This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

ဂုိးေပါက္ေပ်ာက္ေနေပမယ့္ ဂ်႐ူး Giroud ကုိ ယုံၾကည္မႈအျပည့္အ၀ရွိတဲ့ ဒက္စ္ခ်မ့္ Deschamps

ျပင္သစ္အသင္းနည္းျပဒက္စ္ခ်မ့္ Deschamps က အခုကမၻာ႔ဖလားၿပိဳင္ပဲြမွာ တိုက္စစ္မွဴးဂ်႐ူး Giroud ဂုိးေပါက္ေပ်ာက္ေနေပမယ့္ သူ႔အေပၚ အျပည့္အ၀ယုံၾကည္မႈရွိတယ္လုိ႔ ေျပာၾကားခဲ့ပါတယ္။ အသက္(၃၁)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဂ်႐ူးဟာ ျပင္သစ္အသင္းကစားခဲ့တဲ့ (၄)ပဲြစလုံးမွာ ပါ၀င္ကစားခြင့္ရခဲ့ေပမယ့္ တစ္ဂုိးမွမသြင္းႏုိင္သလုိ ဂုိးေပါက္တည့္မႈလည္း တစ္ႀကိမ္မွမရွိခဲ့ပါဘူး။ ျပင္သစ္အသင္းဟာ လာမယ့္အဂၤါေန႔က်ရင္ ဆီမီးဖုိင္နယ္ပဲြအျဖစ္ ဘယ္လ္ဂ်ီယံနဲ႔ကစားရမွာျဖစ္ၿပီး ဒက္စ္ခ်မ့္က အဲဒီပဲြမွာ ဂ်႐ူးကုိ ဆက္လက္အသုံးျပဳသြားမယ္လုိ႔ ဆုိခဲ့တယ္။

Giroud-against-Caceres

Giroud-against-Caceres

ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ျပင္သစ္အသင္းအတြက္ ဆုိးဆုိးရြားရြား ဂုိးေပါက္ေပ်ာက္ခဲ့တဲ့သူက ဂြီဗာရက္ခ်္ Guivarc’h ျဖစ္ၿပီး ၁၉၉၈ ကမၻာ႔ ဖလားၿပိဳင္ပဲြတုနး္က (၂၆၈)မိနစ္ကစားတာမွာ ဂုိးေပါက္တည့္မႈ(၃)ႀကိမ္၊ သြင္းဂုိးမရွိ၊ ဂုိးကန္သြင္းခ်က္ (၁၆)ႀကိမ္သာရွိခဲ့တာပါ။ အခု ဂ်႐ူးက သူ႔ထက္ပုိဆုိးေနၿပီး မိနစ္ေပါင္း(၃၈၀)ကစားၿပီးခ်ိန္မွာ ဂုိးကန္သြင္းခ်က္(၇)ႀကိမ္၊ ဂုိးေပါက္တည့္မႈမရွိ၊ သြင္းဂုိးမရွိဆုိတဲ့ မွတ္တမ္းဆုိးနဲ႔ရင္ဆုိင္ေနရတယ္။ ဒါေပမဲ့ ဒက္စ္ခ်မ့္က ဂ်႐ူးကုိ ယုံၾကည္မႈရွိေနဆဲပါပဲ။ ဒက္စ္ခ်မ့္က “အခု ကမၻာ႔ဖလားမွာ ဂ်႐ူးဂုိးမသြင္းေသးပါဘူး။ ဂုိးမသြင္းေသးဘူးလုိ႔ပဲ ကၽြန္ေတာ္ေျပာတာေနာ္၊ ဂုိးမသြင္းေတာ့ဘူးလုိ႔ ေျပာတာမဟုတ္ဘူး။ သူဟာ တျခားကစားသမားေတြလုိ ကုိယ္တစ္ဦးတည္းေကာင္းဖုိ႔ ကစားတတ္တဲ့သူ မဟုတ္လုိ႔ပါ။ ဒါေပမဲ့ ကၽြန္ေတာ္တို႔အသင္းမွာ သူ႔ကုိ အခ်ိန္တိုင္း၊ ပဲြတိုင္း လုိအပ္ပါတယ္။ ဂ်႐ူးက ဂုိးမသြင္းရင္ေတာင္ အသင္းအေပၚ အမ်ားႀကီး အေထာက္အကူျဖစ္ေစတဲ့ကစားသမားတစ္ဦးပါ”လုိ႔ ဆုိခဲ့ပါတယ္။

REF:BBC
Photo:Boston Herald,FIFA
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ဂိုးပေါက်ပျောက်နေပေမယ့် ဂျရူး Giroud ကို ယုံကြည်မှုအပြည့်အဝရှိတဲ့ ဒက်စ်ချမ့် Deschamps

ပြင်သစ်အသင်းနည်းပြဒက်စ်ချမ့် Deschamps က အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ တိုက်စစ်မှူးဂျရူး Giroud ဂိုးပေါက်ပျောက်နေပေမယ့် သူ့အပေါ် အပြည့်အဝယုံကြည်မှုရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျရူးဟာ ပြင်သစ်အသင်းကစားခဲ့တဲ့ (၄)ပွဲစလုံးမှာ ပါဝင်ကစားခွင့်ရခဲ့ပေမယ့် တစ်ဂိုးမှမသွင်းနိုင်သလို ဂိုးပေါက်တည့်မှုလည်း တစ်ကြိမ်မှမရှိခဲ့ပါဘူး။ ပြင်သစ်အသင်းဟာ လာမယ့်အင်္ဂါနေ့ကျရင် ဆီမီးဖိုင်နယ်ပွဲအဖြစ် ဘယ်လ်ဂျီယံနဲ့ကစားရမှာဖြစ်ပြီး ဒက်စ်ချမ့်က အဲဒီပွဲမှာ ဂျရူးကို ဆက်လက်အသုံးပြုသွားမယ်လို့ ဆိုခဲ့တယ်။

Giroud-against-Caceres

Giroud-against-Caceres

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် ဆိုးဆိုးရွားရွား ဂိုးပေါက်ပျောက်ခဲ့တဲ့သူက ဂွီဗာရက်ချ် Guivarc’h ဖြစ်ပြီး ၁၉၉၈ ကမ္ဘာ့ ဖလားပြိုင်ပွဲတုန်းက (၂၆၈)မိနစ်ကစားတာမှာ ဂိုးပေါက်တည့်မှု(၃)ကြိမ်၊ သွင်းဂိုးမရှိ၊ ဂိုးကန်သွင်းချက် (၁၆)ကြိမ်သာရှိခဲ့တာပါ။ အခု ဂျရူးက သူ့ထက်ပိုဆိုးနေပြီး မိနစ်ပေါင်း(၃၈၀)ကစားပြီးချိန်မှာ ဂိုးကန်သွင်းချက်(၇)ကြိမ်၊ ဂိုးပေါက်တည့်မှုမရှိ၊ သွင်းဂိုးမရှိဆိုတဲ့ မှတ်တမ်းဆိုးနဲ့ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ ဒက်စ်ချမ့်က ဂျရူးကို ယုံကြည်မှုရှိနေဆဲပါပဲ။ ဒက်စ်ချမ့်က “အခု ကမ္ဘာ့ဖလားမှာ ဂျရူးဂိုးမသွင်းသေးပါဘူး။ ဂိုးမသွင်းသေးဘူးလို့ပဲ ကျွန်တော်ပြောတာနော်၊ ဂိုးမသွင်းတော့ဘူးလို့ ပြောတာမဟုတ်ဘူး။ သူဟာ တခြားကစားသမားတွေလို ကိုယ်တစ်ဦးတည်းကောင်းဖို့ ကစားတတ်တဲ့သူ မဟုတ်လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ သူ့ကို အချိန်တိုင်း၊ ပွဲတိုင်း လိုအပ်ပါတယ်။ ဂျရူးက ဂိုးမသွင်းရင်တောင် အသင်းအပေါ် အများကြီး အထောက်အကူဖြစ်စေတဲ့ကစားသမားတစ်ဦးပါ”လို့ ဆိုခဲ့ပါတယ်။

REF:BBC
Photo:Boston Herald,FIFA
Naing Linn(Akhayar)
www.akhayar.com