This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ကုိင္ေျမႇာက္ခြင့္ရခဲ့တဲ့ ျပင္သစ္

ၿပိဳင္ပဲြႀကီးတစ္ပဲြမွာ ဗုိလ္စဲြဖုိ႔ဆုိရင္ ေျခစြမ္းေကာင္း႐ုံနဲ႔ မလုံေလာက္ဘဲ ခ်န္ပီယံျဖစ္ဖုိ႔ ကံၾကမၼာ၊ ကစားသမားေတြရဲ႕ အရည္အေသြးေတြလည္း လုိအပ္တယ္ဆုိတာ ဒီပဲြကသက္ေသျပခဲ့တယ္။ တကယ္ေတာ့ ခ႐ုိေအးရွားအသင္းဟာ ေအာက္အသင္းအျဖစ္ ျပင္သစ္ကုိ ရင္ဆုိင္ခဲ့ရတာပါ။ ဒါေပမဲ့ တစ္ပဲြလုံးေျခစြမ္းကုိၾကည့္ရင္ ခ႐ုိေအးရွားက ျပင္သစ္ထက္ ပုိေကာင္းခဲ့တယ္။ ပထမပုိင္းတစ္ပုိင္းလုံး ျပင္သစ္အသင္းဟာ ခ႐ုိေအးရွားရဲ႕ လႊမ္းမုိးမႈေအာက္မွာပဲ ရွိေနခဲ့ပါတယ္။ ဒါေပမဲ့ ခ႐ုိေအးရွားအသင္းဟာ အပုိင္ဂုိးသြင္းခြင့္ေတြေတာ့မရခဲ့ဘူး။ ျပင္သစ္အသင္းမွာ အားသာခ်က္က ၿပိဳင္ဘက္က ဘယ္ေလာက္ပဲ ဖိအားေပးေနပါေစ၊ ကစားသမားေတြက တည္တည္ၿငိမ္ၿငိမ္နဲ႔ ကုိယ္လုပ္စရာရွိတာကုိ အေကာင္းဆုံးလုပ္ျပခဲ့တာပါပဲ။

Pogba-Against-Rakitic

Pogba-Against-Rakitic

ျပင္သစ္အသင္းဟာ ခံစစ္ကုိ အသားေပးၿပီး ဘာေပရဲ႕ ေျပးအားနဲ႔ Counter Attacking ပုံစံ ကစားသြားခဲ့တယ္။ တိုက္စစ္အတြက္ ဘာေပ၊ ဂရစ္ဇ္မန္း၊ ဂ်႐ူးတို႔ (၃)ဦးသာ အဓိက လႈပ္ရွားခဲ့ၿပီး ေပါ့ဘာ၊ မာတြီဒီ၊ ကြန္ေတတို႔က တိုက္စစ္ထက္ ခံစစ္ကုိပဲ ဦးစားေပးခဲ့တယ္။ ပထမပုိင္း(၁၈)မိနစ္မွာ ျပင္သစ္အသင္း အဖြင့္ဂုိးရခဲ့ပါတယ္။ ဂရစ္ဇ္မန္းရဲ႕ ျပစ္ဒဏ္ေဘာ ကန္တင္ခ်က္ကုိ ဖ်က္ထုတ္တာကေန ခ႐ုိေအးရွားတိုက္စစ္မွဴး မန္ဇူကစ္ ကုိယ့္ဂုိးကုိယ္သြင္းသလုိျဖစ္သြားခဲ့တာပါ။

Mandžukić-Own-Goal

Mandžukić-Own-Goal

(၁၀)မိနစ္အၾကာမွာပဲ ခ႐ုိေအးရွားေခ်ပဂုိးျပန္ရခဲ့ၿပီး ၀ါရင့္ေတာင္ပံကစားသမား ပါရီဆစ္က ဘယ္ေျခနဲ႔ လွလွပပကန္သြင္းခဲ့တယ္။ ခ႐ုိေအးရွားအသင္း ဦးေဆာင္ဂုိးရဖုိ႔ ႀကိဳးပမ္းေနတုန္း ပယ္နယ္တီေပးခဲ့ရပါတယ္။ ပယ္နယ္တီဧရိယာအတြင္း ပါရီဆစ္ ေဘာလုံးကို လက္နဲ႔ထိခဲ့တာေၾကာင့္ ျပင္သစ္အသင္းပယ္နယ္တီကန္ခြင့္ရခဲ့ၿပီး ဂရစ္ဇ္မန္းက အမွားအယြင္းမရွိကန္သြင္းခဲ့တယ္။

Griezmann-Score-From-Penalty

Griezmann-Score-From-Penalty

ဒုတိယပုိင္းမွာ ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္ဟာ ကြန္ေတအစား အန္ဇြန္ဇီကုိ လူစားလဲခဲ့တာက မွန္ကန္ခဲ့တယ္ပါတယ္။ အန္ဇြန္ဇီ ၀င္လာၿပီးေနာက္ပုိင္း ျပင္သစ္အသင္း ကြင္းလယ္ခံစစ္က ပုိေကာင္းသြားခဲ့ၿပီး ေပါ့ဘာလည္း တိုက္စစ္ကုိ ပုိလုိက္လုိ႔ရသြားခဲ့တယ္။ ခ႐ုိေအးရွားပဲ ဖိကစားေနတုန္း (၅၉)မိနစ္မွာ Counter ကေန ေပါ့ဘာက တတိယဂုိးသြင္းယူခဲ့ပါတယ္။ ဒီဂုိးဟာ ခ႐ုိေအးရွားဂုိးသမား ဆူဘာဆစ္ရဲ႕ ေဘာလုံးလမ္းေၾကာင္း တြက္ခ်က္မႈအားနည္းခ်က္ေၾကာင့္ ေပးခဲ့ရတယ္လုိ႔ ဆုိရမယ္။

France-Players-Celebrate

France-Players-Celebrate

(၆၅)မိနစ္မွာ ဘာေပက အေ၀းကန္ခ်က္နဲ႔ စတုတၳေျမာက္ဂုိးသြင္းယူခဲ့ၿပီးေနာက္မွာေတာ့ ခ႐ုိေအးရွား စိတ္ဓာတ္ေရာ၊ ကစားပုံပါ က်သြားခဲ့တယ္။ ဒီဂုိးမွာလည္း ဆူဘာဆစ္ရဲ႕ အမွားမကင္းခဲ့ပါဘူး။ (၆၉)မိနစ္မွာ ျပင္သစ္ဂုိးသမား လုိရစ္ရဲ႕ စိတ္ပ်က္စရာ အမွားကေန မန္ဇူကစ္ ဒုတိယေခ်ပဂုိးသြင္းယူခဲ့ေပမယ့္ ခ႐ုိေအးရွားအတြက္ ေဆးမမီေတာ့ပါဘူး။ျပင္သစ္အသင္းဟာ ၁၉၉၈ ေနာက္ပုိင္းေ၀းကြာေနတဲ့ ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ျပန္လည္ရယူႏုိင္ခဲ့ၿပီး နည္းျပဒက္စ္ခ်မ့္ကလည္း ကမၻာ႔ဖလားခ်န္ပီယံဆုကုိ ဇာဂါလုိ(ဘရာဇီးလ္)၊ ဘက္ကင္ေဘာင္၀ါ(ဂ်ာမနီ)တို႔နဲ႔အတူ ကစားသမား/နည္းျပအျဖစ္ ရယူႏုိင္ခဲ့တဲ့ တတိယေျမာက္အျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။

Photo:FIFA World Cup
Naing Linn (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်ခွင့်ရခဲ့တဲ့ ပြင်သစ်

ပြိုင်ပွဲကြီးတစ်ပွဲမှာ ဗိုလ်စွဲဖို့ဆိုရင် ခြေစွမ်းကောင်းရုံနဲ့ မလုံလောက်ဘဲ ချန်ပီယံဖြစ်ဖို့ ကံကြမ္မာ၊ ကစားသမားတွေရဲ့ အရည်အသွေးတွေလည်း လိုအပ်တယ်ဆိုတာ ဒီပွဲကသက်သေပြခဲ့တယ်။ တကယ်တော့ ခရိုအေးရှားအသင်းဟာ အောက်အသင်းအဖြစ် ပြင်သစ်ကို ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ တစ်ပွဲလုံးခြေစွမ်းကိုကြည့်ရင် ခရိုအေးရှားက ပြင်သစ်ထက် ပိုကောင်းခဲ့တယ်။ ပထမပိုင်းတစ်ပိုင်းလုံး ပြင်သစ်အသင်းဟာ ခရိုအေးရှားရဲ့ လွှမ်းမိုးမှုအောက်မှာပဲ ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ခရိုအေးရှားအသင်းဟာ အပိုင်ဂိုးသွင်းခွင့်တွေတော့မရခဲ့ဘူး။ ပြင်သစ်အသင်းမှာ အားသာချက်က ပြိုင်ဘက်က ဘယ်လောက်ပဲ ဖိအားပေးနေပါစေ၊ ကစားသမားတွေက တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ပြခဲ့တာပါပဲ။

Pogba-Against-Rakitic

Pogba-Against-Rakitic

ပြင်သစ်အသင်းဟာ ခံစစ်ကို အသားပေးပြီး ဘာပေရဲ့ ပြေးအားနဲ့ Counter Attacking ပုံစံ ကစားသွားခဲ့တယ်။ တိုက်စစ်အတွက် ဘာပေ၊ ဂရစ်ဇ်မန်း၊ ဂျရူးတို့ (၃)ဦးသာ အဓိက လှုပ်ရှားခဲ့ပြီး ပေါ့ဘာ၊ မာတွီဒီ၊ ကွန်တေတို့က တိုက်စစ်ထက် ခံစစ်ကိုပဲ ဦးစားပေးခဲ့တယ်။ ပထမပိုင်း(၁၈)မိနစ်မှာ ပြင်သစ်အသင်း အဖွင့်ဂိုးရခဲ့ပါတယ်။ ဂရစ်ဇ်မန်းရဲ့ ပြစ်ဒဏ်ဘော ကန်တင်ချက်ကို ဖျက်ထုတ်တာကနေ ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် ကိုယ့်ဂိုးကိုယ်သွင်းသလိုဖြစ်သွားခဲ့တာပါ။

Mandžukić-Own-Goal

Mandžukić-Own-Goal

(၁၀)မိနစ်အကြာမှာပဲ ခရိုအေးရှားချေပဂိုးပြန်ရခဲ့ပြီး ဝါရင့်တောင်ပံကစားသမား ပါရီဆစ်က ဘယ်ခြေနဲ့ လှလှပပကန်သွင်းခဲ့တယ်။ ခရိုအေးရှားအသင်း ဦးဆောင်ဂိုးရဖို့ ကြိုးပမ်းနေတုန်း ပယ်နယ်တီပေးခဲ့ရပါတယ်။ ပယ်နယ်တီဧရိယာအတွင်း ပါရီဆစ် ဘောလုံးကို လက်နဲ့ထိခဲ့တာကြောင့် ပြင်သစ်အသင်းပယ်နယ်တီကန်ခွင့်ရခဲ့ပြီး ဂရစ်ဇ်မန်းက အမှားအယွင်းမရှိကန်သွင်းခဲ့တယ်။

Griezmann-Score-From-Penalty

Griezmann-Score-From-Penalty

ဒုတိယပိုင်းမှာ ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့်ဟာ ကွန်တေအစား အန်ဇွန်ဇီကို လူစားလဲခဲ့တာက မှန်ကန်ခဲ့တယ်ပါတယ်။ အန်ဇွန်ဇီ ဝင်လာပြီးနောက်ပိုင်း ပြင်သစ်အသင်း ကွင်းလယ်ခံစစ်က ပိုကောင်းသွားခဲ့ပြီး ပေါ့ဘာလည်း တိုက်စစ်ကို ပိုလိုက်လို့ရသွားခဲ့တယ်။ ခရိုအေးရှားပဲ ဖိကစားနေတုန်း (၅၉)မိနစ်မှာ Counter ကနေ ပေါ့ဘာက တတိယဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ ခရိုအေးရှားဂိုးသမား ဆူဘာဆစ်ရဲ့ ဘောလုံးလမ်းကြောင်း တွက်ချက်မှုအားနည်းချက်ကြောင့် ပေးခဲ့ရတယ်လို့ ဆိုရမယ်။

France-Players-Celebrate

France-Players-Celebrate

(၆၅)မိနစ်မှာ ဘာပေက အဝေးကန်ချက်နဲ့ စတုတ္ထမြောက်ဂိုးသွင်းယူခဲ့ပြီးနောက်မှာတော့ ခရိုအေးရှား စိတ်ဓာတ်ရော၊ ကစားပုံပါ ကျသွားခဲ့တယ်။ ဒီဂိုးမှာလည်း ဆူဘာဆစ်ရဲ့ အမှားမကင်းခဲ့ပါဘူး။ (၆၉)မိနစ်မှာ ပြင်သစ်ဂိုးသမား လိုရစ်ရဲ့ စိတ်ပျက်စရာ အမှားကနေ မန်ဇူကစ် ဒုတိယချေပဂိုးသွင်းယူခဲ့ပေမယ့် ခရိုအေးရှားအတွက် ဆေးမမီတော့ပါဘူး။ပြင်သစ်အသင်းဟာ ၁၉၉၈ နောက်ပိုင်းဝေးကွာနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုကို ပြန်လည်ရယူနိုင်ခဲ့ပြီး နည်းပြဒက်စ်ချမ့်ကလည်း ကမ္ဘာ့ဖလားချန်ပီယံဆုကို ဇာဂါလို(ဘရာဇီးလ်)၊ ဘက်ကင်ဘောင်ဝါ(ဂျာမနီ)တို့နဲ့အတူ ကစားသမား/နည်းပြအဖြစ် ရယူနိုင်ခဲ့တဲ့ တတိယမြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Photo:FIFA World Cup
Naing Linn (Akhayar)
www.akhayar.com