ဒီေန႔ကေတာ့ ႏုိင္ငံတကာမွာ Frankenstein Day လို႔ သတ္မွတ္ထားတဲ့ ေန႔ျဖစ္ပါတယ္။ Frankenstein ဆိုတာကေတာ့ အဂၤလိပ္လူမ်ိဳး စာေရးဆရာမ Mary Shelley ရဲ့ Frankenstein သို႔မဟုတ္ The Modern Prometheus ဆိုတဲ့ ဝတၳဳထဲက အဓိကဇာတ္ေကာင္ျဖစ္ပါတယ္။ ဒီဝတၳဳထဲမွာေတာ့ လူငယ္သိပၸံပညာရွင္ Victor Frankenstein ရဲ့ အေၾကာင္းကို ေရးသားထားပါတယ္။ Victor Frankenstein ဟာ ေရွးရုိးစဥ္လာအတုိင္းမဟုတ္တဲ့ သိပၸံစမ္းသပ္ခ်က္ေတြနဲ႔ အသိဥာဏ္ရွိေပမယ့္ ပံုပ်က္ပန္းပ်က္ျဖစ္ေနတဲ့ လူလိုအရာကို ဖန္တီးခဲ့တဲ့သူျဖစ္ပါတယ္။

ဒီဝတၳဳကို ေရးသားတဲ့ Mary ရဲ့ ေမြးေန႔ ၾသဂုတ္လ ၃၀ ရက္ ၁၇၉၇ ေန႔ကို အစြဲျပဳဂုဏ္ျပဳျပီး Frankenstein Day လို႔ ေခၚၾကတာပါ။ Mary ဟာ ဒီဝတၳဳကို သူမ အသက္ ၁၈ႏွစ္မွာ စတင္ေရးသားခဲ့ျပီး သူမအသက္ ၂၀မွာ ထုတ္ေဝခဲ့ပါတယ္။

ဒီဝတၳဳအစပ်ိဳးလာပံုကေတာ့ Mary ရဲ့ ခင္ပြန္းေလာင္း Percy Shelley အပါအဝင္ တျခားမိတ္ေဆြေတြဟာ ဘယ္သူက ေၾကာက္စရာအေကာင္းဆံုးဝတၳဳေရးႏုိင္မလဲဆိုတာကို ဝိုင္းဝန္းဆြးေႏြးခဲ့ၾကပါတယ္။ ေဆြးေႏြးျပီး ရက္အနည္းငယ္အၾကာမွာ Mary Shelly ဟာ အသက္သြင္းထားတဲ့ သတၱဝါတစ္ခုကို ဖန္တီးလိုက္တဲ့ သိပၸံပညာရွင္တစ္ေယာက္နဲ႔ အဲဒီအရာကပဲ သူ႔ကို ဒုကၡေပးပံုကို အိပ္မက္မက္ခဲ့ျပီး အဲဒီအိပ္မက္ကပဲ သူ႔ဝတၳဳရဲ့ ဇာတ္လမ္းျဖစ္လာခဲ့တာပါ။

Frankenstein ဝတၳဳဟာ Gothic Novel အမ်ိဳးအစားထဲမွာ ပါဝင္ျပီး စိတ္ကူးယဥ္သိပၸံဇာတ္လမ္းေတြရဲ့ အေစာပိုင္းလို႔လည္း ေျပာလို႔ ရပါတယ္။ ဒီဝတၳဳဟာ အရမ္းကို ေအာင္ျမင္ခဲ့ျပီး ဘယ္ေလာက္ေတာင္ ေအာင္ျမင္သလဲဆိုရင္ Victor Frankenstein ရဲ့ အေၾကာင္းကို အေျခခံျပီး ဆင့္ပြားျပီး ရုိက္ကူးခဲ့တဲ့ ရုပ္ရွင္နဲ႔ ရုပ္ျမင္သံၾကားဇာတ္လမ္းတင္ ဇာတ္ကားေပါင္း ၅၀ ေလာက္နီးပါးရွိခဲ့ပါျပီ။

Frankenstein Day ကို သူမ်ားေတြ ဘယ္လိုဆင္ႏႊဲၾကလဲဆုိေတာ့ ဒီေန႔မွာ Frankenstein ဝတၳဳတစ္အုပ္ဖတ္ျပီး အခ်ိန္ျဖဳန္းတာတို႔၊ Frankenstein အေၾကာင္းရိုက္ထားတဲ့ ရုပ္ရွင္ေတြ ၾကည့္တာတို႔၊ Frankenstein Theme နဲ႔ ပါတီပြဲဆင္ႏႊဲတာတို႔ လုပ္ေလ့ရွိၾကပါတယ္လို႔ ဗဟုသုတအလို႔ငွာ ေဝမွ်ေပးလိုက္ပါတယ္ခင္ဗ်ာ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Time and Date, Days of the Year, Wikipedia, Holiday Insights

HGID_KV_Ads_Square-42

Unicode

ဒီနေ့ကတော့ နိုင်ငံတကာမှာ Frankenstein Day လို့ သတ်မှတ်ထားတဲ့ နေ့ဖြစ်ပါတယ်။ Frankenstein ဆိုတာကတော့ အင်္ဂလိပ်လူမျိုး စာရေးဆရာမ Mary Shelley ရဲ့ Frankenstein သို့မဟုတ် The Modern Prometheus ဆိုတဲ့ ဝတ္ထုထဲက အဓိကဇာတ်ကောင်ဖြစ်ပါတယ်။ ဒီဝတ္ထုထဲမှာတော့ လူငယ်သိပ္ပံပညာရှင် Victor Frankenstein ရဲ့ အကြောင်းကို ရေးသားထားပါတယ်။ Victor Frankenstein ဟာ ရှေးရိုးစဉ်လာအတိုင်းမဟုတ်တဲ့ သိပ္ပံစမ်းသပ်ချက်တွေနဲ့ အသိဉာဏ်ရှိပေမယ့် ပုံပျက်ပန်းပျက်ဖြစ်နေတဲ့ လူလိုအရာကို ဖန်တီးခဲ့တဲ့သူဖြစ်ပါတယ်။

ဒီဝတ္ထုကို ရေးသားတဲ့ Mary ရဲ့ မွေးနေ့ သြဂုတ်လ ၃၀ ရက် ၁၇၉၇ နေ့ကို အစွဲပြုဂုဏ်ပြုပြီး Frankenstein Day လို့ ခေါ်ကြတာပါ။ Mary ဟာ ဒီဝတ္ထုကို သူမ အသက် ၁၈နှစ်မှာ စတင်ရေးသားခဲ့ပြီး သူမအသက် ၂၀မှာ ထုတ်ဝေခဲ့ပါတယ်။

ဒီဝတ္ထုအစပျိုးလာပုံကတော့ Mary ရဲ့ ခင်ပွန်းလောင်း Percy Shelley အပါအဝင် တခြားမိတ်ဆွေတွေဟာ ဘယ်သူက ကြောက်စရာအကောင်းဆုံးဝတ္ထုရေးနိုင်မလဲဆိုတာကို ဝိုင်းဝန်းဆွးနွေးခဲ့ကြပါတယ်။ ဆွေးနွေးပြီး ရက်အနည်းငယ်အကြာမှာ Mary Shelly ဟာ အသက်သွင်းထားတဲ့ သတ္တဝါတစ်ခုကို ဖန်တီးလိုက်တဲ့ သိပ္ပံပညာရှင်တစ်ယောက်နဲ့ အဲဒီအရာကပဲ သူ့ကို ဒုက္ခပေးပုံကို အိပ်မက်မက်ခဲ့ပြီး အဲဒီအိပ်မက်ကပဲ သူ့ဝတ္ထုရဲ့ ဇာတ်လမ်းဖြစ်လာခဲ့တာပါ။

Frankenstein ဝတ္ထုဟာ Gothic Novel အမျိုးအစားထဲမှာ ပါဝင်ပြီး စိတ်ကူးယဉ်သိပ္ပံဇာတ်လမ်းတွေရဲ့ အစောပိုင်းလို့လည်း ပြောလို့ ရပါတယ်။ ဒီဝတ္ထုဟာ အရမ်းကို အောင်မြင်ခဲ့ပြီး ဘယ်လောက်တောင် အောင်မြင်သလဲဆိုရင် Victor Frankenstein ရဲ့ အကြောင်းကို အခြေခံပြီး ဆင့်ပွားပြီး ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားဇာတ်လမ်းတင် ဇာတ်ကားပေါင်း ၅၀ လောက်နီးပါးရှိခဲ့ပါပြီ။

Frankenstein Day ကို သူများတွေ ဘယ်လိုဆင်နွှဲကြလဲဆိုတော့ ဒီနေ့မှာ Frankenstein ဝတ္ထုတစ်အုပ်ဖတ်ပြီး အချိန်ဖြုန်းတာတို့၊ Frankenstein အကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တွေ ကြည့်တာတို့၊ Frankenstein Theme နဲ့ ပါတီပွဲဆင်နွှဲတာတို့ လုပ်လေ့ရှိကြပါတယ်လို့ ဗဟုသုတအလို့ငှာ ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ။