[Zawgyi]

ျပင္သစ္အသင္းက ႏိုင္ငံသားမဟုတ္တဲ့ ကစားသမားမ်ား

၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီး ဒုတိယအႀကိမ္ေျမာက္ ကမၻာ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ျပင္သစ္အသင္းအေပၚ ဟာသဆန္ဆန္ အျပဳသေဘာေဆာင္တဲ့ ေဝဖန္မႈေတြ ရွိေနပါတယ္။ ဒါကေတာ့ ျပင္သစ္အသင္းမွာ ပါဝင္ကစားသမား ေတာ္ေတာ္မ်ားမ်ားက ႏိုင္ငံသားမဟုတ္ဘဲ (ေမြးစားသား) ႏိုင္ငံလက္ေရြးစင္အသင္းမွာ ပါဝင္ေနခဲ့တာပါ။ ကမၻာ႔ေဘာလံုးအသိုင္းအဝိုင္းရဲ႕ အျဖစ္အပ်က္ေတြကို ေန႔စဥ္ေစာင့္ၾကည့္လ်က္ရွိၿပီး Troll ေတြ ျပဳလုပ္ေနတဲ့ Troll Football ရဲ႕ လူမႈကြန္ရက္စာမ်က္ႏွာေတြထက္မွာဆိုရင္ ကမၻာ႔ဖလားသမိုင္းတစ္ေလွ်ာက္ ပထမဆံုးအႀကိမ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ အာဖရိကအသင္းဆိုၿပီး Troll ေတြ ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။ ျပင္သစ္ႏိုင္ငံဟာ ႏိုင္ငံသားမဟုတ္တဲ့ လူမ်ိဳးစုေတြကို ေရႊ႕ေျပာင္းအေျခခ်ေနထိုင္ခြင့္ ေပးထားခဲ့တာေၾကာင့္လည္း ႏိုင္ငံလက္ေရြးစင္ေဘာလံုးအသင္းမွာေတာင္ ႏိုင္ငံသားစစ္စစ္မဟုတ္တဲ့ ကစားသမားေတြ ပါဝင္လာခဲ့တာပါ။ ယခင္ျပင္သစ္လက္ေရြးစင္အသင္းေတြမွာလည္း ႏိုင္ငံသားစစ္စစ္မဟုတ္တဲ့ ကစားသမားေတြ ပါဝင္ခဲ့ၿပီး ေအာင္ျမင္မႈေတြလည္း ရရွိခဲ့ပါတယ္။ တကယ္လည္း ျပင္သစ္လက္ေရြးစင္အသင္းမွာ ပါဝင္ေနခဲ့တဲ့ ကစားသမားအမ်ားစုက ျပင္သစ္ႏိုင္ငံသားစစ္စစ္ေတြ မဟုတ္ဘဲ ျပင္သစ္ေျမေပၚ အေျခခ်ေနထိုင္ဖို႔ အာဖရိကႏိုင္ငံေတာ္ေတာ္မ်ားမ်ားကေန ေရႊ႕ေျပာင္းအေျခခ်ေနထိုင္ခဲ့တဲ့ မိသားစုေတြရဲ႕ မ်ိဳးဆက္ေတြျဖစ္ေနတာပါပဲ။

France-team-troll

France-team-troll

ျပင္သစ္လက္ေရြးစင္အသင္းရဲ႕ အၿပီးသတ္လူစာရင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမား (၂၃)ဦးထဲက (၂၁)ဦးအထိ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားေပးခဲ့ပါတယ္။ တတိယဦးစားေပးဂိုးသမား အာရီယိုလာ Areola နဲ႔ ေနာက္ခံလူ ရာမီ Rami တို႔ (၂)ဦးသာ ပြဲထြက္ခြင့္မရခဲ့တာျဖစ္ပါတယ္။ ျပင္သစ္အသင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမားေတြအေတာ္မ်ားမ်ားက အာဖရိကသားေတြဆိုတာထက္ ျပင္သစ္ႏိုင္ငံသားမဟုတ္တဲ့ ႏိုင္ငံေပါင္းစံုက ကစားသမားေတြျဖစ္ေနတာပါ။ ျပင္သစ္အသင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမား (၂၃)ဦးထဲမွာ (၅)ဦးကသာ ျပင္သစ္ႏိုင္ငံသားစစ္စစ္ေတြအျဖစ္ ပါဝင္ခဲ့တာပါ။ ျပင္သစ္ႏိုင္ငံသားစစ္စစ္ေတြအျဖစ္ ပါဝင္ခဲ့တဲ့ ကစားသမားေတြက ဂိုးသမား လိုရစ္ Loris၊ ေနာက္ခံလူေတြျဖစ္တဲ့ ပါဗက္ Pavard၊ ဗာရန္း Varane၊ လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernandez နဲ႔ တိုက္စစ္ကစားသမား သာအူဗင္ Thauvin တို႔ပဲျဖစ္ပါတယ္။ အၿပီးသတ္စာရင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမားေတြထဲမွာ ထူးျခားမႈတစ္ခုအေနနဲ႔ ေနာက္ခံလူ ဆီဒီဘီ Sidibe နဲ႔ မန္ဒီ Mendy တို႔ကေတာ့ စာရင္းအတိအက်မသိခဲ့ရေပမယ့္ ျပင္သစ္ႏိုင္ငံစစ္စစ္ထဲမွာေတာ့ မပါဝင္ႏိုင္တဲ့ ကစားသမားေတြျဖစ္ပါတယ္။ အၿပီးသတ္လူစာရင္းမွာ ပါဝင္ခဲ့တဲ့ တျခားကစားသမားေတြက ျပင္သစ္ႏိုင္ငံသားစစ္ေတြမဟုတ္ဘဲ ျပင္သစ္ကို ေျပာင္းေရႊ႕အေျခခ်ခဲ့တဲ့ မိသားစုေတြကေန မ်ိဳးဖြားလာခဲ့တဲ့ မ်ိဳးဆက္ေတြျဖစ္သလို ျပင္သစ္ႏြယ္ဖြား ကစားသမားေတြပဲျဖစ္ပါတယ္။

Champions-Squad

Champions-Squad

ျပင္သစ္အသင္းမွာ ပါဝင္ခဲ့တဲ့ ကစားသမားေတြရဲ႕ ဇာတိႏိုင္ငံမ်ား

လိုရစ္ – ျပင္သစ္
မန္ဒန္ဒါ – ကြန္ဂို
အာရီယိုလာ – ဖိလစ္ပိုင္
ပါဗက္ – ျပင္သစ္
ကင္ပန္ဘီ – ကြန္ဂို
ဗာရန္း – ျပင္သစ္
အမ္တီတီ – ကင္မရြန္း
ရာမီ – ေမာ္ရိုကို
ဆီဒီဘီ – အတိအက်မသိရ
လူးကပ္စ္ဟာနန္ဒက္ဇ္ – ျပင္သစ္
မန္ဒီ – အတိအက်မသိရ
ေပါ့ဘာ – ဂီနီ
တိုလစ္ဆို – တိုဂို
ကန္ေတ – မာလီ
မာတြီဒီ – အန္ဂိုလာ
အန္ဇြန္ဇီ – ကြန္ဂို
ဂရစ္ဇ္မန္း – ေပၚတူဂီ
လီမာ – ဂြါဒီလုပ္
ဂ်ရူး – အီတလီ
ဘာေပ – ကင္မရြန္း
ဒမ္ဘီလီ – ဆီနီေဂါ-မာလီ
ဖယ္ကီယာ – အယ္လ္ဂ်ီးရီးယား
သာအူဗင္ – ျပင္သစ္

REF:Wikipedia
Photo:Troll Football, Twitter, Socceroos
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပြင်သစ်အသင်းက နိုင်ငံသားမဟုတ်တဲ့ ကစားသမားများ

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ဒုတိယအကြိမ်မြောက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်အသင်းအပေါ် ဟာသဆန်ဆန် အပြုသဘောဆောင်တဲ့ ဝေဖန်မှုတွေ ရှိနေပါတယ်။ ဒါကတော့ ပြင်သစ်အသင်းမှာ ပါဝင်ကစားသမား တော်တော်များများက နိုင်ငံသားမဟုတ်ဘဲ (မွေးစားသား) နိုင်ငံလက်ရွေးစင်အသင်းမှာ ပါဝင်နေခဲ့တာပါ။ ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းရဲ့ အဖြစ်အပျက်တွေကို နေ့စဉ်စောင့်ကြည့်လျက်ရှိပြီး Troll တွေ ပြုလုပ်နေတဲ့ Troll Football လူမှုကွန်ရက်စာမျက်နှာတွေထက်မှာဆိုရင် ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဖြစ်ခဲ့တဲ့ အာဖရိကအသင်းဆိုပြီး Troll တွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံဟာ နိုင်ငံသားမဟုတ်တဲ့ လူမျိုးစုတွေကို ရွှေ့ပြောင်းအခြေချနေထိုင်ခွင့် ပေးထားခဲ့တာကြောင့်လည်း နိုင်ငံလက်ရွေးစင်ဘောလုံးအသင်းမှာတောင် နိုင်ငံသားစစ်စစ်မဟုတ်တဲ့ ကစားသမားတွေ ပါဝင်လာခဲ့တာပါ။ ယခင်ပြင်သစ်လက်ရွေးစင်အသင်းတွေမှာလည်း နိုင်ငံသားစစ်စစ်မဟုတ်တဲ့ ကစားသမားတွေ ပါဝင်ခဲ့ပြီး အောင်မြင်မှုတွေလည်း ရရှိခဲ့ပါတယ်။ တကယ်လည်း ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါဝင်နေခဲ့တဲ့ ကစားသမားအများစုက ပြင်သစ်နိုင်ငံသားစစ်စစ်တွေ မဟုတ်ဘဲ ပြင်သစ်မြေပေါ် အခြေချနေထိုင်ဖို့ အာဖရိကနိုင်ငံတော်တော်များများကနေ ရွှေ့ပြောင်းအခြေချနေထိုင်ခဲ့တဲ့ မိသားစုတွေရဲ့ မျိုးဆက်တွေဖြစ်နေတာပါပဲ။

France-team-troll

France-team-troll

ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အပြီးသတ်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား (၂၃)ဦးထဲက (၂၁)ဦးအထိ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားပေးခဲ့ပါတယ်။ တတိယဦးစားပေးဂိုးသမား အာရီယိုလာ Areola နဲ့ နောက်ခံလူ ရာမီ Rami တို့ (၂)ဦးသာ ပွဲထွက်ခွင့်မရခဲ့တာဖြစ်ပါတယ်။ ပြင်သစ်အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေအတော်များများက အာဖရိကသားတွေဆိုတာထက် ပြင်သစ်နိုင်ငံသားမဟုတ်တဲ့ နိုင်ငံပေါင်းစုံက ကစားသမားတွေဖြစ်နေတာပါ။ ပြင်သစ်အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမား (၂၃)ဦးထဲမှာ (၅)ဦးကသာ ပြင်သစ်နိုင်ငံသားစစ်စစ်တွေအဖြစ် ပါဝင်ခဲ့တာပါ။ ပြင်သစ်နိုင်ငံသားစစ်စစ်တွေအဖြစ် ပါဝင်ခဲ့တဲ့ ကစားသမားတွေက ဂိုးသမား လိုရစ် Loris၊ နောက်ခံလူတွေဖြစ်တဲ့ ပါဗက် Pavard၊ ဗာရန်း Varane၊ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez နဲ့ တိုက်စစ်ကစားသမား သာအူဗင် Thauvin တို့ပဲဖြစ်ပါတယ်။ အပြီးသတ်စာရင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေထဲမှာ ထူးခြားမှုတစ်ခုအနေနဲ့ နောက်ခံလူ ဆီဒီဘီ Sidibe နဲ့ မန်ဒီ Mendy တို့ကတော့ စာရင်းအတိအကျမသိခဲ့ရပေမယ့် ပြင်သစ်နိုင်ငံစစ်စစ်ထဲမှာတော့ မပါဝင်နိုင်တဲ့ ကစားသမားတွေဖြစ်ပါတယ်။ အပြီးသတ်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ တခြားကစားသမားတွေက ပြင်သစ်နိုင်ငံသားစစ်တွေမဟုတ်ဘဲ ပြင်သစ်ကို ပြောင်းရွှေ့အခြေချခဲ့တဲ့ မိသားစုတွေကနေ မျိုးဖွားလာခဲ့တဲ့ မျိုးဆက်တွေဖြစ်သလို ပြင်သစ်နွယ်ဖွား ကစားသမားတွေပဲဖြစ်ပါတယ်။

Champions-Squad

Champions-Squad

ပြင်သစ်အသင်းမှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေရဲ့ ဇာတိနိုင်ငံများ

လိုရစ် – ပြင်သစ်
မန်ဒန်ဒါ – ကွန်ဂို
အာရီယိုလာ – ဖိလစ်ပိုင်
ပါဗက် – ပြင်သစ်
ကင်ပန်ဘီ – ကွန်ဂို
ဗာရန်း – ပြင်သစ်
အမ်တီတီ – ကင်မရွန်း
ရာမီ – မော်ရိုကို
ဆီဒီဘီ – အတိအကျမသိရ
လူးကပ်စ်ဟာနန်ဒက်ဇ် – ပြင်သစ်
မန်ဒီ – အတိအကျမသိရ
ပေါ့ဘာ – ဂီနီ
တိုလစ်ဆို – တိုဂို
ကန်တေ – မာလီ
မာတွီဒီ – အန်ဂိုလာ
အန်ဇွန်ဇီ – ကွန်ဂို
ဂရစ်ဇ်မန်း – ပေါ်တူဂီ
လီမာ – ဂွါဒီလုပ်
ဂျရူး – အီတလီ
ဘာပေ – ကင်မရွန်း
ဒမ်ဘီလီ – ဆီနီဂေါ-မာလီ
ဖယ်ကီယာ – အယ်လ်ဂျီးရီးယား
သာအူဗင် – ပြင်သစ်

REF:Wikipedia
Photo:Troll Football, Twitter, Socceroos
Aung Kyaw Wai (Akhayar)
www.akhayar.com