[Zawgyi]

ျပင္သစ္လက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္လုိက္တဲ့ ရာမီ Rami

၂၀၁၈ ကမၻာ႔ဖလားမွာ ျပင္သစ္အသင္းနဲ႔အတူ ခ်န္ပီယံဆုဖလားရခဲ့ၿပီးတဲ့ေနာက္ ျပင္သစ္ေနာက္ခံလူ ရာမီ Rami ဟာ လက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္လုိက္ၿပီျဖစ္ပါတယ္။ မာေဆးလ္အသင္းမွာ ကစားေနတဲ့ ရာမီဟာ ျပင္သစ္အသင္းနဲ႔အတူ ကမၻာ႔ဖလားခ်န္ပီယံျဖစ္ခဲ့ေပမယ့္ ၿပိဳင္ပဲြတစ္ေလွ်ာက္ တစ္ပဲြမွ ပါ၀င္ကစားခြင့္မရခဲ့ပါဘူး။ အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရာမီဟာ ျပင္သစ္အသင္းအတြက္ (၃၅)ပဲြကစားခဲ့ၿပီး သူက လက္ေရြးစင္ကစားသမားဘ၀(၈)ႏွစ္တာကာလအတြင္း အခုလူစာရင္းက ညီညြတ္မႈအရွိဆုံးလုိ႔ ခ်ီးက်ဴးခဲ့တယ္။

Rami-Celebrate-with-World-Cup

Rami-Celebrate-with-World-Cup

ရာမီက”ျပင္သစ္အသင္းမွာ ဒီေလာက္အထိ ညီညြတ္မႈရွိတာ ကၽြန္ေတာ္တစ္ခါမွ မေတြ႕ဖူးေသးပါဘူး။ ကၽြန္ေတာ္တို႔အသင္း ကမၻာ႔ဖလားနဲ႔ထုိက္တန္ပါတယ္”လုိ႔ေျပာၾကားခဲ့တယ္။ ရာမီဟာ ျပင္သစ္အသင္းမွာ ၂၀၁၀ ခုႏွစ္ကတည္းက ေရြးခ်ယ္ခံခဲ့ရၿပီး ယူ႐ုိ-၂၀၁၂၊ ယူ႐ုိ-၂၀၁၆၊ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြေတြမွာ ပါ၀င္ကစားခဲ့သလုိ အသင္းအတြက္ (၁)ဂုိးသြင္းယူခဲ့ပါတယ္။ ကလပ္အသင္းကစားသမားဘ၀ လုိင္လီ၊ ဗလင္စီယာ၊ ေအစီမီလန္၊ ဆီဗီလာ စတဲ့အသင္းေတြမွာ ကစားခဲ့ၿပီး လုိင္လီနဲ႔အတူ ျပင္သစ္လီဂူး၊ ျပင္သစ္ဖလား ေတြရရွိခ့ဲတဲ့အျပင္ ဆီဗီလာအသင္းနဲ႔အတူ ယူ႐ုိပါလိဂ္ဖလားရရွိခဲ့တယ္။

REF:The Sun
Photo:GettyImages
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပြင်သစ်လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်တဲ့ ရာမီ Rami

၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းနဲ့အတူ ချန်ပီယံဆုဖလားရခဲ့ပြီးတဲ့နောက် ပြင်သစ်နောက်ခံလူ ရာမီ Rami ဟာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်လိုက်ပြီဖြစ်ပါတယ်။ မာဆေးလ်အသင်းမှာ ကစားနေတဲ့ ရာမီဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက် တစ်ပွဲမှ ပါဝင်ကစားခွင့်မရခဲ့ပါဘူး။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမီဟာ ပြင်သစ်အသင်းအတွက် (၃၅)ပွဲကစားခဲ့ပြီး သူက လက်ရွေးစင်ကစားသမားဘဝ(၈)နှစ်တာကာလအတွင်း အခုလူစာရင်းက ညီညွတ်မှုအရှိဆုံးလို့ ချီးကျူးခဲ့တယ်။

Rami-Celebrate-with-World-Cup

Rami-Celebrate-with-World-Cup

ရာမီက”ပြင်သစ်အသင်းမှာ ဒီလောက်အထိ ညီညွတ်မှုရှိတာ ကျွန်တော်တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ ကျွန်တော်တို့အသင်း ကမ္ဘာ့ဖလားနဲ့ထိုက်တန်ပါတယ်”လို့ပြောကြားခဲ့တယ်။ ရာမီဟာ ပြင်သစ်အသင်းမှာ ၂၀၁၀ ခုနှစ်ကတည်းက ရွေးချယ်ခံခဲ့ရပြီး ယူရို-၂၀၁၂၊ ယူရို-၂၀၁၆၊ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပါဝင်ကစားခဲ့သလို အသင်းအတွက် (၁)ဂိုးသွင်းယူခဲ့ပါတယ်။ ကလပ်အသင်းကစားသမားဘ၀ လိုင်လီ၊ ဗလင်စီယာ၊ အေစီမီလန်၊ ဆီဗီလာ စတဲ့အသင်းတွေမှာ ကစားခဲ့ပြီး လိုင်လီနဲ့အတူ ပြင်သစ်လီဂူး၊ ပြင်သစ်ဖလား တွေရရှိခဲ့တဲ့အပြင် ဆီဗီလာအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားရရှိခဲ့တယ်။

REF:The Sun
Photo:GettyImages
Naing Linn(Akhayar)
www.akhayar.com