[Zawgyi]

မန္ယူအသင္းန႔ဲ ေဆးစစ္မႈ ခံယူဖုိ႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကုိ ေရာက္ရွိလာတဲ့ ဖရက္ဒ္ Fred

ရွက္တာဒုိးနက္အသင္းရဲ႕ ဘရာဇီးလ္လက္ေရြးစင္ကြင္းလယ္လူ ဖရက္ဒ္ Fred ဟာ မန္ယူအသင္းနဲ႔ ေဆးစစ္မႈ ခံယူဖုိ႔အတြက္ တနလၤာေန႔ မနက္ပုိင္းက ကာရင္တန္ေလ့က်င့္ေရးကြင္းကုိ ေရာက္ရွိလာၿပီျဖစ္ပါတယ္။ မန္ယူအသင္းဟာ ဖရက္ဒ္ ကုိ ေခၚယူဖုိ႔ ၿပီးခဲ့တဲ့ရက္ပုိင္းကတည္းက ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး မၾကာခင္ စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ဖုိ႔ ရွိေနပါၿပီ။ မန္ယူအသင္းအေနနဲ႕ ဖရက္ဒ္အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္(၅၂)သန္း ေပးေခ်သြားဖုိ႔ ရွိေနၿပီး အခုေႏြရာသီမွာ မန္ယူအသင္း ပထမဆုံးေခၚယူမယ့္ ကစားသမားျဖစ္လာမွာပါ။

အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဖရက္ဒ္ကို ရွက္တာဒုိးနက္အသင္းဟာ ၂၀၁၃ ခုႏွစ္တုန္းက ယူ႐ုိ(၁၅)သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကစလုိ႔ အသင္းမွာ ပုံမွန္ကစားခြင့္ရခဲ့တယ္။ ရွက္တာဒုိးနက္အသငး္နဲ႔ အတူ အမွတ္ေပးခ်န္ပီယံ(၂)ႀကိမ္၊ ယူကရိန္းဖလား(၂)ႀကိမ္၊ ယူကရိန္းစူပါဖလား (၃)ႀကိမ္ ဆြတ္ခူးခဲ့ၿပီး ခ်န္ပီယံလိဂ္၊ ယူ႐ုိပါလိဂ္ဖလားၿပိဳင္ပဲြေတြမွာ ပါ၀င္ဆင္ႏႊဲခဲ့ပါတယ္။ ၂၀၁၅ ခုႏွစ္တုန္းက ဘရာဇီးလ္အသင္းနဲ႔အ တူ ကုိပါအေမရိကဖလားၿပိဳင္ပဲြ ဆင္ႏႊဲခြင့္ရခဲ့ေပမယ့္ တားျမစ္ေဆးက်႐ႈံးခဲ့တာေၾကာင့္ ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ၀က္ပဲြစဥ္ေတြကုိ လဲြေခ်ာ္ခဲ့တယ္။

Fred-in-action-with-Eliaquim-Mangala-earlier-in-the-season

Fred-in-action-with-Eliaquim-Mangala-earlier-in-the-season

ပဲြပယ္ျပစ္ဒဏ္ခ်မွတ္ခံရေပမယ့္လည္း ဖရက္ဒ္ရဲ႕ ေျခစြမ္းေျခစေၾကာင့္ ဥေရာပထိပ္သီးအသင္းေတြရဲ႕ ပစ္မွတ္ထားျခင္းခံခဲ့ရၿပီး မန္စီးတီးအသင္းက သူ႔ကုိ ေခၚယူဖုိ႔ ႀကိဳးပမ္းခဲ့ဖူးေပမယ့္ အေျပာင္းအေရႊ႕ျဖစ္မလာခဲ့ပါဘူး။ ဖရက္ဒ္ရဲ႕အရည္အေသြးက ဘယ္ေျခညာေျခ မေရြး ကစားႏုိင္တာျဖစ္ၿပီး ၿပိဳင္ဘက္ခံစစ္ ၿပိဳဆင္းသြားေအာင္ တိက်တဲ့ ေဘာလုံးေပးပုိ႔ႏုိင္စြမ္းရွိ႐ုံသာမက ခံစစ္ ဖ႐ုိဖရဲျဖစ္သြားေအာင္ ေဘာလုံးဆဲြေျပးၿပီး တုိက္စစ္ဆင္တတ္သူလည္းျဖစ္ပါတယ္။

မန္ယူအသင္းနည္းျပေမာ္ရင္ဟုိ Mourinho ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ မစခင္ ဖရက္ဒ္ကုိ စာခ်ဳပ္ခ်ဳပ္ဆုိႏုိင္ဖုိ႔ ဆႏၵျပင္းျပေနၿပီး မန္ယူအသင္းမွာ ေဆးစစ္မႈခံယူဖုိ႔ ဘရာဇီးလ္အသငး္တာ၀န္ရွိသူေတြက ဖရက္ဒ္ကုိ ခြင့္ျပဳခဲ့တယ္လုိ႔လည္း ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

REF:The Sun
Photo: Twitter,The Sun
Naing Linn(Akhayar)

[Unicode]

မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူဖို့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာတဲ့ ဖရက်ဒ် Fred

ရှက်တာဒိုးနက်အသင်းရဲ့ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ဖရက်ဒ် Fred ဟာ မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူဖို့အတွက် တနင်္လာနေ့ မနက်ပိုင်းက ကာရင်တန်လေ့ကျင့်ရေးကွင်းကို ရောက်ရှိလာပြီဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဖရက်ဒ် ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ကြိုးပမ်းခဲ့တာဖြစ်ပြီး မကြာခင် စာချုပ်ချုပ်ဆိုနိုင်ဖို့ ရှိနေပါပြီ။ မန်ယူအသင်းအနေနဲ့ ဖရက်ဒ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၅၂)သန်း ပေးချေသွားဖို့ ရှိနေပြီး အခုနွေရာသီမှာ မန်ယူအသင်း ပထမဆုံးခေါ်ယူမယ့် ကစားသမားဖြစ်လာမှာပါ။

အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖရက်ဒ်ကို ရှက်တာဒိုးနက်အသင်းဟာ ၂၀၁၃ ခုနှစ်တုန်းက ယူရို(၁၅)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အဲဒီအချိန်ကစလို့ အသင်းမှာ ပုံမှန်ကစားခွင့်ရခဲ့တယ်။ ရှက်တာဒိုးနက်အသင်းနဲ့ အတူ အမှတ်ပေးချန်ပီယံ(၂)ကြိမ်၊ ယူကရိန်းဖလား(၂)ကြိမ်၊ ယူကရိန်းစူပါဖလား (၃)ကြိမ် ဆွတ်ခူးခဲ့ပြီး ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ဖလားပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဘရာဇီးလ်အသင်းနဲ့အ တူ ကိုပါအမေရိကဖလားပြိုင်ပွဲ ဆင်နွှဲခွင့်ရခဲ့ပေမယ့် တားမြစ်ဆေးကျရှုံးခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ပြီး ပြီးခဲ့တဲ့ရာသီဝက်ပွဲစဉ်တွေကို လွဲချော်ခဲ့တယ်။

Fred-in-action-with-Eliaquim-Mangala-earlier-in-the-season

Fred-in-action-with-Eliaquim-Mangala-earlier-in-the-season

ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရပေမယ့်လည်း ဖရက်ဒ်ရဲ့ ခြေစွမ်းခြေစကြောင့် ဥရောပထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပြီး မန်စီးတီးအသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမယ့် အပြောင်းအရွှေ့ဖြစ်မလာခဲ့ပါဘူး။ ဖရက်ဒ်ရဲ့အရည်အသွေးက ဘယ်ခြေညာခြေ မရွေး ကစားနိုင်တာဖြစ်ပြီး ပြိုင်ဘက်ခံစစ် ပြိုဆင်းသွားအောင် တိကျတဲ့ ဘောလုံးပေးပို့နိုင်စွမ်းရှိရုံသာမက ခံစစ် ဖရိုဖရဲဖြစ်သွားအောင် ဘောလုံးဆွဲပြေးပြီး တိုက်စစ်ဆင်တတ်သူလည်းဖြစ်ပါတယ်။

မန်ယူအသင်းနည်းပြမော်ရင်ဟို Mourinho ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မစခင် ဖရက်ဒ်ကို စာချုပ်ချုပ်ဆိုနိုင်ဖို့ ဆန္ဒပြင်းပြနေပြီး မန်ယူအသင်းမှာ ဆေးစစ်မှုခံယူဖို့ ဘရာဇီးလ်အသင်းတာဝန်ရှိသူတွေက ဖရက်ဒ်ကို ခွင့်ပြုခဲ့တယ်လို့လည်း ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

REF:The Sun
Photo: Twitter,The Sun
Naing Linn(Akhayar)