This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားနဲ႔ ေတြ႔တိုင္းရံႈးနိမ့္ခဲ့တဲ့ မွတ္တမ္းဆိုးကို ေခ်ဖ်က္ႏိုင္ခဲ့တဲ့ ျပင္သစ္

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲရဲ႕ ရံႈးထြက္ပြဲစဥ္ေတြထဲက ပထမဆံုးပြဲစဥ္အျဖစ္ ကစားခဲ့တဲ့ ျပင္သစ္နဲ႔ အာဂ်င္တီးနား တို႔ရဲ႕ ပြဲစဥ္မွာေတာ့ ျပင္သစ္အသင္းက (၄-၃)ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္ႏိုင္ခဲ့တယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားအသင္းနဲ႔ (၂)ႀကိမ္ ရင္ဆိုင္ဖူးၿပီး (၂)ႀကိမ္စလံုး အေရးနိမ့္ထားတဲ့ မွတ္တမ္းဆိုးကို ျပင္သစ္တို႔ ေခ်ဖ်က္ႏိုင္ခဲ့တယ္။ ၁၉၇၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ အာဂ်င္တီးနားကို ရံႈးနိမ့္ခဲ့တဲ့ ပြဲစဥ္ေနာက္ပိုင္း ေတာင္အေမရိကအသင္းေတြနဲ႔ ေတြ႔တိုင္း ရလဒ္ေကာင္းေလ့ရွိတဲ့ ျပင္သစ္အသင္း မွတ္တမ္းေကာင္းတစ္ရပ္ကို ဆက္ထိန္းႏိုင္ခဲ့တယ္။ အာဂ်င္တီးနားအသင္းကေတာ့ သူတို႔ရဲ႕ ခံစစ္ပိုင္း အားနည္းမႈ ျပႆနာကို ေျဖရွင္းႏိုင္ျခင္းမရွိဘဲ ျပင္သစ္အသင္းရဲ႕ သြင္းဂိုးေတြကို အလြယ္တကူ ခြင့္ျပဳခဲ့ရတယ္။

Griezmann-panelty-kick

Griezmann-panelty-kick

ပြဲအစ (၁၁)မိနစ္မွာတင္ ဘာေပ Mbappe ကို အာဂ်င္တီးနား ေနာက္ခံလူ ရိုဟို Rojo ဂိုးဧရိယာအတြင္း ဆြဲလွဲခဲ့လို႔ ျပင္သစ္အသင္း ပယ္နယ္တီ ကန္ခြင့္ရရွိခဲ့ၿပီး တိုက္စစ္မွဴး ဂရစ္ဇ္မန္း Griezmann က အမွားအယြင္းမရွိ ကန္သြင္းယူေပးခဲ့တယ္။ ပြဲအစ မိနစ္ (၃၀)အတြင္း ျပင္သစ္အသင္းရဲ႕ တိုက္စစ္ဆင္မႈေတြကို အာဂ်င္တီးနားအသင္း ခက္ခက္ခဲခဲ ထိန္းခ်ဳပ္ခဲ့ရၿပီး အထူးသျဖင့္ ဒီေန႔ပြဲမွာ ေျခစြမ္းျပခဲ့တဲ့ လူငယ္တိုက္စစ္မွဴး ဘာေပ Mbappe ကို အာဂ်င္တီးနား ေနာက္ခံလူေတြ ခပ္ၾကမ္းၾကမ္း တားဆီးခဲ့ရတယ္။ ဒီေန႔ပြဲမွာလည္း အာဂ်င္တီးနားအသင္း ကစားပံုက စိတ္ပ်က္ဖို႔ ေကာင္းခဲ့ၿပီး ထိေရာက္တဲ့ တိုက္စစ္ဆင္မႈေတြ မျပဳလုပ္ႏိုင္ခဲ့ဘူး။ ပြဲကစားခ်ိန္ (၄၁)မိနစ္မွာေတာ့ မထင္မွတ္တဲ့ အေနအထားကေန အာဂ်င္တီးနားအသင္း ေခ်ပဂိုးရရွိခဲ့ၿပီး ေတာင္ပံတိုက္စစ္ ကစားသမား ဒီမာရီယာ Di Maria က (၃၅)ကိုက္အကြာကေန ဘယ္ေျခနဲ႔ လွလွပပ ကန္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းရဲ႕ လက္က်န္ မိနစ္ေတြမွာ (၂)သင္းစလံုး ဂိုးမေပးရဖို႔ ထိန္းကစားခဲ့လို (၁-၁)ဂုိး ရလဒ္နဲ႔ ၿပီးဆံုးခဲ့တယ္။

Argentina-players-goal-celebration

Argentina-players-goal-celebration

ဒုတိယပိုင္းမွာ ပြဲစၿပီး မိနစ္ပိုင္းအၾကာ (၄၈)မိနစ္မွာ အာဂ်င္တီးနားတို႔ ျပင္သစ္အသင္းကို တစ္ေက်ာ႔ျပန္ ဦးေဆာင္ႏိုင္ခဲ့တယ္။ အသင္းေခါင္းေဆာင္ မက္ဆီ Messi ရဲ႕ ကန္ခ်က္ကို ေနာက္ခံလူ မာကာဒို Mercado က အလိုက္သင့္ လမ္းေၾကာင္းေျပာင္းကာ အသင္းအတြက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းရဲ႕ ဦးေဆာင္မႈကို (၉)မိနစ္သာ ၾကာျမင့္ခဲ့ၿပီး ပြဲကစားခ်ိန္ (၅၇)မိနစ္မွာ ျပင္သစ္ေနာက္ခံလူ ပါဗတ္ Pavard က ဂိုးဧရိယာအစပ္နားကေန Half-Volley ကန္ခ်က္နဲ႔ လွလွပပ ေခ်ပေပးခဲ့တာျဖစ္တယ္။ (၂)ဂိုးစီ သေရျဖစ္သြားတဲ့ ေနာက္ပိုင္းမွာ အာဂ်င္တီးနားအသင္း ခံစစ္ကစားပံုက လံုးဝၿပိဳဆင္းသြားခဲ့ၿပီး ပြဲကစားခ်ိန္ (၆၄)မိနစ္နဲ႔ (၆၈)မိနစ္ေတြမွာ ဆက္တိုက္ဆိုသလို ျပင္သစ္တို႔ ဦးေဆာင္ဂိုးေတြ ထပ္မံရရွိခဲ့တယ္။ ဒီေန႔ပြဲမွာ ေျခစြမ္းျပေနတဲ့ ဘာေပ Mbappe က အာဂ်င္တီးနား ခံစစ္ကစားသမားေတြနဲ႔ ဂိုးသမားရဲ႕ အားနည္းခ်က္ေတြကို အခြင့္အေရးယူကာ ျပင္သစ္အသင္းအတြက္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

Argentina-captain-Messi1

Argentina-captain-Messi1

လက္က်န္ပြဲခ်ိန္ေတြမွာ ျပင္သစ္တို႔ အႏုိင္ရလဒ္ကို ထိန္းသိမ္းႏုိင္ဖို႔ ကစားကြက္ အနည္းငယ္ေျပာင္းလဲခဲ့ၿပီး အာဂ်င္တီးနားအသင္းကလည္း ေခ်ပဂိုး ရရွိဖို႔ တိုက္စစ္ျမွင့္တင္မႈေတြ ျပဳလုပ္လာခဲ့တယ္။ တိုက္စစ္ျမွင့္တင္လာခဲ့ေပမယ့္ ျပင္သစ္ေနာက္ခံလူေတြကို ေက်ာ္ျဖတ္ႏိုင္ျခင္းမရွိဘဲ ပြဲၿပီးဖို႔ စကၠန္႔ပိုင္းအလိုမွ အသင္းအတြက္ ႏွစ္သိမ့္သြင္းဂိုးကို ျပန္လည္ရရွိခဲ့တယ္။ အသင္းေခါင္းေဆာင္ မက္ဆီ Messi ရဲ႕ တိက်တဲ့ ျဖတ္တင္ေပးပို႔မႈကို လူကပ္မခံထားရတဲ့ တိုက္စစ္မွဴး အဂြဲရိုး Aguero က ေခါင္းတိုက္ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားအသင္းကို အႏိုင္ရရွိခဲ့တဲ့ ျပင္သစ္အသင္းကေတာ့ ကြာတားဖိုင္နယ္အဆင့္မွာ ဥရုေဂြးနဲ႔ ေပၚတူဂီတုိ႔ ပြဲစဥ္က အႏိုင္ရရွိတဲ့ အသင္းနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ပါတယ္။

Man Of The Match – Mbappe (France)

Photo:Google
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားနဲ့ တွေ့တိုင်းရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းဆိုးကို ချေဖျက်နိုင်ခဲ့တဲ့ ပြင်သစ်

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်ပွဲစဉ်တွေထဲက ပထမဆုံးပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနား တို့ရဲ့ ပွဲစဉ်မှာတော့ ပြင်သစ်အသင်းက (၄-၃)ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းနဲ့ (၂)ကြိမ် ရင်ဆိုင်ဖူးပြီး (၂)ကြိမ်စလုံး အရေးနိမ့်ထားတဲ့ မှတ်တမ်းဆိုးကို ပြင်သစ်တို့ ချေဖျက်နိုင်ခဲ့တယ်။ ၁၉၇၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်နောက်ပိုင်း တောင်အမေရိကအသင်းတွေနဲ့ တွေ့တိုင်း ရလဒ်ကောင်းလေ့ရှိတဲ့ ပြင်သစ်အသင်း မှတ်တမ်းကောင်းတစ်ရပ်ကို ဆက်ထိန်းနိုင်ခဲ့တယ်။ အာဂျင်တီးနားအသင်းကတော့ သူတို့ရဲ့ ခံစစ်ပိုင်း အားနည်းမှု ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ပြင်သစ်အသင်းရဲ့ သွင်းဂိုးတွေကို အလွယ်တကူ ခွင့်ပြုခဲ့ရတယ်။

Griezmann-panelty-kick

Griezmann-panelty-kick

ပွဲအစ (၁၁)မိနစ်မှာတင် ဘာပေ Mbappe ကို အာဂျင်တီးနား နောက်ခံလူ ရိုဟို Rojo ဂိုးဧရိယာအတွင်း ဆွဲလှဲခဲ့လို့ ပြင်သစ်အသင်း ပယ်နယ်တီ ကန်ခွင့်ရရှိခဲ့ပြီး တိုက်စစ်မှူး ဂရစ်ဇ်မန်း Griezmann က အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့တယ်။ ပွဲအစ မိနစ် (၃၀)အတွင်း ပြင်သစ်အသင်းရဲ့ တိုက်စစ်ဆင်မှုတွေကို အာဂျင်တီးနားအသင်း ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပြီး အထူးသဖြင့် ဒီနေ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ လူငယ်တိုက်စစ်မှူး ဘာပေ Mbappe ကို အာဂျင်တီးနား နောက်ခံလူတွေ ခပ်ကြမ်းကြမ်း တားဆီးခဲ့ရတယ်။ ဒီနေ့ပွဲမှာလည်း အာဂျင်တီးနားအသင်း ကစားပုံက စိတ်ပျက်ဖို့ ကောင်းခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ဘူး။ ပွဲကစားချိန် (၄၁)မိနစ်မှာတော့ မထင်မှတ်တဲ့ အနေအထားကနေ အာဂျင်တီးနားအသင်း ချေပဂိုးရရှိခဲ့ပြီး တောင်ပံတိုက်စစ် ကစားသမား ဒီမာရီယာ Di Maria က (၃၅)ကိုက်အကွာကနေ ဘယ်ခြေနဲ့ လှလှပပ ကန်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းရဲ့ လက်ကျန် မိနစ်တွေမှာ (၂)သင်းစလုံး ဂိုးမပေးရဖို့ ထိန်းကစားခဲ့လို (၁-၁)ဂိုး ရလဒ်နဲ့ ပြီးဆုံးခဲ့တယ်။

Argentina-players-goal-celebration

Argentina-players-goal-celebration

ဒုတိယပိုင်းမှာ ပွဲစပြီး မိနစ်ပိုင်းအကြာ (၄၈)မိနစ်မှာ အာဂျင်တီးနားတို့ ပြင်သစ်အသင်းကို တစ်ကျော့ပြန် ဦးဆောင်နိုင်ခဲ့တယ်။ အသင်းခေါင်းဆောင် မက်ဆီ Messi ရဲ့ ကန်ချက်ကို နောက်ခံလူ မာကာဒို Mercado က အလိုက်သင့် လမ်းကြောင်းပြောင်းကာ အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ ဦးဆောင်မှုကို (၉)မိနစ်သာ ကြာမြင့်ခဲ့ပြီး ပွဲကစားချိန် (၅၇)မိနစ်မှာ ပြင်သစ်နောက်ခံလူ ပါဗတ် Pavard က ဂိုးဧရိယာအစပ်နားကနေ Half-Volley ကန်ချက်နဲ့ လှလှပပ ချေပပေးခဲ့တာဖြစ်တယ်။ (၂)ဂိုးစီ သရေဖြစ်သွားတဲ့ နောက်ပိုင်းမှာ အာဂျင်တီးနားအသင်း ခံစစ်ကစားပုံက လုံးဝပြိုဆင်းသွားခဲ့ပြီး ပွဲကစားချိန် (၆၄)မိနစ်နဲ့ (၆၈)မိနစ်တွေမှာ ဆက်တိုက်ဆိုသလို ပြင်သစ်တို့ ဦးဆောင်ဂိုးတွေ ထပ်မံရရှိခဲ့တယ်။ ဒီနေ့ပွဲမှာ ခြေစွမ်းပြနေတဲ့ ဘာပေ Mbappe က အာဂျင်တီးနား ခံစစ်ကစားသမားတွေနဲ့ ဂိုးသမားရဲ့ အားနည်းချက်တွေကို အခွင့်အရေးယူကာ ပြင်သစ်အသင်းအတွက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Argentina-captain-Messi1

Argentina-captain-Messi1

လက်ကျန်ပွဲချိန်တွေမှာ ပြင်သစ်တို့ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ ကစားကွက် အနည်းငယ်ပြောင်းလဲခဲ့ပြီး အာဂျင်တီးနားအသင်းကလည်း ချေပဂိုး ရရှိဖို့ တိုက်စစ်မြှင့်တင်မှုတွေ ပြုလုပ်လာခဲ့တယ်။ တိုက်စစ်မြှင့်တင်လာခဲ့ပေမယ့် ပြင်သစ်နောက်ခံလူတွေကို ကျော်ဖြတ်နိုင်ခြင်းမရှိဘဲ ပွဲပြီးဖို့ စက္ကန့်ပိုင်းအလိုမှ အသင်းအတွက် နှစ်သိမ့်သွင်းဂိုးကို ပြန်လည်ရရှိခဲ့တယ်။ အသင်းခေါင်းဆောင် မက်ဆီ Messi ရဲ့ တိကျတဲ့ ဖြတ်တင်ပေးပို့မှုကို လူကပ်မခံထားရတဲ့ တိုက်စစ်မှူး အဂွဲရိုး Aguero က ခေါင်းတိုက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းကို အနိုင်ရရှိခဲ့တဲ့ ပြင်သစ်အသင်းကတော့ ကွာတားဖိုင်နယ်အဆင့်မှာ ဥရုဂွေးနဲ့ ပေါ်တူဂီတို့ ပွဲစဉ်က အနိုင်ရရှိတဲ့ အသင်းနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။

Man Of The Match – Mbappe (France)

Photo:Google
Aung Kyaw Wai (Akhayar)
www.akhayar.com