[Zawgyi]

နည္းျပဘ၀အစကုိ ႏုိင္ပဲြနဲ႔ ဖြင့္လွစ္ႏုိင္ခဲ့တဲ့ လမး္ပတ္ Lampard

အဂၤလန္လိဂ္ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းနည္းျပအျဖစ္ ေဆာင္ရြက္ေနတဲ့ ခ်ယ္လ္ဆီးနဲ႔အဂၤလန္ နာမည္ေက်ာ္ကစားသမားေဟာင္း လမး္ပတ္ Lampard ဟာ သူ႔ရဲ႕နည္းျပဘ၀ပထမဆုံးပဲြကုိ ႏုိင္ပဲြနဲ႔ စတင္ဖြင့္လွစ္ခဲ့တယ္။ ၂၀၁၈-၁၉ ရာသီ အဂၤလန္လိဂ္ခ်န္ပီယံရွစ္အဖြင့္ပဲြအျဖစ္ ၿပီးခဲ့တဲ့ေသာၾကာေန႔က ရက္ဒင္းနဲ႔ကစားခဲ့တဲ့ပဲြမွာ လမ္းပတ္ရဲ႕ ဒါဘီအသင္းဟာ (၁)ဂုိးအ႐ႈံးကေန (၂-၁)ဂုိးနဲ႔ ျပန္အႏုိင္ယူၿပီး (၃)မွတ္ စတင္ရရွိခဲ့တယ္။ အဲဒီပဲြအၿပီးမွာ လမ္းပတ္က နည္းျပအဖဲြ႕ေတြ၊ ကစားသမားေတြနဲ႔အတူ ဒီေန႔မနက္ပုိင္းအထိ အႀကီးအက်ယ္ေအာင္ပဲြခံခဲ့တယ္လုိ႔ သိရပါတယ္။

Lampard-Celebrate

Lampard-Celebrate

ကစားသမားဘ၀မွာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ ပရီးမီးယားလိဂ္၊ ခ်န္ပီယံလိဂ္၊ FA ဖလား၊ ယူ႐ုိပါလိဂ္ အပါအ၀င္ ဆုဖလားအမ်ားႀကီးရယူခဲ့တဲ့ လမ္းပတ္အတြက္လည္း နည္းျပဘ၀ကုိ ႏုိင္ပဲြနဲ႔စတင္ခဲ့တ့ဲတာေၾကာင့္ ေက်နပ္စရာျဖစ္ခဲ့ရၿပီး သူက ဘုိင္ယန္ကုိ အႏုိင္ယူခဲ့တဲ့ ခ်န္ပီယံလိဂ္ဗုိလ္လုပဲြတုန္းကလုိ ခံစားမိခဲ့ရတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့တယ္။ လမ္းပတ္က”လာမယ့္အပတ္တိုင္း ႏုိင္ပဲြရဖုိ႔ဆုိတာ မျဖစ္ႏုိင္မယ့္ ကၽြန္ေတာ္သိေပမယ့္ အခုအခ်ိန္မွာေတာ့ ကၽြန္ေတာ္တို႔ အားလုံးအားရေက်နပ္ေနၾကပါတယ္။ ေန႔ရက္တိုင္းမွာ အေကာင္းဆုံး ႀကိဳးစားခဲ့ၾကၿပီး ကုိယ္ကုိင္တြယ္ထားတဲ့အသင္းအတြက္ တာ၀န္ယူမႈအျပည့္အ၀ရွိသလုိ ပထမဆုံးပဲြမွာ ကၽြန္ေတာ္တုိ႔ လုိခ်င္တဲ့ရလဒ္ကို ရယူႏုိင္ခ့ဲတာဟာ ဂုဏ္ယူစရာပါ”လုိ႔ ေျပာၾကားခဲ့တယ္။

REF:The Sun
Photo:10z Soccer,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နည်းပြဘဝအစကို နိုင်ပွဲနဲ့ ဖွင့်လှစ်နိုင်ခဲ့တဲ့ လမ်းပတ် Lampard

အင်္ဂလန်လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းနည်းပြအဖြစ် ဆောင်ရွက်နေတဲ့ ချယ်လ်ဆီးနဲ့အင်္ဂလန် နာမည်ကျော်ကစားသမားဟောင်း လမ်းပတ် Lampard ဟာ သူ့ရဲ့နည်းပြဘဝပထမဆုံးပွဲကို နိုင်ပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့တယ်။ ၂၀၁၈-၁၉ ရာသီ အင်္ဂလန်လိဂ်ချန်ပီယံရှစ်အဖွင့်ပွဲအဖြစ် ပြီးခဲ့တဲ့သောကြာနေ့က ရက်ဒင်းနဲ့ကစားခဲ့တဲ့ပွဲမှာ လမ်းပတ်ရဲ့ ဒါဘီအသင်းဟာ (၁)ဂိုးအရှုံးကနေ (၂-၁)ဂိုးနဲ့ ပြန်အနိုင်ယူပြီး (၃)မှတ် စတင်ရရှိခဲ့တယ်။ အဲဒီပွဲအပြီးမှာ လမ်းပတ်က နည်းပြအဖွဲ့တွေ၊ ကစားသမားတွေနဲ့အတူ ဒီနေ့မနက်ပိုင်းအထိ အကြီးအကျယ်အောင်ပွဲခံခဲ့တယ်လို့ သိရပါတယ်။

Lampard-Celebrate

Lampard-Celebrate

ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ယူရိုပါလိဂ် အပါအဝင် ဆုဖလားအများကြီးရယူခဲ့တဲ့ လမ်းပတ်အတွက်လည်း နည်းပြဘဝကို နိုင်ပွဲနဲ့စတင်ခဲ့တဲ့တာကြောင့် ကျေနပ်စရာဖြစ်ခဲ့ရပြီး သူက ဘိုင်ယန်ကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတုန်းကလို ခံစားမိခဲ့ရတယ်လို့ ဖွင့်ဟပြောဆိုခဲ့တယ်။ လမ်းပတ်က”လာမယ့်အပတ်တိုင်း နိုင်ပွဲရဖို့ဆိုတာ မဖြစ်နိုင်မယ့် ကျွန်တော်သိပေမယ့် အခုအချိန်မှာတော့ ကျွန်တော်တို့ အားလုံးအားရကျေနပ်နေကြပါတယ်။ နေ့ရက်တိုင်းမှာ အကောင်းဆုံး ကြိုးစားခဲ့ကြပြီး ကိုယ်ကိုင်တွယ်ထားတဲ့အသင်းအတွက် တာဝန်ယူမှုအပြည့်အဝရှိသလို ပထမဆုံးပွဲမှာ ကျွန်တော်တို့ လိုချင်တဲ့ရလဒ်ကို ရယူနိုင်ခဲ့တာဟာ ဂုဏ်ယူစရာပါ”လို့ ပြောကြားခဲ့တယ်။

REF:The Sun
Photo:10z Soccer,Goal.com
Naing Linn(Akhayar)
www.akhayar.com