[Zawgyi]

လမ္းပတ္ Lampard ရဲ႕ အုိးလ္ထရက္ဖုိ႔ဒ္ အျပန္ခရီးက ခ်ိဳၿမိန္ခဲ့တယ္

အုိးလ္ထရက္ဒ္ဖုိ႔ ကြင္းဆုိတာက ေဘာလုံးသမားဘ၀မွာ ၿပိဳင္ဘက္အျဖစ္ လမ္းပတ္ Lampard ခဏခဏ ေျခခ်ခဲ့တဲ့ ေနရာ။ ၿပိဳင္ဘက္ဘ၀မွာ အုိးလ္ထရက္ဖုိ႔ဒ္ကြင္းက လမ္းပတ္အတြက္ ေအာင္ေျမတစ္ခု မဟုတ္ခဲ့ေပမယ့္ နည္းျပဘ၀မွာေတာ့ ခ်ိဳၿမိန္တဲ့ ေအာင္ပဲြရယူႏုိင္ခဲ့ၿပီ။ ပုိၿပီး အားရစရာေကာင္းတာက ဒါဘီလုိအသင္းမ်ိဳးကုိ ကုိင္တြယ္ၿပီး မန္ယူကုိ အႏုိင္ရခဲ့တာ၊ သူနဲ႔ ႏွစ္ေပါင္းမ်ားစြာ လက္တဲြခဲ့ဖူးတဲ့ ဆရာေဟာင္း ေမာ္ရင္ဟုိ Mourinho ကုိ အႏုိင္ရခဲ့တာေတြပါပဲ။

Lampard-and-Mourinho-At-Chelsea

Lampard-and-Mourinho-At-Chelsea

ေဘာလုံးသမားဘ၀မွာ အသင္း(၃)သင္းနဲ႔အတူ အုိးလ္ထရက္ဖုိ႔ဒ္ကြင္းကုိ လမ္းပတ္ ေျခခ်ခဲ့ဖူးတယ္။ ၀က္စ္ဟမ္း၊ ခ်ယ္လ္ဆီး၊ မန္စီးတီးအသင္းေတြနဲ႔ေပါ့။ စုစုေပါင္း (၂၂)ပဲြကစားခဲ့ၿပီး (၆)ပဲြသာ အႏုိင္ရခဲ့တယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔တုန္းက ကစားခဲ့တဲ့ လိဂ္ဖလားပဲြမွာ နည္းျပဘ၀ ပထမဆုံးအုိးလ္ထရက္ဖုိ႔ဒ္ပဲြအျဖစ္ ဒါဘီအသင္းနဲ႔အတူ လမ္းပတ္တို႔ တပ္ဖဲြ႕က မန္ယူရဲ႕ကြင္းဆီ ခ်ီတက္လာခဲ့ၿပီး ပယ္နယ္တီအဆုံးအျဖတ္နဲ႔ အႏုိင္ယူခဲ့တာကုိလည္း ပရိသတ္ေတြ သိၿပီးသားျဖစ္မွာပါ။

Mourinho-and-Lampard

Mourinho-and-Lampard

ဒီႏုိင္ပဲြဟာ လမ္းပတ္အတြက္ အႀကီးမားဆုံး ေအာင္ပဲြလုိ႔ သတ္မွတ္ႏုိင္သလုိ ေမာ္ရင္ဟုိအတြက္ေတာ့ ဖိအားေတြ ထပ္တိုးခဲ့ရတဲ့ပဲြျဖစ္ခဲ့ပါတယ္။ လမး္ပတ္ဟာ ဒီရာသီအစမွာ ဒါဘီအသင္းနဲ႔အတူ နည္းျပဘ၀ စာမ်က္ႏွာကုိ စတင္ဖြင့္လွစ္ခဲ့သူျဖစ္ၿပီး အခုႏုိင္ပဲြက ေရွ႕ဆက္ရမယ့္ ခရီးလမ္းအတြက္ အင္အားတစ္ခုပါပဲ။ အခုေလာေလာဆယ္ လမး္ပတ္ရဲ႕ ဒါဘီအသင္းဟာ လိဂ္ခ်န္ပီယံရွစ္မွာ အဆင့္(၆)ေနရာသာ ရွိေနေပမယ့္ ထိပ္ဆုံးက အသင္းနဲ႔ (၂)မွတ္သာ ကြာဟေနတာပါ။ ကစားသမားဘ၀မွာ ခ်ယ္လ္ဆီးအသင္းနဲ႔အတူ သမုိင္း၀င္ ေအာင္ျမင္မႈေတြ ရယူခဲ့တဲ့ လမ္းပတ္ နည္းျပဘ၀မွာေရာ ေအာင္ျမင္မႈ ပန္းတိုင္ကုိ ေလွ်ာက္လွမ္းႏုိင္မလားဆုိတာေတာ့ . . . .

Lampard-and-Derby-Players-Celebrate

Lampard-and-Derby-Players-Celebrate

အုိးလ္ထရက္ဒ္ဖုိ႔ကြင္းမွာ ကစားဘ၀ လမ္းပတ္ရဲ႕ မွတ္တမ္း
A West Ham United Manchester United 2:1
A West Ham United Manchester United 4:1
A West Ham United Manchester United 7:1
A West Ham United Manchester United 3:1
A West Ham United Manchester United 0:1 W
A Chelsea FC Manchester United 2:2
A Chelsea FC Manchester United 1:2 W
A Chelsea FC Manchester United 0:3 W
A Chelsea FC Manchester United 2:1
A Chelsea FC Manchester United 1:1
A Chelsea FC Manchester United 1:3 W
A Chelsea FC Manchester United 1:0
A Chelsea FC Manchester United 1:1
A Chelsea FC Manchester United 2:0
A Chelsea FC Manchester United 3:0
A Chelsea FC Manchester United 1:2 W
A Chelsea FC Manchester United 2:1
A Chelsea FC Manchester United 3:1
A Chelsea FC Manchester United 0:1 W
A Chelsea FC Manchester United 0:0
A Chelsea FC Manchester United 2:1
A Manchester City Manchester United 4:2

ၿပိဳင္ပဲြစုံမွာ မန္ယူနဲ႔ ဆုံေတြ႕ခဲ့တဲ့ လမ္းပတ္ရဲ႕ မွတ္တမ္း

Lampard-Record-against-Manchester-United

Lampard-Record-against-Manchester-United

(အခ်က္အလက္မ်ားကုိ transfermarkt.com မွ ရယူထားျခင္းျဖစ္ပါသည္)
Photo:Ghanamma,The Independent,TheWorldNews.net,in.reuters,Getty Images
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လမ်းပတ် Lampard ရဲ့ အိုးလ်ထရက်ဖို့ဒ် အပြန်ခရီးက ချိုမြိန်ခဲ့တယ်

အိုးလ်ထရက်ဒ်ဖို့ ကွင်းဆိုတာက ဘောလုံးသမားဘဝမှာ ပြိုင်ဘက်အဖြစ် လမ်းပတ် Lampard ခဏခဏ ခြေချခဲ့တဲ့ နေရာ။ ပြိုင်ဘက်ဘဝမှာ အိုးလ်ထရက်ဖို့ဒ်ကွင်းက လမ်းပတ်အတွက် အောင်မြေတစ်ခု မဟုတ်ခဲ့ပေမယ့် နည်းပြဘဝမှာတော့ ချိုမြိန်တဲ့ အောင်ပွဲရယူနိုင်ခဲ့ပြီ။ ပိုပြီး အားရစရာကောင်းတာက ဒါဘီလိုအသင်းမျိုးကို ကိုင်တွယ်ပြီး မန်ယူကို အနိုင်ရခဲ့တာ၊ သူနဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း မော်ရင်ဟို Mourinho ကို အနိုင်ရခဲ့တာတွေပါပဲ။

Lampard-and-Mourinho-At-Chelsea

Lampard-and-Mourinho-At-Chelsea

ဘောလုံးသမားဘဝမှာ အသင်း(၃)သင်းနဲ့အတူ အိုးလ်ထရက်ဖို့ဒ်ကွင်းကို လမ်းပတ် ခြေချခဲ့ဖူးတယ်။ ဝက်စ်ဟမ်း၊ ချယ်လ်ဆီး၊ မန်စီးတီးအသင်းတွေနဲ့ပေါ့။ စုစုပေါင်း (၂၂)ပွဲကစားခဲ့ပြီး (၆)ပွဲသာ အနိုင်ရခဲ့တယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ နည်းပြဘ၀ ပထမဆုံးအိုးလ်ထရက်ဖို့ဒ်ပွဲအဖြစ် ဒါဘီအသင်းနဲ့အတူ လမ်းပတ်တို့ တပ်ဖွဲ့က မန်ယူရဲ့ကွင်းဆီ ချီတက်လာခဲ့ပြီး ပယ်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူခဲ့တာကိုလည်း ပရိသတ်တွေ သိပြီးသားဖြစ်မှာပါ။

Mourinho-and-Lampard

Mourinho-and-Lampard

ဒီနိုင်ပွဲဟာ လမ်းပတ်အတွက် အကြီးမားဆုံး အောင်ပွဲလို့ သတ်မှတ်နိုင်သလို မော်ရင်ဟိုအတွက်တော့ ဖိအားတွေ ထပ်တိုးခဲ့ရတဲ့ပွဲဖြစ်ခဲ့ပါတယ်။ လမ်းပတ်ဟာ ဒီရာသီအစမှာ ဒါဘီအသင်းနဲ့အတူ နည်းပြဘ၀ စာမျက်နှာကို စတင်ဖွင့်လှစ်ခဲ့သူဖြစ်ပြီး အခုနိုင်ပွဲက ရှေ့ဆက်ရမယ့် ခရီးလမ်းအတွက် အင်အားတစ်ခုပါပဲ။ အခုလောလောဆယ် လမ်းပတ်ရဲ့ ဒါဘီအသင်းဟာ လိဂ်ချန်ပီယံရှစ်မှာ အဆင့်(၆)နေရာသာ ရှိနေပေမယ့် ထိပ်ဆုံးက အသင်းနဲ့ (၂)မှတ်သာ ကွာဟနေတာပါ။ ကစားသမားဘဝမှာ ချယ်လ်ဆီးအသင်းနဲ့အတူ သမိုင်းဝင် အောင်မြင်မှုတွေ ရယူခဲ့တဲ့ လမ်းပတ် နည်းပြဘဝမှာရော အောင်မြင်မှု ပန်းတိုင်ကို လျှောက်လှမ်းနိုင်မလားဆိုတာတော့ . . . .

Lampard-and-Derby-Players-Celebrate

Lampard-and-Derby-Players-Celebrate

အိုးလ်ထရက်ဒ်ဖို့ကွင်းမှာ ကစားဘ၀ လမ်းပတ်ရဲ့ မှတ်တမ်း
A West Ham United Manchester United 2:1
A West Ham United Manchester United 4:1
A West Ham United Manchester United 7:1
A West Ham United Manchester United 3:1
A West Ham United Manchester United 0:1 W
A Chelsea FC Manchester United 2:2
A Chelsea FC Manchester United 1:2 W
A Chelsea FC Manchester United 0:3 W
A Chelsea FC Manchester United 2:1
A Chelsea FC Manchester United 1:1
A Chelsea FC Manchester United 1:3 W
A Chelsea FC Manchester United 1:0
A Chelsea FC Manchester United 1:1
A Chelsea FC Manchester United 2:0
A Chelsea FC Manchester United 3:0
A Chelsea FC Manchester United 1:2 W
A Chelsea FC Manchester United 2:1
A Chelsea FC Manchester United 3:1
A Chelsea FC Manchester United 0:1 W
A Chelsea FC Manchester United 0:0
A Chelsea FC Manchester United 2:1
A Manchester City Manchester United 4:2

ပြိုင်ပွဲစုံမှာ မန်ယူနဲ့ ဆုံတွေ့ခဲ့တဲ့ လမ်းပတ်ရဲ့ မှတ်တမ်း

Lampard-Record-against-Manchester-United

Lampard-Record-against-Manchester-United

(အချက်အလက်များကို transfermarkt.com မှ ရယူထားခြင်းဖြစ်ပါသည်)
Photo:Ghanamma,The Independent,TheWorldNews.net,in.reuters,Getty Images
Naing Linn(Akhayar)
www.akhayar.com