[Zawgyi]

မန္ခ်က္စတာလမ္းမေပၚမွာ လမး္ေပ်ာက္ေနတဲ့ ဘရာဇီးလ္က ၾကယ္တစ္ပြင့္

မန္စီးတီးရဲဲ႕ ကမ္းလွမ္းမႈကုိ ျငင္းဆန္ခဲ့ၿပီး မန္ယူအသင္းဆီ ေျပာင္းေရႊ႕ခဲ့တုန္းက ဘရာဇီးလ္ ကြင္းလယ္လူ ဖရက္ဒ္ Fred က အခုလုိေျပာခဲ့တယ္။ “ေမာ္ရင္ဟုိ Mourinho ဟာ ပေရာ္ဖက္ရွင္နယ္ ပီသလြန္းတဲ့ နည္းျပတစ္ဦးပါ။ ကစားသမားတိုင္းက ေမာ္ရင္ဟုိလုိ ေအာင္ႏုိင္သူ နည္းျပတစ္ဦးနဲ႔ လက္တဲြလုိၾကသူေတြခ်ည္းပါပဲ။ သူ႔ဆီက ကၽြန္ေတာ္ သင္ယူစရာေတြ အမ်ားႀကီးရွိပါတယ္။ မန္ယူကုိ ေျပာင္းေရႊ႕ခဲ့တာကလည္း ေမာ္ရင္ဟုိေၾကာင့္ပါပဲ။ ကၽြန္ေတာ့္ရဲ႕ အရည္အေသြးအေပၚ သူ အေလးထားခဲ့တဲ့အတြက္လည္း ဂုဏ္ယူမိပါတယ္”လုိ႔ ေျပာၾကားခဲ့တယ္။

Fred-The-Red

Fred-The-Red

အခုအခ်ိန္မွာေတာ့ ဖရက္ဒ္ဟာ မန္ယူအသင္းရဲ႕ အေရးပါတဲ့ပဲြေတြဆုိရင္ အရန္ခုံမွာပဲ အခ်ိန္ျဖဳန္းေနရၿပီး ခ်ယ္လ္ဆီး၊ မန္စီးတီး၊ ဂ်ဴဗင္တပ္စ္တို႔နဲ႔ပဲြမွာ ကြင္းထဲမွာေတာင္ ေျခခ်ခြင့္ မရခဲ့ဘူး။ မန္ယူအသင္းဆီ ဘာလုိ႔ေျပာင္းခဲ့တာလဲလုိ႔ ဖရက္ဒ္ကုိ အခု ေမးရင္ အရင္တုန္းကလုိ ျပန္ေျဖႏုိင္ပါဦးမလား။ မန္ယူဟာ ဖရက္ဒ္အတြက္ ေပါင္(၅၂)သန္းအထိ အသုံးျပဳခဲ့ရၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ ပဥၥမေျမာက္ ေၾကးအႀကီးဆုံး ကစားသမားအျဖစ္ မွတ္တမ္း၀င္ခဲ့တယ္။

Fred-Manchester-United

Fred-Manchester-United

ကြင္းလယ္မွာ ေပါ့ဘာ Paul Pogba နဲ႔ တဲြဖက္ၿပီး တိုက္စစ္ကုိ ေမာင္းႏွင္ကစားႏုိင္မယ့္သူအျဖစ္ ဖရက္ဒ္ကုိ ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ၾကေပမယ့္ မန္ခ်က္စတာေျမကုိ အခုအခ်ိန္အထိ ဖရက္ဒ္ မသိမ္းပုိက္ႏုိင္ေသးပါဘူး။ ကစားသမားတစ္ဦးကုိ Big Match ေတြမွာ အရန္ခုံထုိင္ခုိင္းတဲ့ ေမာ္ရင္ဟုိရဲ႕ လုပ္ရပ္ကလည္း အဲဒီကစားသမားရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကုိ ခ်ိဳးဖဲ့ေနသလုိပါပဲ။ ၾသဂုတ္လကတည္းက မန္ယူအတြက္ ဖရက္ဒ္ ပဲြထြက္ကစားခဲ့ရတာက (၆)ပဲြပဲရွိၿပီး အဲဒီပဲြေတြမွာလည္း ပဲြခ်ိန္ျပည့္ကစားရတာကလည္း နည္းပါးလြန္းပါတယ္။ သူဟာ ပရီးမီးယားလိဂ္ ကစားဟန္နဲ႔ အသားက်ဖုိ႔ အခ်ိန္ယူရမယ္ဆုိတာ Auto Understood ပါ။ မန္ယူအသင္းအတြက္ ဖရက္ဒ္ရဲ႕ စြမ္းေဆာင္ရည္မွတ္တမ္းကုိ ၾကည့္လုိက္ရေအာင္။

Fred-Playing-Position

Fred-Playing-Position

ဖရက္ဒ္ရဲ႕ ပရီးမီးယားလိဂ္ စြမ္းေဆာင္ရည္မွတ္တမ္း
Appearances: 7 Starts: 6

Minutes: 484

Goals: 1 Assists: 0

Chances created: 7

Total shots: 10 Shots on target: 2

Passes: 352 Successful passes: 308

Passing accuracy: 87.5%

Tackles: 14 Tackles won: 6

Distance: 63.5km Sprints: 32

Fred

Fred

ဒီမွတ္တမ္းကုိ ၾကည့္ရင္ ဖရက္ဒ္ဟာ မန္ယူအတြက္ မွားယြင္းတဲ့ေခၚယူမႈလုိ႔ လုံးလုံးလ်ားလ်ားႀကီး မသတ္မွတ္ႏုိင္ေသးပါဘူး။ သူ႔ရဲ႕ ေဘာလုံးေပးပုိ႔မႈ စြမ္းရည္က (၈၇.၅)ရာခုိင္ႏႈန္းရွိသလုိ အခြင့္အေရး (၇)ႀကိမ္ ဖန္တီးႏုိင္ခဲ့တယ္။ ဒါေပမဲ့ ဂုိးေပါက္ကန္သြင္းမႈ (၁၀)ႀကိမ္မွာ ဂုိးေပါက္တည့္ခ်က္ (၂)ႀကိမ္ ရွိခဲ့တာက တိုက္စစ္စြမ္းေဆာင္ရည္ အားနည္းတယ္လုိ႔ ဆုိရမွာျဖစ္ၿပီး ေဘာလုံးျဖတ္ထုတ္မႈ (၁၄)ႀကိမ္မွာလည္း ေအာင္ျမင္တဲ့ ျဖတ္ထုတ္မႈက (၆)ႀကိမ္သာရွိခဲ့တယ္။ မန္စီးတီးအသင္းရဲ႕ ဘရာဇီးလ္ကြင္းလယ္လူ ဖာနန္ဒင္ဟုိ Fernandinho (ဖရက္ဒ္နဲ႔လည္း ရင္းႏွီးတဲ့သူငယ္ခ်င္း)လုိ ျဖစ္လာဖုိ႔ ေမွ်ာ္လင့္ေနတဲ့ မန္ယူပရိသတ္ေတြကလည္း ဖရက္ဒ္ရဲ႕ စြမ္းေဆာင္ရည္ကုိ အားမလုိအားမရျဖစ္ေနၾကတယ္။ ေသခ်ာတာက မန္ယူအသင္းဟာ ဖရက္ဒ္ကုိ အသင္းအတြက္ မရွိမျဖစ္လုိအပ္လုိ႔ ေခၚခဲ့တာထက္ ၿပိဳင္ဘက္ မန္စီးတီးအသင္းဆီ မေရာက္ေအာင္ ႀကိဳးပမ္းခဲ့တာလုိ႔လည္း သတ္မွတ္ရမယ္။

Fred-Celebration

Fred-Celebration

ေမာ္ရင္ဟုိအေနနဲ႔လည္း ေၾကးႀကီးေပး ေခၚယူထားတဲ့ ကစားသမားတစ္ဦးကုိ အသင္းမွာ လုိက္ေလ်ာညီေထြျဖစ္မယ့္အေျခအေနမ်ိဳး ဖန္တီးေပးသင့္ေနပါၿပီ။ တကယ္လုိ႔ မန္စီးတီးကုိသာ ဖရက္ဒ္ ေျပာင္းေရႊ႕ခဲ့ရင္ သူ႔ရဲ႕ကစားပုံနဲ႔ဆုိ ဘာမွကုိ ေျပာစရာလုိမယ္ မထင္ပါဘူး။ အခုအခ်ိန္မွာေတာ့ ဘရာဇီးလ္ ၾကယ္တစ္ပြင့္ဟာ မန္ခ်က္စတာ လမ္းမထက္မွာ လမ္းေပ်ာက္ေနပါၿပီ။ သူ အျမန္ဆုံး လမ္းေၾကာင္းမွန္ေပၚ ေရာက္ႏုိင္ပါေစလုိ႔ပဲ ဆုေတာင္းရေတာ့မွာပါ . .

REF:dailymail
Photo:Sport360,SepakBola.com,jovempa,UOL Esporte,TheWorldNews,Getty Images,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ချက်စတာလမ်းမပေါ်မှာ လမ်းပျောက်နေတဲ့ ဘရာဇီးလ်က ကြယ်တစ်ပွင့်

မန်စီးတီးရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ပြီး မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့တုန်းက ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ် Fred က အခုလိုပြောခဲ့တယ်။ “မော်ရင်ဟို Mourinho ဟာ ပရော်ဖက်ရှင်နယ် ပီသလွန်းတဲ့ နည်းပြတစ်ဦးပါ။ ကစားသမားတိုင်းက မော်ရင်ဟိုလို အောင်နိုင်သူ နည်းပြတစ်ဦးနဲ့ လက်တွဲလိုကြသူတွေချည်းပါပဲ။ သူ့ဆီက ကျွန်တော် သင်ယူစရာတွေ အများကြီးရှိပါတယ်။ မန်ယူကို ပြောင်းရွှေ့ခဲ့တာကလည်း မော်ရင်ဟိုကြောင့်ပါပဲ။ ကျွန်တော့်ရဲ့ အရည်အသွေးအပေါ် သူ အလေးထားခဲ့တဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်”လို့ ပြောကြားခဲ့တယ်။

Fred-The-Red

Fred-The-Red

အခုအချိန်မှာတော့ ဖရက်ဒ်ဟာ မန်ယူအသင်းရဲ့ အရေးပါတဲ့ပွဲတွေဆိုရင် အရန်ခုံမှာပဲ အချိန်ဖြုန်းနေရပြီး ချယ်လ်ဆီး၊ မန်စီးတီး၊ ဂျူဗင်တပ်စ်တို့နဲ့ပွဲမှာ ကွင်းထဲမှာတောင် ခြေချခွင့် မရခဲ့ဘူး။ မန်ယူအသင်းဆီ ဘာလို့ပြောင်းခဲ့တာလဲလို့ ဖရက်ဒ်ကို အခု မေးရင် အရင်တုန်းကလို ပြန်ဖြေနိုင်ပါဦးမလား။ မန်ယူဟာ ဖရက်ဒ်အတွက် ပေါင်(၅၂)သန်းအထိ အသုံးပြုခဲ့ရပြီး အသင်းသမိုင်းတစ်လျှောက် ပဉ္စမမြောက် ကြေးအကြီးဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

Fred-Manchester-United

Fred-Manchester-United

ကွင်းလယ်မှာ ပေါ့ဘာ Paul Pogba နဲ့ တွဲဖက်ပြီး တိုက်စစ်ကို မောင်းနှင်ကစားနိုင်မယ့်သူအဖြစ် ဖရက်ဒ်ကို ပရိသတ်တွေ မျှော်လင့်ခဲ့ကြပေမယ့် မန်ချက်စတာမြေကို အခုအချိန်အထိ ဖရက်ဒ် မသိမ်းပိုက်နိုင်သေးပါဘူး။ ကစားသမားတစ်ဦးကို Big Match တွေမှာ အရန်ခုံထိုင်ခိုင်းတဲ့ မော်ရင်ဟိုရဲ့ လုပ်ရပ်ကလည်း အဲဒီကစားသမားရဲ့ မျှော်လင့်ချက်တွေကို ချိုးဖဲ့နေသလိုပါပဲ။ သြဂုတ်လကတည်းက မန်ယူအတွက် ဖရက်ဒ် ပွဲထွက်ကစားခဲ့ရတာက (၆)ပွဲပဲရှိပြီး အဲဒီပွဲတွေမှာလည်း ပွဲချိန်ပြည့်ကစားရတာကလည်း နည်းပါးလွန်းပါတယ်။ သူဟာ ပရီးမီးယားလိဂ် ကစားဟန်နဲ့ အသားကျဖို့ အချိန်ယူရမယ်ဆိုတာ Auto Understood ပါ။ မန်ယူအသင်းအတွက် ဖရက်ဒ်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်းကို ကြည့်လိုက်ရအောင်။

Fred-Playing-Position

Fred-Playing-Position

ဖရက်ဒ်ရဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်မှတ်တမ်း
Appearances: 7 Starts: 6

Minutes: 484

Goals: 1 Assists: 0

Chances created: 7

Total shots: 10 Shots on target: 2

Passes: 352 Successful passes: 308

Passing accuracy: 87.5%

Tackles: 14 Tackles won: 6

Distance: 63.5km Sprints: 32

Fred

Fred

ဒီမှတ်တမ်းကို ကြည့်ရင် ဖရက်ဒ်ဟာ မန်ယူအတွက် မှားယွင်းတဲ့ခေါ်ယူမှုလို့ လုံးလုံးလျားလျားကြီး မသတ်မှတ်နိုင်သေးပါဘူး။ သူ့ရဲ့ ဘောလုံးပေးပို့မှု စွမ်းရည်က (၈၇.၅)ရာခိုင်နှုန်းရှိသလို အခွင့်အရေး (၇)ကြိမ် ဖန်တီးနိုင်ခဲ့တယ်။ ဒါပေမဲ့ ဂိုးပေါက်ကန်သွင်းမှု (၁၀)ကြိမ်မှာ ဂိုးပေါက်တည့်ချက် (၂)ကြိမ် ရှိခဲ့တာက တိုက်စစ်စွမ်းဆောင်ရည် အားနည်းတယ်လို့ ဆိုရမှာဖြစ်ပြီး ဘောလုံးဖြတ်ထုတ်မှု (၁၄)ကြိမ်မှာလည်း အောင်မြင်တဲ့ ဖြတ်ထုတ်မှုက (၆)ကြိမ်သာရှိခဲ့တယ်။ မန်စီးတီးအသင်းရဲ့ ဘရာဇီးလ်ကွင်းလယ်လူ ဖာနန်ဒင်ဟို Fernandinho (ဖရက်ဒ်နဲ့လည်း ရင်းနှီးတဲ့သူငယ်ချင်း)လို ဖြစ်လာဖို့ မျှော်လင့်နေတဲ့ မန်ယူပရိသတ်တွေကလည်း ဖရက်ဒ်ရဲ့ စွမ်းဆောင်ရည်ကို အားမလိုအားမရဖြစ်နေကြတယ်။ သေချာတာက မန်ယူအသင်းဟာ ဖရက်ဒ်ကို အသင်းအတွက် မရှိမဖြစ်လိုအပ်လို့ ခေါ်ခဲ့တာထက် ပြိုင်ဘက် မန်စီးတီးအသင်းဆီ မရောက်အောင် ကြိုးပမ်းခဲ့တာလို့လည်း သတ်မှတ်ရမယ်။

Fred-Celebration

Fred-Celebration

မော်ရင်ဟိုအနေနဲ့လည်း ကြေးကြီးပေး ခေါ်ယူထားတဲ့ ကစားသမားတစ်ဦးကို အသင်းမှာ လိုက်လျောညီထွေဖြစ်မယ့်အခြေအနေမျိုး ဖန်တီးပေးသင့်နေပါပြီ။ တကယ်လို့ မန်စီးတီးကိုသာ ဖရက်ဒ် ပြောင်းရွှေ့ခဲ့ရင် သူ့ရဲ့ကစားပုံနဲ့ဆို ဘာမှကို ပြောစရာလိုမယ် မထင်ပါဘူး။ အခုအချိန်မှာတော့ ဘရာဇီးလ် ကြယ်တစ်ပွင့်ဟာ မန်ချက်စတာ လမ်းမထက်မှာ လမ်းပျောက်နေပါပြီ။ သူ အမြန်ဆုံး လမ်းကြောင်းမှန်ပေါ် ရောက်နိုင်ပါစေလို့ပဲ ဆုတောင်းရတော့မှာပါ . .

REF:dailymail
Photo:Sport360,SepakBola.com,jovempa,UOL Esporte,TheWorldNews,Getty Images,Twitter
Naing Linn(Akhayar)
www.akhayar.com