This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ေပါ့ဘာေၾကာင့္ အသက္ရႈေခ်ာင္ခဲ့တဲ့ နာမည္ႀကီး ျပင္သစ္အသင္း

အုပ္စု (C)ရဲ႕ အဖြင့္ပြဲစဥ္အျဖစ္ နာမည္ႀကီး ျပင္သစ္အသင္းနဲ႔ ၾသစေၾတးလ်အသင္းတို႔ ယွဥ္ၿပိဳင္ကစားခဲ့ရာ ျပင္သစ္အသင္းက ကြင္းလယ္လူ ေပါ့ဘာရဲ႕ ေနာက္က် သြင္းဂုိးေၾကာင့္ (၂-၁)ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ႏွစ္သင္းစလံုး အုပ္စုအဖြင့္ပြဲစဥ္ျဖစ္တာနဲ႔အညီ ရလဒ္ေကာင္းရယူႏိုင္ဖို႔ အျပန္အလွန္ ထိုးေဖာက္မႈေတြနဲ႔ ၿပိဳင္ဆိုင္မႈ ျပင္းထန္ခဲ့ပါတယ္။ နယ္သာလန္လူမ်ိဳးနည္းျပ ဗန္မာဝတ္ခ္ အသင္းကို ကိုင္တြယ္ခဲ့တဲ့ေနာက္ပိုင္း ပံုစံေကာင္းေတြ ျပသေနတဲ့ ၾသစေၾတးလ်အသင္း ဒီေန႔ပြဲစဥ္မွာလည္း ျပင္သစ္အသင္းကို ေျခရည္တူ ကစားႏိုင္ခဲ့ပါတယ္။ ၾသစေၾတးလ်အသင္းရဲ႕ ဂိုးသမား မက္သရူးရိုင္ယန္ လက္စြမ္းျပခဲ့ၿပီး  ျပင္သစ္အသင္းရဲ႕ အပုိုင္ ဂိုးေပါက္ ကန္သြင္းမႈ (၄)ႀကိမ္ေလာက္ကို ကာကြယ္ႏို္င္ခဲ့ပါတယ္။ ပထမပိုင္းမွာ တစ္ဖက္နဲ႔ တစ္ဖက္ ဂိုးသြင္းယူႏိုင္ျခင္းမရွိဘဲ ဂိုးမရွိသေရ ရလဒ္နဲ႔ ပြဲၿပီးဆံုးခဲ့ပါတယ္။ ႏွစ္သင္းစလံုးရဲ႕ အက်ိတ္အနယ္ ကစားပံုေၾကာင့္ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၿပီး VAR စနစ္ေကာ၊ ဂိုးလိုင္းနည္းပညာစနစ္ကိုပါ ပြဲခ်ိန္အတြင္း အသံုးျပဳခဲ့ရပါတယ္။

France-Vs-Australia-Match

France-Vs-Australia-Match

ပထမပိုင္းမွာ ဂိုးမရွိသေရ ရလဒ္နဲ႔ ၿပီးဆံုးခဲ့ၿပီး ဒုတိယပိုင္းမွာေတာ့ ႏိုင္ပြဲရရွိဖို႔ လိုအပ္ေနတဲ့ ျပင္သစ္အသင္း ပြဲစထဲက တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္လာခဲ့ပါတယ္။ ဒုတိယပိုင္းစတင္ၿပီး (၇)မိနစ္အၾကာမွာပဲ ဂရစ္ဇ္မန္းကို ၾသစေၾတးလ်ေနာက္ခံလူ ရစ္ဒင္ ပယ္နယ္တီဧရိယာအတြင္း ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီး VAR စနစ္ကို အသံုးျပဳကာ ကြင္းလယ္ဒိုင္က ပယ္နယ္တီအျဖစ္ သတ္မွတ္ေပးခဲ့ပါတယ္။ ဒီပယ္နယ္တီကို ဂရစ္ဇ္မန္းကပဲ အမွားအယြင္းမရွိ ကန္သြင္းခဲ့ၿပီး အသင္းအတြက္ ဦးေဆာင္ဂိုးကို ရယူေပးခဲ့ပါတယ္။ ျပင္သစ္အသင္း ဦးေဆာင္ဂိုး ရရွိၿပီး မိနစ္ပိုင္းအၾကာ ပြဲကစားခ်ိန္ (၆၂)မိနစ္မွာပဲ မထင္မွတ္တဲ့ အေနအထားကေန ၾသစေၾတးလ်အသင္း ေခ်ပဂိုး ျပန္လည္ရရွိခဲ့ပါတယ္။ ျပင္သစ္ေနာက္ခံလူ အမ္တီတီ ေဘာလံုးကို လက္နဲ႔ပုတ္ခဲ့လို႔ ၾသစေၾတးလ်အသင္း ပယ္နယ္တီ ျပန္လည္ရရွိခဲ့ၿပီး အသင္းေခါင္းေဆာင္ ယဲလ္ဒီနက္ခ္က အမွားအယြင္းမရွိ ကန္သြင္းယူခဲ့တာ ျဖစ္ပါတယ္။ လက္က်န္မိနစ္ေတြမွာ ၾသစေၾတးလ်အသင္းက သေရရလဒ္ကို ထိန္းကစားဖို႔ လူစားလဲလွယ္မႈေတြ ျပဳလုပ္ခဲ့သလို ျပင္သစ္အသင္းကလည္း ႏိုင္ပြဲအတြက္ ဂ်ရူး၊ ဖယ္ကီယာ၊ မာတြီဒီတို႔ကို ထည့္သြင္းကာ တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။ ပြဲကစားခ်ိန္ မိနစ္ (၈၁)အေရာက္မွာေတာ့ လူစားဝင္ ကစားသမား ဂ်ရူးရဲ႕ ဖန္တီးေပးမႈကို ေပါ့ဘာက ဂိုးေရွ႕အနည္းငယ္ထြက္ေနတဲ့ ၾသစေၾတးလ် ဂိုးသမား မက္သရူးရိုင္ယန္ကို အသာအယာမၿပီး ကန္သြင္း အဆံုးသတ္ခဲ့တာ ျဖစ္ပါတယ္။ ေပါ့ဘာရဲ႕ ကန္ခ်က္က ဂိုးဘားတန္းကိုထိၿပီး ဂိုးစည္းထဲမွာ ေထာက္ကာ အျပင္ကို ျပန္ထြက္လာခဲ့ေပမယ့္ အျငင္းပြားဖြယ္အေနအထား ျဖစ္ခဲ့ေပမယ့္ ဂိုးလိုင္းနည္းပညာအရ ဂိုးစည္းကို ေက်ာ္သြားခဲ့လို႔ ျပင္သစ္အသင္း အႏိုင္ဂိုးကို ရရွိခဲ့တာ ျဖစ္ပါတယ္။ ဒီေန႔ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆုကို ျပင္သစ္အသင္းအတြက္ အဖြင့္ဂိုးသြင္းယူေပးခဲ့တဲ့ တိုက္စစ္ကစားသမား ဂရစ္ဇ္မန္းက ရရွိခဲ့ပါတယ္။

ျပင္သစ္ – ၾသစေၾတးလ်ပြဲမွ ထူးျခားခ်က္တခ်ိဳ႔
– ျပင္သစ္အသင္းနဲ႔ ၾသစေၾတးလ်အသင္းတို႔ ကစားခဲ့တဲ့ ပြဲစဥ္ပထပိုင္းမွာတင္ (၂)သင္းေပါင္း ျပစ္ဒဏ္က်ဴးလြန္မႈ (၁၆)ႀကိမ္အထိ ရွိခဲ့ၿပီး အခုႏွစ္ ၿပိဳင္ပြဲရဲ႕ ပထမပိုင္းမွာတင္ ျပစ္ဒဏ္အမ်ားဆံုး က်ဴးလြန္ခဲ့တဲ့ ပြဲစဥ္ျဖစ္ခဲ့ပါတယ္။
– ၾသစေၾတးလ်အသင္းအတြက္ ဂိုးေပါက္ ကာကြယ္မႈ (၄)ႀကိမ္ ျပဳလုပ္ေပးခဲ့တဲ့ ဂိုးသမား မက္သရူးရိုင္ယန္ဟာ လက္ရွိအခ်ိန္မွာ ဂိုးေပါက္ ကာကြယ္မႈ အမ်ားဆံုး ျပဳလုပ္ႏိုင္တဲ့ ဂိုးသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။
– ပယ္နယ္တီကေန အသင္းအတြက္ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့တဲ့ တိုက္စစ္မွဴး ဂရစ္ဇ္မန္းဟာ သူ႔ရဲ႕ ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆံုး ကမၻာ႔ဖလား သြင္းဂိုးကို ရယူခဲ့တာျဖစ္ပါတယ္။

Photo:Google, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ပေါ့ဘာကြောင့် အသက်ရှုချောင်ခဲ့တဲ့ နာမည်ကြီး ပြင်သစ်အသင်း

အုပ်စု (C)ရဲ့ အဖွင့်ပွဲစဉ်အဖြစ် နာမည်ကြီး ပြင်သစ်အသင်းနဲ့ သြစတြေးလျအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ပြင်သစ်အသင်းက ကွင်းလယ်လူ ပေါ့ဘာရဲ့ နောက်ကျ သွင်းဂိုးကြောင့် (၂-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ နှစ်သင်းစလုံး အုပ်စုအဖွင့်ပွဲစဉ်ဖြစ်တာနဲ့အညီ ရလဒ်ကောင်းရယူနိုင်ဖို့ အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ နယ်သာလန်လူမျိုးနည်းပြ ဗန်မာဝတ်ခ် အသင်းကို ကိုင်တွယ်ခဲ့တဲ့နောက်ပိုင်း ပုံစံကောင်းတွေ ပြသနေတဲ့ သြစတြေးလျအသင်း ဒီနေ့ပွဲစဉ်မှာလည်း ပြင်သစ်အသင်းကို ခြေရည်တူ ကစားနိုင်ခဲ့ပါတယ်။ သြစတြေးလျအသင်းရဲ့ ဂိုးသမား မက်သရူးရိုင်ယန် လက်စွမ်းပြခဲ့ပြီး  ပြင်သစ်အသင်းရဲ့ အပိုင် ဂိုးပေါက် ကန်သွင်းမှု (၄)ကြိမ်လောက်ကို ကာကွယ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်နဲ့ တစ်ဖက် ဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ ဂိုးမရှိသရေ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။ နှစ်သင်းစလုံးရဲ့ အကျိတ်အနယ် ကစားပုံကြောင့် ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး VAR စနစ်ကော၊ ဂိုးလိုင်းနည်းပညာစနစ်ကိုပါ ပွဲချိန်အတွင်း အသုံးပြုခဲ့ရပါတယ်။

France-Vs-Australia-Match

France-Vs-Australia-Match

ပထမပိုင်းမှာ ဂိုးမရှိသရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး ဒုတိယပိုင်းမှာတော့ နိုင်ပွဲရရှိဖို့ လိုအပ်နေတဲ့ ပြင်သစ်အသင်း ပွဲစထဲက တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ဒုတိယပိုင်းစတင်ပြီး (၇)မိနစ်အကြာမှာပဲ ဂရစ်ဇ်မန်းကို သြစတြေးလျနောက်ခံလူ ရစ်ဒင် ပယ်နယ်တီဧရိယာအတွင်း ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီး VAR စနစ်ကို အသုံးပြုကာ ကွင်းလယ်ဒိုင်က ပယ်နယ်တီအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ဒီပယ်နယ်တီကို ဂရစ်ဇ်မန်းကပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး အသင်းအတွက် ဦးဆောင်ဂိုးကို ရယူပေးခဲ့ပါတယ်။ ပြင်သစ်အသင်း ဦးဆောင်ဂိုး ရရှိပြီး မိနစ်ပိုင်းအကြာ ပွဲကစားချိန် (၆၂)မိနစ်မှာပဲ မထင်မှတ်တဲ့ အနေအထားကနေ သြစတြေးလျအသင်း ချေပဂိုး ပြန်လည်ရရှိခဲ့ပါတယ်။ ပြင်သစ်နောက်ခံလူ အမ်တီတီ ဘောလုံးကို လက်နဲ့ပုတ်ခဲ့လို့ သြစတြေးလျအသင်း ပယ်နယ်တီ ပြန်လည်ရရှိခဲ့ပြီး အသင်းခေါင်းဆောင် ယဲလ်ဒီနက်ခ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ကျန်မိနစ်တွေမှာ သြစတြေးလျအသင်းက သရေရလဒ်ကို ထိန်းကစားဖို့ လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့သလို ပြင်သစ်အသင်းကလည်း နိုင်ပွဲအတွက် ဂျရူး၊ ဖယ်ကီယာ၊ မာတွီဒီတို့ကို ထည့်သွင်းကာ တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် (၈၁)အရောက်မှာတော့ လူစားဝင် ကစားသမား ဂျရူးရဲ့ ဖန်တီးပေးမှုကို ပေါ့ဘာက ဂိုးရှေ့အနည်းငယ်ထွက်နေတဲ့ သြစတြေးလျ ဂိုးသမား မက်သရူးရိုင်ယန်ကို အသာအယာမပြီး ကန်သွင်း အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ ပေါ့ဘာရဲ့ ကန်ချက်က ဂိုးဘားတန်းကိုထိပြီး ဂိုးစည်းထဲမှာ ထောက်ကာ အပြင်ကို ပြန်ထွက်လာခဲ့ပေမယ့် အငြင်းပွားဖွယ်အနေအထား ဖြစ်ခဲ့ပေမယ့် ဂိုးလိုင်းနည်းပညာအရ ဂိုးစည်းကို ကျော်သွားခဲ့လို့ ပြင်သစ်အသင်း အနိုင်ဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကို ပြင်သစ်အသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းက ရရှိခဲ့ပါတယ်။

ပြင်သစ် – သြစတြေးလျပွဲမှ ထူးခြားချက်တချို့
– ပြင်သစ်အသင်းနဲ့ သြစတြေးလျအသင်းတို့ ကစားခဲ့တဲ့ ပွဲစဉ်ပထပိုင်းမှာတင် (၂)သင်းပေါင်း ပြစ်ဒဏ်ကျူးလွန်မှု (၁၆)ကြိမ်အထိ ရှိခဲ့ပြီး အခုနှစ် ပြိုင်ပွဲရဲ့ ပထမပိုင်းမှာတင် ပြစ်ဒဏ်အများဆုံး ကျူးလွန်ခဲ့တဲ့ ပွဲစဉ်ဖြစ်ခဲ့ပါတယ်။
– သြစတြေးလျအသင်းအတွက် ဂိုးပေါက် ကာကွယ်မှု (၄)ကြိမ် ပြုလုပ်ပေးခဲ့တဲ့ ဂိုးသမား မက်သရူးရိုင်ယန်ဟာ လက်ရှိအချိန်မှာ ဂိုးပေါက် ကာကွယ်မှု အများဆုံး ပြုလုပ်နိုင်တဲ့ ဂိုးသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
– ပယ်နယ်တီကနေ အသင်းအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ သူ့ရဲ့ ကစားသမားဘဝတစ်လျှောက် ပထမဆုံး ကမ္ဘာ့ဖလား သွင်းဂိုးကို ရယူခဲ့တာဖြစ်ပါတယ်။

Photo:Google, FIFA.com
Aung Kyaw Wai (Akhayar)
www.akhayar.com