This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အမ္တီတီရဲ႕ တစ္လံုးတည္းေသာဂိုးနဲ႔ ဗိုလ္လုပြဲ တက္ခဲ့တဲ့ ျပင္သစ္အသင္း

ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဘယ္လ္ဂ်ီယံနဲ႔ ရင္ဆိုင္ရတိုင္း ရလဒ္ေကာင္းေလ့ရွိတဲ့ အစဥ္အလာကို ျပင္သစ္တို႔ ဆက္ထိန္းႏိုင္ခဲ့ၿပီး ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအဆင့္ကို တတိယအႀကိမ္ေျမာက္ တက္ေရာက္ႏိုင္ခဲ့တယ္။ ႏွစ္သင္းစလံုး လုဇ္နီကီကြင္းမွာ ကစားရမယ့္ ဗိုလ္လုပြဲတက္ေရာက္ေရး အိပ္မက္ကို အေကာင္အထည္ေဖာ္ဖို႔ အဓိကကစားသမား အစံုအလင္ ပြဲထုတ္သြားခဲ့တယ္။ ေျခစြမ္းေကာင္းေတြ ျပေနတဲ့ အသင္း (၂)သင္း ထိပ္တိုက္ေတြ႔ဆံုေနတဲ့ ပြဲစဥ္ျဖစ္ေပမယ့္ ကြင္းလယ္အားၿပိဳင္မႈေတြမ်ားေနခဲ့လို႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္တဲ့ ပြဲေကာင္းတစ္ပြဲ ရသေတာ့ အျပည့္အဝ မခံစားခဲ့ရဘူး။ ပထမပိုင္းမွာ (၂)သင္းစလံုး အပိုင္အခြင့္အေရးတခ်ိဳ႕ ရရွိခဲ့ေပမယ့္ ပံုစံေကာင္းျပေနတဲ့ ဂိုးသမားေတြရဲ႕ လက္စြမ္းျပကာကြယ္မႈေတြေၾကာင့္ ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ့ဘူး။ တစ္သင္းအမွားကို တစ္သင္းေစာင့္ကစားေနခဲ့လို႔ ဂိုးမရွိသေရရလဒ္နဲ႔ပဲ ပထမပိုင္းၿပီးဆံုးခဲ့တယ္။

Umtiti-goal

Umtiti-goal

ဒုတိယပိုင္းစၿပီး (၆)မိနစ္အၾကာမွာပဲ ဒီေန႔ပြဲရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးျဖစ္ၿပီး ျပင္သစ္အသင္းအတြက္ ဗိုလ္လုပြဲတက္ေရာက္ဖို႔ အေရးပါတဲ့ အႏိုင္ဂိုးကို ေနာက္ခံလူ အမ္တီတီ Umtiti က သြင္းယူေပးႏိုင္ခဲ့တယ္။ ဂရစ္ဇ္မန္း Griezmann ရဲ႕ ေထာင့္ကန္ေဘာကို ဘယ္လ္ဂ်ီယံကြင္းလယ္လူ ဖယ္လိုင္နီ Fellaini ကပ္ထားတဲ့ၾကားကေန အမ္တီတီ Umtiti က အေကာင္းဆံုး ေခါင္းတိုက္အဆံုးသတ္ႏိုင္ခဲ့တာျဖစ္တယ္။ ဦးေဆာင္ဂိုးရၿပီးတဲ့ေနာက္ပိုင္း ျပင္သစ္အသင္း ေခ်ပဂိုးျပန္မေပးရေရးကို အာရံုစိုက္ကစားခဲ့လို႔ ခံစစ္ကို အထိုင္ခ်ကစားသြားခဲ့တယ္။ ဘယ္လ္ဂ်ီယံအသင္းကေတာ့ ေခ်ပဂိုးသြင္းယူႏိုင္ဖို႔ ဒုတိယပိုင္းရဲ႕ လက္က်န္မိနစ္ေတြမွာ တိုက္စစ္ဖြင့္ကစားခဲ့ေပမယ့္ အမ္တီတီ Umtiti နဲ႔ ဗာရန္း Varane ဦးေဆာင္တဲ့ ျပင္သစ္ခံစစ္ေၾကာင္းကို မေက်ာ္ျဖတ္ႏိုင္ခဲ့လို႔ ၁၉၈၆ ၿပိဳင္ပြဲတုန္းကလိုပဲ တတိယလုပြဲနဲ႔ ေက်နပ္ခဲ့ရတယ္။ ျပင္သစ္အသင္းကေတာ့ ၂၀၀၆ ကမၻာ႔ဖလားေနာက္ပိုင္း ဗိုလ္လုပြဲကို ျပန္လည္တက္ေရာက္ႏိုင္ခဲ့ၿပီး ၁၉၉၈ ကမၻာ႔ဖလားေနာက္ပိုင္း ခ်န္ပီယံဆုကို ရယူဖို႔ ေျခတစ္လွမ္းအလိုကို ေရာက္ရွိခဲ့တယ္။

Man Of The Match – Umtiti (France)

Umtiti

Umtiti

ျပင္သစ္ – ဘယ္လ္ဂ်ီယံပြဲမွ ထူးျခားခ်က္တခ်ိဳ႕

  • ဂ်ာမနီ (၈)ႀကိမ္၊ အီတလီ (၆)ႀကိမ္တို႔အၿပီး ဗိုလ္လုပြဲအႀကိမ္အမ်ားဆံုး တက္ေရာက္ႏိုင္တဲ့ ဥေရာပအသင္းအျဖစ္ ျပင္သစ္အသင္းက (၃)ႀကိမ္နဲ႔ မွတ္တမ္းဝင္ခဲ့တယ္။
  • ၁၉၉၈ ကမၻာ႔ဖလားေနာက္ပိုင္း ဗိုလ္လုပြဲကို အႀကိမ္အမ်ားဆံုး တက္ေရာက္ႏိုင္တဲ့ အသင္းအျဖစ္ ျပင္သစ္တို႔ မွတ္တမ္းေကာင္းတစ္ခု ေရးထိုးႏုိင္ခဲ့တယ္။
  • ၂၀၁၆ စက္တင္ဘာေနာက္ပိုင္း ၿပိဳင္ပြဲစံု ရံႈးပြဲမရွိေသးတဲ့ ဘယ္လ္ဂ်ီယံအသင္းရဲ႕ ပထမဆံုး ရံႈးပြဲျဖစ္ခဲ့တယ္။
  • ဒက္ခ်မ့္စ္ Deschamps ဟာ ျပင္သစ္အသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ အဓိက ၿပိဳင္ပြဲႀကီး (၂)ရပ္ (ကမၻာ႔ဖလား၊ ယူရို)ဆက္တိုက္ ဗိုလ္လုပြဲ ပို႔ေဆာင္ေပးႏိုင္ခဲ့တဲ့ နည္းျပအျဖစ္ မွတ္တမ္းဝင္ခဲ့တယ္။
  • ခ်န္ပီယံျဖစ္ခဲ့တဲ့ ၁၉၉၈ ကမၻာ႔ဖလားမွာ ေနာက္ခံလူ (၃)ဦး ၿပိဳင္ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့သလို ၂၀၁၈ ၿပိဳင္ပြဲမွာလည္း ေနာက္ခံလူ (၃)ဦး ျပင္သစ္အသင္းအတြက္ ဂိုးရယူေပးခဲ့တယ္။ (၁၉၉၈ – လီဇာရာဇူ Lizarazu, ဘလန္႔ Blanc, သူရမ္ Thuram/ ၂၀၁၈ – ပါဗက္ဒ္ Pavard, ဗာရန္း Varane, အမ္တီတီ Umtiti)

Photo:Twitter, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အမ်တီတီရဲ့ တစ်လုံးတည်းသောဂိုးနဲ့ ဗိုလ်လုပွဲ တက်ခဲ့တဲ့ ပြင်သစ်အသင်း

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ရတိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ အစဉ်အလာကို ပြင်သစ်တို့ ဆက်ထိန်းနိုင်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်ကို တတိယအကြိမ်မြောက် တက်ရောက်နိုင်ခဲ့တယ်။ နှစ်သင်းစလုံး လုဇ်နီကီကွင်းမှာ ကစားရမယ့် ဗိုလ်လုပွဲတက်ရောက်ရေး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အဓိကကစားသမား အစုံအလင် ပွဲထုတ်သွားခဲ့တယ်။ ခြေစွမ်းကောင်းတွေ ပြနေတဲ့ အသင်း (၂)သင်း ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်ဖြစ်ပေမယ့် ကွင်းလယ်အားပြိုင်မှုတွေများနေခဲ့လို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲကောင်းတစ်ပွဲ ရသတော့ အပြည့်အဝ မခံစားခဲ့ရဘူး။ ပထမပိုင်းမှာ (၂)သင်းစလုံး အပိုင်အခွင့်အရေးတချို့ ရရှိခဲ့ပေမယ့် ပုံစံကောင်းပြနေတဲ့ ဂိုးသမားတွေရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ဘူး။ တစ်သင်းအမှားကို တစ်သင်းစောင့်ကစားနေခဲ့လို့ ဂိုးမရှိသရေရလဒ်နဲ့ပဲ ပထမပိုင်းပြီးဆုံးခဲ့တယ်။

Umtiti-goal

Umtiti-goal

ဒုတိယပိုင်းစပြီး (၆)မိနစ်အကြာမှာပဲ ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသော သွင်းဂိုးဖြစ်ပြီး ပြင်သစ်အသင်းအတွက် ဗိုလ်လုပွဲတက်ရောက်ဖို့ အရေးပါတဲ့ အနိုင်ဂိုးကို နောက်ခံလူ အမ်တီတီ Umtiti က သွင်းယူပေးနိုင်ခဲ့တယ်။ ဂရစ်ဇ်မန်း Griezmann ရဲ့ ထောင့်ကန်ဘောကို ဘယ်လ်ဂျီယံကွင်းလယ်လူ ဖယ်လိုင်နီ Fellaini ကပ်ထားတဲ့ကြားကနေ အမ်တီတီ Umtiti က အကောင်းဆုံး ခေါင်းတိုက်အဆုံးသတ်နိုင်ခဲ့တာဖြစ်တယ်။ ဦးဆောင်ဂိုးရပြီးတဲ့နောက်ပိုင်း ပြင်သစ်အသင်း ချေပဂိုးပြန်မပေးရရေးကို အာရုံစိုက်ကစားခဲ့လို့ ခံစစ်ကို အထိုင်ချကစားသွားခဲ့တယ်။ ဘယ်လ်ဂျီယံအသင်းကတော့ ချေပဂိုးသွင်းယူနိုင်ဖို့ ဒုတိယပိုင်းရဲ့ လက်ကျန်မိနစ်တွေမှာ တိုက်စစ်ဖွင့်ကစားခဲ့ပေမယ့် အမ်တီတီ Umtiti နဲ့ ဗာရန်း Varane ဦးဆောင်တဲ့ ပြင်သစ်ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့လို့ ၁၉၈၆ ပြိုင်ပွဲတုန်းကလိုပဲ တတိယလုပွဲနဲ့ ကျေနပ်ခဲ့ရတယ်။ ပြင်သစ်အသင်းကတော့ ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ခဲ့ပြီး ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ချန်ပီယံဆုကို ရယူဖို့ ခြေတစ်လှမ်းအလိုကို ရောက်ရှိခဲ့တယ်။

Man Of The Match – Umtiti (France)

Umtiti

Umtiti

ပြင်သစ် – ဘယ်လ်ဂျီယံပွဲမှ ထူးခြားချက်တချို့

  • ဂျာမနီ (၈)ကြိမ်၊ အီတလီ (၆)ကြိမ်တို့အပြီး ဗိုလ်လုပွဲအကြိမ်အများဆုံး တက်ရောက်နိုင်တဲ့ ဥရောပအသင်းအဖြစ် ပြင်သစ်အသင်းက (၃)ကြိမ်နဲ့ မှတ်တမ်းဝင်ခဲ့တယ်။
  • ၁၉၉၈ ကမ္ဘာ့ဖလားနောက်ပိုင်း ဗိုလ်လုပွဲကို အကြိမ်အများဆုံး တက်ရောက်နိုင်တဲ့ အသင်းအဖြစ် ပြင်သစ်တို့ မှတ်တမ်းကောင်းတစ်ခု ရေးထိုးနိုင်ခဲ့တယ်။
  • ၂၀၁၆ စက်တင်ဘာနောက်ပိုင်း ပြိုင်ပွဲစုံ ရှုံးပွဲမရှိသေးတဲ့ ဘယ်လ်ဂျီယံအသင်းရဲ့ ပထမဆုံး ရှုံးပွဲဖြစ်ခဲ့တယ်။
  • ဒက်ချမ့်စ် Deschamps ဟာ ပြင်သစ်အသင်းရဲ့ သမိုင်းတစ်လျှောက် အဓိက ပြိုင်ပွဲကြီး (၂)ရပ် (ကမ္ဘာ့ဖလား၊ ယူရို)ဆက်တိုက် ဗိုလ်လုပွဲ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့တယ်။
  • ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈ ကမ္ဘာ့ဖလားမှာ နောက်ခံလူ (၃)ဦး ပြိုင်ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့သလို ၂၀၁၈ ပြိုင်ပွဲမှာလည်း နောက်ခံလူ (၃)ဦး ပြင်သစ်အသင်းအတွက် ဂိုးရယူပေးခဲ့တယ်။ (၁၉၉၈ – လီဇာရာဇူ Lizarazu, ဘလန့် Blanc, သူရမ် Thuram/ ၂၀၁၈ – ပါဗက်ဒ် Pavard, ဗာရန်း Varane, အမ်တီတီ Umtiti)

Photo:Twitter, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com