ချယ်လ်ဆီးအသင်းနည်းပြ လမ်းပတ် Frank Lampard က လူငယ်ကစားသမားတွေရဲ့ အားနဲ့ ဥရောပစူပါဖလားကို ယူပြသွားမယ်လို့ ကြုံးဝါးပြောဆိုလိုက်ပါပြီ။ ပြီးခဲ့တဲ့ရာသီ ယူရိုပါလိဂ်ချန်ပီယံ ချယ်လ်ဆီးအသင်းဟာ ၂၀၁၉ ဥရောပစူပါဖလားပွဲအဖြစ် မြန်မာစံတော်ချိန် ကြာသပတေး မနက်(၁း၃၀)အချိန်မှာ လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အခုလောလောဆယ် ရေပန်းစားမှုအရ လီဗာပူးလ်အသင်းက ဖလားရဖို့ အခြေအနေပိုကောင်းနေပါတယ်။ ဒါပေမဲ့လည်း လမ်းပတ်ကတော့ သူ့အသင်းက လူငယ်ကစားသမာတွေရဲ့ ခြေစွမ်းကို အပြည့်အ၀ယုံကြည်ထားတာကြောင့် လီဗာပူးလ်ကို အနိုင်ကစားမယ်လို့ ကြုံးဝါးခဲ့တာပါ။

မန်ယူအသင်းကို (၄)ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ အေဘရာဟမ် Tammy Abraham ၊ မေဆင်မောင့် Mason Mount ၊ ခရစ္စတန်ဆန် Andreas Christensen တို့လို ကစားသမားတွေကို ပွဲထွက်အသုံးပြုခဲ့တဲ့အတွက် ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟို Jose Mourinho က လမ်းပတ်ကို ပြစ်တင်ဝေဖန်မှုတွေ လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ လမ်းပတ်က” အတွေ့အကြုံရှိတာ၊ မရှိတာထက် ကျွန်တော်ကတော့ နိုင်ပွဲရဖို့အတွက် အကောင်းဆုံးလူစာရင်းကို ရွေးချယ်တာဖြစ်ပြီး အသက်အရွယ်ကို ဦးစားမပေးပါဘူး။ တကယ်လို့ လေ့ကျင့်ခန်းအစီအစဉ်မှာ လူငယ်ကစားသမားတစ်ဦး အကောင်းဆုံးကစားနိုင်ရင် သူ့ကို အခွင့်အရေးပေးရမယ်ဆိုတာ အသအေချာပါပဲ။ ဥပမာပြောရရင် မေဆင်မောင့်ဟာ အသက်နဲ့မလိုက်အောင် ခြေစွမ်းပြကစားနိုင်တာကြောင့် သူဟာ ပွဲထွက်ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ လူငယ်ကစားသမားတွေကို အသုံးပြုဖို့ ကျွန်တော် ဘယ်တော့မှကြောက်ရွံ့နေမှာ မဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ လီဗာပူးလ်နဲ့ ပွဲကျပ်ကစားပြီးရင် လက်စတာ၊ နောဝစ်ခ်ျ၊ ရှက်ဖီးယူနိုက်တက်၊ ၀ုလ်ဗ်တို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဆက်လက်ကစားရမှာဖြစ်ပါတယ်။

REF:The Sun
Photo:Chelsea Facebook
Naing Linn(Akhayar)
www.akhayar.com