[Zawgyi]

ျပင္သစ္သမၼတ Emmanuel Macron ရဲ႕ ေငြေသာ္တာေရာင္ျခည္ဇာတ္လမ္း

အလ်ားအနံမရွိေပမယ့္ အသြားအျပန္ရွိတဲ့အထဲမွာ ေမတၱာတရားၿပီးရင္ အခ်စ္လည္း ရွိပါေသးတယ္။ လူတစ္ေယာက္ကုိ တကယ္ခ်စ္လာရင္ ရုပ္ရည္ဆုိတာ အေရျပားတစ္ေထာက္စာ၊ ခ်မ္းသာဆင္းရဲဆုိတာ ပကာသနနဲ႔ အသက္အရြယ္ဆုိတာ ကိန္းဂဏန္းသက္သက္ပဲ ရွိေတာ့တာပါ။ လကြယ္ည သန္းေခါင္ယံ မုိးေမွာင္ေတြက်ေနတုန္း ကတၱယာလမ္းေပၚမွာ ကပၸလီႀကီး ကြ်ဲနက္စီးေနတာကုိ ေနကာမ်က္မွန္နဲ႔ၾကည့္ရသလုိ တကယ့္ကုိအေမွာင္ဖုံးၿပီး အခ်စ္နဲ႔ပတ္သက္လာရင္ လူေတြက ဘာဆုိဘာမွ မျမင္ႏုိင္ေတာ့ပါဘူး။

ခ်စ္တတ္လာၿပီ

ျပင္သစ္ႏုိင္ငံ Amiens ၿမိဳ႕မွာရွိတဲ့ Jesuit High School မွာ သူမ စာသင္တဲ့အခ်ိန္ေတြမွာဆုိ စူးရဲတဲ့မ်က္လုံးေတြနဲ႔ ၾကည့္ေနတဲ့ ခပ္ေခ်ာေခ်ာေကာင္ေလး။ အၾကည့္ရဲတဲ့ေကာင္ေလးရဲ႕မ်က္ဝန္းေတြေၾကာင့္ သူမ ရင္ဖုိခဲ့ရတယ္။  အုိ . . . ၁၅ႏွစ္အရြယ္ေကာင္ေလးတစ္ေယာက္ရဲ႕ အခ်စ္ကုိ သူမ ဘာျဖစ္လုိ႔ယုံရဲမွာလဲ။ ဆရာမဆုိတဲ့ ဂုဏ္ပုဒ္ကုိ မက်ိဳးမပဲ့ေအာင္ အႏုိင္ႏုိင္ထိန္းသိမ္းေနရတယ္။ ေကာင္ေလးရယ္ . . . မင္းရဲ႕အၾကည့္ၾကားမွာ ဆရာမႏွလုံးသားေတြ အရည္ေပ်ာ္က်ေတာ့မယ္ေနာ္။

ဆရာမအသက္က ၃၉ႏွစ္ေတာင္ရွိေနၿပီ။ ၂၄ႏွစ္၈လဆုိတဲ့ အသက္ကြာဟမႈက နည္းတဲ့အခ်ိန္ေတြလား၊ ေကာင္ေလးရယ္ ဆယ္ေက်ာ္သက္အရြယ္မွာ စာကုိပဲ ႀကိဳးစားပါေနာ္။ ဆရာမမွာ ကာမပုိင္လင္ေယာက္်ား ရွိေနတာ ေကာင္ေလး မသိဘူးလား။ အႀကီးဆုံးသား ေလာရင့္ (Laurence) ေတာင္ မင္းထက္ ၂ႏွစ္ေလာက္ႀကီးပါေသးတယ္။ ေကာင္ေလးရယ္ မမုိက္ခ်င္စမ္းပါနဲ႔ေနာ္။

ေအာင္ျမင္ေအာင္ ႀကိဳးစားလာၿပီ

ေကာင္ေလးဟာ ဆရာမကုိရေအာင္ ယူမယ္လုိ႔ ၾကံဳးဝါးထားပါတယ္။ သူမ ျဖစ္ေစခ်င္တဲ့အတုိင္း ေကာင္ေလး စာႀကိဳးစားေနပါၿပီ။ အထက္တန္းေအာင္ၿပီးတဲ့ေနာက္ Paris Nanterre University  မွာ အေတြးအေခၚပညာ (Philosophy) ကုိ ေလ့လာတယ္။ Paris Institute of Political Studies မွာ ျပည္သူ႕ေရးရာမဟာဘြဲ႕ (Master’s of Public Affairs) ရရွိခဲ့ေသးတယ္။ ၂ဝဝ၄ခုႏွစ္မွာ National School of Administration ကေန ဘြဲ႕ေတြတသီႀကီးရရွိလာပါၿပီ။ Inspectorate General of Finances -IGF မွာ ဘ႑ာေရးမွဴးအေနနဲ႔ တာဝန္ယူၿပီးတဲ့အခ်ိန္မွာ Rothschild & Cie Banque ဘဏ္မွာ ဘ႑ာေရးရင္းႏွီးျမွပ္ႏွံသူ ျဖစ္လာခဲ့ပါတယ္။ ဆယ္ေက်ာ္သက္ဘဝမွာ စြဲလမ္းခဲ့ရတဲ့အခ်စ္စိတ္ဟာ ၂ဝေက်ာ္တဲ့အထိ အခ်ိန္ကာလေတြ ေရြ႕လ်ားေပမယ့္ ေပ်ာက္ပ်က္မသြားဘဲ ႀကီးထြားလုိ႔သာ လာခဲ့ပါတယ္။

ခ်စ္လက္တြဲခုိင္ျမဲလာၿပီ

၂ဝဝ၆ခုႏွစ္ သူမ ေယာက္်ားနဲ႔ ကြာရွင္းၿပီးတဲ့ေနာက္မွာ ေကာင္ေလးဟာ သူမကုိ လက္ထပ္ယူလုိက္တယ္။ လက္ထပ္တဲ့အခ်ိန္မွာ သူ႕ရဲ႕အသက္ဟာ ၂၉ႏွစ္သာရွိေပမယ့္ သူမဟာ ၅၄ႏွစ္အရြယ္ကုိ ေရာက္ေနပါၿပီ။ ပတ္ဝန္းက်င္ေဝဖန္မႈေတြကုိ ဂရုမထားဘဲ ႀကိဳးစားလာလုိက္တာ စီးပြားေရးနယ္ပယ္မွာသာမက ႏုိင္ငံေရးအထိေတာင္ ေအာင္ျမင္ခဲ့ပါတယ္။ ေက်ာင္းသားဘဝထဲကေန ႏုိင္ငံေရးသမားႀကီးျဖစ္တဲ့အထိ အျမဲတမ္းခ်စ္ေနတဲ့ေကာင္ေလးဟာ တျခားလူမဟုတ္ပါဘူး။

ျပင္သစ္ႏုိင္ငံရဲ႕ သမၼတျဖစ္လာတဲ့ Emmanuel Macron ျဖစ္ၿပီးေတာ့ ေငြေသာ္တာေရာင္ျခည္ကေတာ့ Brigitte Trogneux ျဖစ္ပါတယ္။ သူဟာ ၂ဝ၁၇ခုႏွစ္ ေမလ ၇ရက္ေန႔မွာ Marine Le Pen ကိုအႏိုင္ယူျပီး ျပင္သစ္ရဲ႕အသက္အငယ္ဆုံး သမၼတျဖစ္လာခဲ႔ပါျပီ။ လက္ရွိအခ်ိန္မွာ ျပင္သစ္သမၼတ Emmanuel Mac ဟာ အသက္ (၄ဝ) ရွိလာၿပီျဖစ္ၿပီး ဇနီးျဖစ္သူBrigitte Trogneux ကေတာ့ (၆၅) ႏွစ္ရွိလာၿပီျဖစ္ပါတယ္။ ခ်စ္ရတဲ့စုံတြဲတုိင္း ရုိးေျမက်ေပါင္းရပါေစလုိ႔ ဆုေတာင္းေပးလုိက္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ ငွေသော်တာရောင်ခြည်ဇာတ်လမ်း

အလျားအနံမရှိပေမယ့် အသွားအပြန်ရှိတဲ့အထဲမှာ မေတ္တာတရားပြီးရင် အချစ်လည်း ရှိပါသေးတယ်။ လူတစ်ယောက်ကို တကယ်ချစ်လာရင် ရုပ်ရည်ဆိုတာ အရေပြားတစ်ထောက်စာ၊ ချမ်းသာဆင်းရဲဆိုတာ ပကာသနနဲ့ အသက်အရွယ်ဆိုတာ ကိန်းဂဏန်းသက်သက်ပဲ ရှိတော့တာပါ။ လကွယ်ည သန်းခေါင်ယံ မိုးမှောင်တွေကျနေတုန်း ကတ္တယာလမ်းပေါ်မှာ ကပ္ပလီကြီး ကျွဲနက်စီးနေတာကို နေကာမျက်မှန်နဲ့ကြည့်ရသလို တကယ့်ကိုအမှောင်ဖုံးပြီး အချစ်နဲ့ပတ်သက်လာရင် လူတွေက ဘာဆိုဘာမှ မမြင်နိုင်တော့ပါဘူး။

ချစ်တတ်လာပြီ

ပြင်သစ်နိုင်ငံ Amiens မြို့မှာရှိတဲ့ Jesuit High School မှာ သူမ စာသင်တဲ့အချိန်တွေမှာဆို စူးရဲတဲ့မျက်လုံးတွေနဲ့ ကြည့်နေတဲ့ ခပ်ချောချောကောင်လေး။ အကြည့်ရဲတဲ့ကောင်လေးရဲ့မျက်ဝန်းတွေကြောင့် သူမ ရင်ဖိုခဲ့ရတယ်။  အို . . . ၁၅နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့ အချစ်ကို သူမ ဘာဖြစ်လို့ယုံရဲမှာလဲ။ ဆရာမဆိုတဲ့ ဂုဏ်ပုဒ်ကို မကျိုးမပဲ့အောင် အနိုင်နိုင်ထိန်းသိမ်းနေရတယ်။ ကောင်လေးရယ် . . . မင်းရဲ့အကြည့်ကြားမှာ ဆရာမနှလုံးသားတွေ အရည်ပျော်ကျတော့မယ်နော်။

ဆရာမအသက်က ၃၉နှစ်တောင်ရှိနေပြီ။ ၂၄နှစ်၈လဆိုတဲ့ အသက်ကွာဟမှုက နည်းတဲ့အချိန်တွေလား၊ ကောင်လေးရယ် ဆယ်ကျော်သက်အရွယ်မှာ စာကိုပဲ ကြိုးစားပါနော်။ ဆရာမမှာ ကာမပိုင်လင်ယောက်ျား ရှိနေတာ ကောင်လေး မသိဘူးလား။ အကြီးဆုံးသား လောရင့် (Laurence) တောင် မင်းထက် ၂နှစ်လောက်ကြီးပါသေးတယ်။ ကောင်လေးရယ် မမိုက်ချင်စမ်းပါနဲ့နော်။

အောင်မြင်အောင် ကြိုးစားလာပြီ

ကောင်လေးဟာ ဆရာမကိုရအောင် ယူမယ်လို့ ကြုံးဝါးထားပါတယ်။ သူမ ဖြစ်စေချင်တဲ့အတိုင်း ကောင်လေး စာကြိုးစားနေပါပြီ။ အထက်တန်းအောင်ပြီးတဲ့နောက် Paris Nanterre University  မှာ အတွေးအခေါ်ပညာ (Philosophy) ကို လေ့လာတယ်။ Paris Institute of Political Studies မှာ ပြည်သူ့ရေးရာမဟာဘွဲ့ (Master’s of Public Affairs) ရရှိခဲ့သေးတယ်။ ၂ဝဝ၄ခုနှစ်မှာ National School of Administration ကနေ ဘွဲ့တွေတသီကြီးရရှိလာပါပြီ။ Inspectorate General of Finances -IGF မှာ ဘဏ္ဍာရေးမှူးအနေနဲ့ တာဝန်ယူပြီးတဲ့အချိန်မှာ Rothschild & Cie Banque ဘဏ်မှာ ဘဏ္ဍာရေးရင်းနှီးမြှပ်နှံသူ ဖြစ်လာခဲ့ပါတယ်။ ဆယ်ကျော်သက်ဘဝမှာ စွဲလမ်းခဲ့ရတဲ့အချစ်စိတ်ဟာ ၂ဝကျော်တဲ့အထိ အချိန်ကာလတွေ ရွေ့လျားပေမယ့် ပျောက်ပျက်မသွားဘဲ ကြီးထွားလို့သာ လာခဲ့ပါတယ်။

ချစ်လက်တွဲခိုင်မြဲလာပြီ

၂ဝဝ၆ခုနှစ် သူမ ယောက်ျားနဲ့ ကွာရှင်းပြီးတဲ့နောက်မှာ ကောင်လေးဟာ သူမကို လက်ထပ်ယူလိုက်တယ်။ လက်ထပ်တဲ့အချိန်မှာ သူ့ရဲ့အသက်ဟာ ၂၉နှစ်သာရှိပေမယ့် သူမဟာ ၅၄နှစ်အရွယ်ကို ရောက်နေပါပြီ။ ပတ်ဝန်းကျင်ဝေဖန်မှုတွေကို ဂရုမထားဘဲ ကြိုးစားလာလိုက်တာ စီးပွားရေးနယ်ပယ်မှာသာမက နိုင်ငံရေးအထိတောင် အောင်မြင်ခဲ့ပါတယ်။ ကျောင်းသားဘဝထဲကနေ နိုင်ငံရေးသမားကြီးဖြစ်တဲ့အထိ အမြဲတမ်းချစ်နေတဲ့ကောင်လေးဟာ တခြားလူမဟုတ်ပါဘူး။

ပြင်သစ်နိုင်ငံရဲ့ သမ္မတဖြစ်လာတဲ့ Emmanuel Macron ဖြစ်ပြီးတော့ ငွေသော်တာရောင်ခြည်ကတော့ Brigitte Trogneux ဖြစ်ပါတယ်။ သူဟာ ၂ဝ၁၇ခုနှစ် မေလ ၇ရက်နေ့မှာ Marine Le Pen ကိုအနိုင်ယူပြီး ပြင်သစ်ရဲ့အသက်အငယ်ဆုံး သမ္မတဖြစ်လာခဲ့ပါပြီ။ လက်ရှိအချိန်မှာ ပြင်သစ်သမ္မတ Emmanuel Mac ဟာ အသက် (၄ဝ) ရှိလာပြီဖြစ်ပြီး ဇနီးဖြစ်သူBrigitte Trogneux ကတော့ (၆၅) နှစ်ရှိလာပြီဖြစ်ပါတယ်။ ချစ်ရတဲ့စုံတွဲတိုင်း ရိုးမြေကျပေါင်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com