ်ကပုံ



ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကလေးသရုပ်ဆောင်လေးကနေ မင်းသားချောဖြစ်လာတဲ့ Freddie Highmore

‘Charlie and the Chocolate Factory(2005)’ ဆိုတဲ့ ဇာတ်ကားထဲက Charlie ဆိုတဲ့ ကလေး သရုပ်ဆောင်လေးကို မှတ်မိကြမယ်လို့ထင်ပါတယ်။ သူကတော့ အခုဆိုရင် အသက် ၂၆ နှစ်တောင်ရှိနေပါပြီ။ Freddie Highmore ကို ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။

Facebook ပေါ်မှာ အဖေဖြစ်သူကို မေးခွန်းထုတ်တဲ့ကောင်လေး အဖြစ်တွေ့ရတာကလည်း Freddie Highmore ပါပဲ

၂၀၁၇ ခုနှစ်တုန်းက Drama Series ဖြစ်တဲ့ ‘The Good Doctor (2017- Present)’ နဲ့ Golden Globe Award for Best Actor အတွက် ဆန်ခါတင်စာရင်းကို ဝင်ခဲ့ပါသေးတယ်။

Highmore ဟာ အင်္ဂလန်နိုင်ငံသားဖြစ်ပြီး လန်ဒန် Highgate ကျောင်းမှာ ပညာသင်ကြားခဲ့တာလည်းဖြစ်ပါတယ်။ သူပါဝင်ဖူးတဲ့ ဇာတ်ကားတွေကတော့’Women Talking Dirty(1999)’ ၊ ‘Finding Neverland(2004)’ ၊ ‘The Spiderwick Chronicles(2008)’ အစရှိတာတွေဖြစ်ပါတယ်။ သူဟာ Critics’ Choice Movie Awards for Best Young Performer ဆုကိုတော့ ၂ ကြိမ်ဆက်တိုက်ရရှိထားသူဖြစ်ပါတယ်။

ငယ်ငယ်ကပုံ

အသက်ငယ်ငယ်အရွယ်မှာ သူသရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားလေးတွေကို ကြည့်ဖူးတဲ့သူတွေအခုဒီအသက်အရွယ်ရောက်လာတဲ့ Freddie Highmore ကိုတွေ့တဲ့ အခါ အရင်ကကိုယ်ကြည့်ဖူးတဲ့ ဇာတ်ကားတွေထဲက ကောင်လေးဆိုတာကိုမှတ်မိကြပါ့မလား ပရိသတ်ကြီးရေ။

Photo Credit:Malay Mail

ကြည်သာ (Akhayar)

www.akhayar.com