[Zawgyi]

မန္ယူအသင္းမွာ ေဆးစစ္မႈခံယူဖုိ႔ရွိေနတဲ့ ဘရာဇီးလ္ၾကယ္ပြင့္ ဖရက္ဒ္ Fred

ရွက္တာဒုိးနက္အသင္းရဲ႕ ဘရာဇီးလ္ၾကယ္ပြင့္ ကစားသမား ဖရက္ဒ္ Fred ဟာ အခုရက္ပုိင္းအတြင္း မန္ယူအသင္းမွာ ေဆးစစ္မႈခံယူဖုိ႔ ရွိေနတယ္လုိ႔ ၿဗိတိန္ နာမည္ေက်ာ္ သတင္းစာတစ္ေစာင္ျဖစ္တဲ့ Daily Mail က ေဖာ္ျပခ့ဲတယ္။ အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘရာဇီးလ္လက္ေရြးစင္ ကြင္းလယ္လူ ဖရက္ဒ္ဟာ ၿပီး ခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလအတြင္းက မန္စီးတီးကုိ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ခဲ့ေပမယ့္ ျဖစ္မလာခဲ့ဘဲ အခုအခ်ိန္မွာ မန္ယူအသင္းက သူ႔ကုိ ေခၚယူဖုိ႔ ရွက္တာဒုိးနက္နဲ႔ ေဆြးေႏြးေနတာျဖစ္ပါတယ္။ မန္ယူအသင္း အေနနဲ႔ ဖရက္ဒ္အတြက္ ကနဦး ေျပာင္းေရႊ႕ေၾကးအျဖစ္ ေပါင္(၄၃)သန္းေပးေခ်ရမွာျဖစ္သလုိ ေျခစြမ္းနဲ႔ ေအာင္ျမင္မႈအေပၚ မူတည္ၿပီး သူ႕ရဲ႕ေျပာင္းေရႊ႕ေၾကးက ေပါင္(၅၂.၂)သန္းအထိ ျမင့္တက္သြားမွာပါ။

Fred-against-Man-City

Fred-against-Man-City

ဘရာဇီးလ္အသငး္ဟာ ၂၀၁၈ ကမၻာ႔ဖလားအႀကိဳ ေျခစမ္းပဲြအျဖစ္ အန္ဖီးလ္ကြင္းမွာ ခ႐ုိေအးရွားအသငး္နဲ႔ ကစားဖုိ႔ အဂၤလန္ကုိ ေရာက္ရွိေနၿပီး ဖရက္ဒ္အေနနဲ႔ တစ္ပါတည္း မန္ယူမွာ ေဆးစစ္မႈ ခံယူသြားဖုိ႔ရွိေနပါၿပီ။ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိကလည္း ဖရက္ဒ္ကုိ ေခၚယူဖုိ႔ ဆႏၵရွိေနတာနဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ ဧၿပီလ ကတည္းက ၀န္ခံေျပာဆုိခဲ့ဖူးပါတယ္။ ေမာ္ရင္ဟုိက “ေဘာလုံးအသင္းတစ္သင္းမွာ ဘရာဇီးလ္ကစားသ မားတစ္ေယာက္ေလာက္ မပါဘူးဆုိရင္ အဲဒါကုိ ေဘာလုံးအသင္းအျဖစ္ မသတ္မွတ္ႏုိင္ဘူးလုိ႔ ကၽြန္ေတာ္ ထင္ပါတယ္။ လာမယ့္ႏွစ္က်ရင္ ကၽြန္ေတာ္တို႔အသင္းဆီ ဘရာဇီးလ္ကစားသမားတစ္ဦး မေရာက္လာဘူး လုိ႔ ဘယ္သူေျပာႏုိင္မွာလဲ”လုိ႔ ေျပာဆုိခဲ့တာပါ။ မန္ယူအသင္းဟာ ခ်ယ္လ္ဆီးအသင္းက ဘရာဇီးလ္လက္ေရြးစင္ ကစားသမားတစ္ဦးပဲျဖစ္တဲ့ ၀ီလီယံ Willian ကုိလည္း ခ်ိတ္ဆက္ေနၿပီး သူတို႔ႏွစ္ဦးထဲက ဘယ္သူ ေရာက္လာမလဲဆုိတာ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

REF:Daily Mail
Photo:peoplespostmedia,City Watch
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းမှာ ဆေးစစ်မှုခံယူဖို့ရှိနေတဲ့ ဘရာဇီးလ်ကြယ်ပွင့် ဖရက်ဒ် Fred

ရှက်တာဒိုးနက်အသင်းရဲ့ ဘရာဇီးလ်ကြယ်ပွင့် ကစားသမား ဖရက်ဒ် Fred ဟာ အခုရက်ပိုင်းအတွင်း မန်ယူအသင်းမှာာ ဆေးစစ်မှုခံယူဖို့ ရှိနေတယ်လို့ ဗြိတိန် နာမည်ကျော် သတင်းစာတစ်စောင်ဖြစ်တဲ့ Daily Mail က ဖော်ပြခဲ့တယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်လူ ဖရက်ဒ်ဟာ ပြီး ခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းက မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့် ဖြစ်မလာခဲ့ဘဲ အခုအချိန်မှာ မန်ယူအသင်းက သူ့ကို ခေါ်ယူဖို့ ရှက်တာဒိုးနက်နဲ့ ဆွေးနွေးနေတာဖြစ်ပါတယ်။ မန်ယူအသင်း အနေနဲ့ ဖရက်ဒ်အတွက် ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၄၃)သန်းပေးချေရမှာဖြစ်သလို ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ် မူတည်ပြီး သူ့ရဲ့ပြောင်းရွှေ့ကြေးက ပေါင်(၅၂.၂)သန်းအထိ မြင့်တက်သွားမှာပါ။

Fred-against-Man-City

Fred-against-Man-City

ဘရာဇီးလ်အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားအကြို ခြေစမ်းပွဲအဖြစ် အန်ဖီးလ်ကွင်းမှာ ခရိုအေးရှားအသင်းနဲ့ ကစားဖို့ အင်္ဂလန်ကို ရောက်ရှိနေပြီး ဖရက်ဒ်အနေနဲ့ တစ်ပါတည်း မန်ယူမှာ ဆေးစစ်မှု ခံယူသွားဖို့ရှိနေပါပြီ။ မန်ယူအသင်းနည်းပြ မော်ရင်ဟိုကလည်း ဖရက်ဒ်ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ဧပြီလ ကတည်းက ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။ မော်ရင်ဟိုက “ဘောလုံးအသင်းတစ်သင်းမှာ ဘရာဇီးလ်ကစားသ မားတစ်ယောက်လောက် မပါဘူးဆိုရင် အဲဒါကို ဘောလုံးအသင်းအဖြစ် မသတ်မှတ်နိုင်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ လာမယ့်နှစ်ကျရင် ကျွန်တော်တို့အသင်းဆီ ဘရာဇီးလ်ကစားသမားတစ်ဦး မရောက်လာဘူး လို့ ဘယ်သူပြောနိုင်မှာလဲ”လို့ ပြောဆိုခဲ့တာပါ။ မန်ယူအသင်းဟာ ချယ်လ်ဆီးအသင်းက ဘရာဇီးလ်လက်ရွေးစင် ကစားသမားတစ်ဦးပဲဖြစ်တဲ့ ဝီလီယံ Willian ကိုလည်း ချိတ်ဆက်နေပြီး သူတို့နှစ်ဦးထဲက ဘယ်သူ ရောက်လာမလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

REF:Daily Mail
Photo:peoplespostmedia,City Watch
Naing Linn(Akhayar)
www.akhayar.com