[Zawgyi]

ယူ႐ုိ-၁၉၉၆ ေနာက္ပုိင္း ပထမဆုံးအႀကိမ္အျဖစ္ ျပင္သစ္အသင္းမွာ အာဆင္နယ္ကစားသမား တစ္ဦးမွ မပါ၀င္ခ့ဲဘူး

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြ၀င္ ျပင္သစ္အသင္းမွာ အာဆင္နယ္ကစားသမား တစ္ဦးမွ မပါ၀င္ခဲ့တာဟာ ယူ႐ုိ- ၁၉၉၆ ေနာက္ပုိင္း ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ ျပင္သစ္အသင္းနည္းျပဒက္ခ်မ့္စ္ Deschamps ဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ အၿပီးသတ္(၃၂)ဦးစာရင္းကုိ ၿပီးခဲ့တဲ့ၾကာသပေတးေန႔က ထုတ္ျပန္ေၾကညာခဲ့သလုိ တနလၤာေန႔မွာ ဖီဖာထံ တင္သြင္းခဲ့တယ္။ ျပင္သစ္အသင္းနည္းျပဒက္ခ်မ့္စ္က အာဆင္နယ္ ကစားသမားႏွစ္ဦးျဖစ္တဲ့ တိုက္စစ္မွဴး လာကာဇက္ Lacazette၊ ေနာက္ခံလူ ကုိစီယဲလ္နီ Koscielny တို႔ကုိ ေရြးခ်ယ္ျခင္းမရွိတာေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားလူစာရင္းမွာ အာဆင္နယ္ ကစားသမားတစ္ဦးမွ မပါ၀င္ခဲ့တာပါ။

France-Football-Team-Squads

France-Football-Team-Squads

ကုိစီယဲလ္နီဟာ ယူ႐ုိပါလိဂ္ဆီမီးဖုိင္နယ္ပဲြမွာ ေျခဖေနာင့္ေက်ာ ဒဏ္ရာရရွိခဲ့တာေၾကာင့္ ၂၀၁၈ ကမၻာ႔ဖလားကို လဲြေခ်ာ္မွာျဖစ္သလုိ လာမယ့္ရာသီက်ရင္လည္း ရာသီ၀က္ ေလာက္အထိ အနားယူရဖုိ႔ရွိေနပါတယ္။ ဒက္ခ်မ့္စ္အေနနဲ႔ တိုက္စစ္ပုိင္းအတြက္ ကစားသမားေရြးခ်ယ္တဲ့ ေနရာမွာ လာကာဇာထက္ ဘာေပ Mbappe၊ ဂရစ္ဇ္မန္း Griezmann၊ အူစမန္ဒမ္ဘီလီ Ousmane Dembele တို႔ကုိ ဦးစားေပးခဲ့တာပါ။ဒက္ခ်မ့္စ္ရဲ႕လူစာရင္းမွာ တိုက္စစ္မွဴး ဂ်႐ူး Giroud ပါ၀င္ခဲ့ေပမယ့္လည္း အာဆင္နယ္အသင္းက သူ႔ကုိ ၿပီးခဲ့တဲ့ ဇန္န၀ါရီလတုန္းက ခ်ယ္လ္ဆီးအသင္းဆီ ေရာင္းခ်ခဲ့တာေၾကာင့္ ဒီလုိ မွတ္တမ္းဆုိးနဲ႔ အာဆင္နယ္ ရင္ဆုိင္ခဲ့ရတာျဖစ္ပါတယ္။

Euro-2002-winning-France-team-included-Arsenal-stars-Henry-Pires-Wiltord-and-Anelka

Euro-2002-winning-France-team-included-Arsenal-stars-Henry-Pires-Wiltord-and-Anelka

အာဆင္နယ္အသင္းကုိ ဂႏၱ၀င္နည္းျပႀကီး အာစင္၀င္းဂါး Arsene Wenger စတင္ကုိင္တြယ္ခဲ့တဲ့ ၁၉၉၆ ခုႏွစ္ကေန ၂၀၁၈ ခုႏွစ္အတြင္း အာဆင္နယ္အသင္းက ကစားသမားအမ်ားစုဟာ ျပင္သစ္အသင္းလူစာရင္းမွာ ပါ၀င္ခဲ့ၿပီး ယူ႐ုိ-၂၀၀၀မွာ ျပင္သစ္အသင္းဗုိလ္စဲြခဲ့တုန္းကဆုိရင္ အာဆင္နယ္ ကစားသမား (၆)ဦးအထိ ပါ၀င္ခဲ့ၾကတယ္။

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ျပင္သစ္အသင္းလူစာရင္း
ဂိုး 
– လိုရစ္၊ မန္ဒန္ဒါ၊ အာရိုလာ
ေနာက္တန္း – ပါဗက္၊ ကင္ပန္ဘီ၊ ဗာရန္း၊ အမ္တီတီ၊ ရာမီ၊ ဆီဘီဒီ၊ လူးကပ္စ္ဖာနန္ဒက္ဇ္၊ မန္ဒီ
အလယ္တန္း – ေပါ့ဘာ၊ တိုလစ္ဆို၊ ကန္ေတ၊ မာတြီဒီ၊ အန္ဇြန္ဇီ
ေရွ႕တန္း – ဂရစ္ဇ္မန္း၊ လီမာ၊ ဂ်ရူး၊ ဘာေပ၊ ဒမ္ဘီလီ၊ ဖာကီယာ၊ သာအူဗင္

REF:The Sun
Photo:Getty Images,Vivaro News,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ယူရို-၁၉၉၆ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြင်သစ်အသင်းမှာ အာဆင်နယ်ကစားသမား တစ်ဦးမှ မပါဝင်ခဲ့ဘူး

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ အာဆင်နယ်ကစားသမား တစ်ဦးမှ မပါဝင်ခဲ့တာဟာ ယူရို- ၁၉၉၆ နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ပြင်သစ်အသင်းနည်းပြဒက်ချမ့်စ် Deschamps ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်(၃၂)ဦးစာရင်းကို ပြီးခဲ့တဲ့ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့သလို တနင်္လာနေ့မှာ ဖီဖာထံ တင်သွင်းခဲ့တယ်။ ပြင်သစ်အသင်းနည်းပြဒက်ချမ့်စ်က အာဆင်နယ် ကစားသမားနှစ်ဦးဖြစ်တဲ့ တိုက်စစ်မှူး လာကာဇက် Lacazette၊ နောက်ခံလူ ကိုစီယဲလ်နီ Koscielny တို့ကို ရွေးချယ်ခြင်းမရှိတာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားလူစာရင်းမှာ အာဆင်နယ် ကစားသမားတစ်ဦးမှ မပါဝင်ခဲ့တာပါ။

France-Football-Team-Squads

France-Football-Team-Squads

ကိုစီယဲလ်နီဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပွဲမှာ ခြေဖနောင့်ကျော ဒဏ်ရာရရှိခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားကို လွဲချော်မှာဖြစ်သလို လာမယ့်ရာသီကျရင်လည်း ရာသီဝက် လောက်အထိ အနားယူရဖို့ရှိနေပါတယ်။ ဒက်ချမ့်စ်အနေနဲ့ တိုက်စစ်ပိုင်းအတွက် ကစားသမားရွေးချယ်တဲ့ နေရာမှာ လာကာဇာထက် ဘာပေ Mbappe၊ ဂရစ်ဇ်မန်း Griezmann၊ အူစမန်ဒမ်ဘီလီ Ousmane Dembele တို့ကို ဦးစားပေးခဲ့တာပါ။ဒက်ချမ့်စ်ရဲ့လူစာရင်းမှာ တိုက်စစ်မှူး ဂျရူး Giroud ပါဝင်ခဲ့ပေမယ့်လည်း အာဆင်နယ်အသင်းက သူ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ချယ်လ်ဆီးအသင်းဆီ ရောင်းချခဲ့တာကြောင့် ဒီလို မှတ်တမ်းဆိုးနဲ့ အာဆင်နယ် ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

Euro-2002-winning-France-team-included-Arsenal-stars-Henry-Pires-Wiltord-and-Anelka

Euro-2002-winning-France-team-included-Arsenal-stars-Henry-Pires-Wiltord-and-Anelka

အာဆင်နယ်အသင်းကို ဂန္တဝင်နည်းပြကြီး အာစင်ဝင်းဂါး Arsene Wenger စတင်ကိုင်တွယ်ခဲ့တဲ့ ၁၉၉၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အတွင်း အာဆင်နယ်အသင်းက ကစားသမားအများစုဟာ ပြင်သစ်အသင်းလူစာရင်းမှာ ပါဝင်ခဲ့ပြီး ယူရို-၂၀၀၀မှာ ပြင်သစ်အသင်းဗိုလ်စွဲခဲ့တုန်းကဆိုရင် အာဆင်နယ် ကစားသမား (၆)ဦးအထိ ပါဝင်ခဲ့ကြတယ်။

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်သစ်အသင်းလူစာရင်း
ဂိုး 
– လိုရစ်၊ မန်ဒန်ဒါ၊ အာရိုလာ
နောက်တန်း – ပါဗက်၊ ကင်ပန်ဘီ၊ ဗာရန်း၊ အမ်တီတီ၊ ရာမီ၊ ဆီဘီဒီ၊ လူးကပ်စ်ဖာနန်ဒက်ဇ်၊ မန်ဒီ
အလယ်တန်း – ပေါ့ဘာ၊ တိုလစ်ဆို၊ ကန်တေ၊ မာတွီဒီ၊ အန်ဇွန်ဇီ
ရှေ့တန်း – ဂရစ်ဇ်မန်း၊ လီမာ၊ ဂျရူး၊ ဘာပေ၊ ဒမ်ဘီလီ၊ ဖာကီယာ၊ သာအူဗင်

REF:The Sun
Photo:Getty Images,Vivaro News,Twitter
Naing Linn(Akhayar)
www.akhayar.com