This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

အေကာင္းဆံုး စုဖြဲ႔မႈနဲ႔ တစ္ေက်ာ႔ျပန္ ခ်န္ပီယံအိပ္မက္ကို အေကာင္အထည္ေဖာ္ရမယ့္ ျပင္သစ္အသင္း

ျပင္သစ္အသင္း
ကမၻာ႔ဖလားၿပိဳင္ပြဲကို စတင္ခဲ့တဲ့ ဖီဖာ ဥကၠဌေဟာင္း ဂ်ဴးရီးမက္ရဲ႕ ဇာတိႏိုင္ငံျဖစ္တဲ့ ျပင္သစ္အသင္းဟာ ဘရာဇီးလ္ႏိုင္ငံမွာ က်င္းပခဲ့တဲ့ ၁၉၅၀ ၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ျခင္း မရွိတာကလြဲလို႔ က်န္ၿပိဳင္ပြဲတိုင္းမွာ ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ၁၉၆၂၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၉၀ နဲ႔ ၁၉၉၄ ၿပိဳင္ပြဲေတြမွာေတာ့ ေျခစစ္ပြဲမေအာင္ျမင္ခဲ့လို႔ ၿပိဳင္ပြဲနဲ႔ လြဲေခ်ာ္ခဲ့ပါတယ္။ ပလာတီနီရဲ႕ ဦးေဆာင္မႈနဲ႔အတူ ယူရို-၈၄ ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့ၿပီး ၁၉၈၆ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ တတိယေနရာအထိ အရယူႏိုင္ခဲ့ေပမယ့္ ေနာက္ပိုင္းကာလေတြမွာ အသင္းရဲ႕ ရလဒ္ပိုင္းေတြဟာ အံ့အားသင့္ေလာက္ေအာင္ကို က်ဆင္းခဲ့ၿပီး အဓိကၿပိဳင္ပြဲေတြျဖစ္တဲ့ ကမၻာ႔ဖလား(၁၉၉၀၊ ၁၉၉၄)နဲ႔ ယူရို (၁၉၈၈)ၿပိဳင္ပြဲေတြမွာ ေျခစစ္ပြဲေအာင္ျမင္ခဲ့ျခင္းမရွိတဲ့ အသင္းကို ျပန္လည္ျပင္ဆင္မႈေတြျပဳလုပ္ခဲ့ရပါတယ္။ ယူရို-၉၆ ၿပိဳင္ပြဲမွာေတာ့ ဆီမီးဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ခဲ့သလို အိမ္ရွင္အျဖစ္ လက္ခံက်င္းပတဲ့ ၁၉၉၈ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံဆုကို ရယူႏိုင္ခဲ့တဲ့အထိ သမိုင္းကို ေျမလွန္ပစ္ႏိုင္ခဲ့ပါတယ္။ ယူရို-၂၀၀၀ ၿပိဳင္ပြဲမွာပါ ခ်န္ပီယံဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ ကမၻာ႔ဖလားၿပိဳင္ပြဲနဲ႔ ယူရိုၿပိဳင္ပြဲမွာ ဆက္တိုက္ ဗိုလ္စြဲႏိုင္တဲ့ အသင္းအျဖစ္ပါ မွတ္တမ္း၀င္ခဲ့ပါတယ္။ ဖီဖာအသိအမွတ္ျပဳ ထိပ္တန္းၿပိဳင္ပြဲ (ကမၻာ႔ဖလား၊ တိုက္ႀကီးမ်ားဖလား၊ အိုလံပစ္)ေတြမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အသင္း(၄)သင္းထဲမွာ တစ္သင္းအပါအ၀င္အျဖစ္ မွတ္တမ္းေရးထိုးထားႏိုင္တဲ့ အသင္းပဲ ျဖစ္ပါတယ္။ ၂၀၁၂ ခုႏွစ္ကေန အသင္းကို စတင္ကိုင္တြယ္ခဲ့တဲ့ နည္းျပ ဒက္စ္ခ်မ့္ လက္ေအာင္မွာ အသင္းက အသားက်ေနၿပီျဖစ္သလို ၾကယ္ပြင့္ကစားသမားေတြ စုဖြဲ႔မႈနဲ႔ ဗိုလ္စြဲဖို႔ ေရပန္းစားေနတဲ့ အသင္းတစ္သင္းပဲ ျဖစ္ပါတယ္။

France-World-Cup-Squad

France-World-Cup-Squad

ကမၻာ႔ဖလားသမိုင္းေၾကာင္း
ေခတ္အဆက္ဆက္ ကစားသမားေကာင္းေတြ ထြန္းကားခဲ့တဲ့ ေဘာလံုးထုတ္ကုန္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ျပင္သစ္အသင္းကေတာ့ ပထမဆံုးအႀကိမ္ က်င္းပတဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာကတည္းက ပါ၀င္ယွဥ္ၿပိဳင္ခဲ့တဲ့ အသင္းတစ္သင္းျဖစ္ပါတယ္။ ေရႊေရာင္မ်ိဳးဆက္လို႔ တင္စားရမယ့္ ခုႏွစ္အပိုင္းအျခားျဖစ္တဲ့ ၁၉၉၈ ၿပိဳင္ပြဲမွာ ကမၻာ႔ဖလားကို ရယူႏိုင္ခဲ့ၿပီး ၂၀၀၆ ကမၻာ႔ဖလားမွာ ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ခဲ့ေပမယ့္ မာတာရာဇီကို ေခါင္းနဲ႔တိုက္ခဲ့လို႔ ဂႏၳ၀င္ ကစားသမား ဇီဒန္း ထုတ္ပယ္ခံခဲ့ရမႈနဲ႔အတူ ပယ္နယ္တီအဆံုးအျဖတ္မွာ အီတလီအသင္းကို ရံႈးနိမ့္ခဲ့လို႔ ဒုတိယေနရာနဲ႔ပဲ ေက်နပ္ခဲ့ရပါတယ္။ ၁၉၉၈ ကမၻာ႔ဖလားကို ရယူႏိုင္ခဲ့ၿပီး လက္ရွိခ်န္ပီယံအျဖစ္ ၀င္ေရာက္ယွဥ္ၿပိဳင္တဲ့ ၂၀၀၂ ကမၻာ႔ဖလား အုပ္စုအဖြင့္ပြဲစဥ္မွာတင္ ဆီနီေဂါအသင္းကို အံ့အားသင့္ဖြယ္ ရံႈးနိမ့္ခဲ့ၿပီး အုပ္စုတြင္း ႏုိင္ပြဲတစ္ပြဲမွ မရဘဲ အုပ္စုကေန အရွက္ရဖြယ္ လွည့္ျပန္ခဲ့ရတာကေတာ့ မွတ္တမ္းဆိုးတစ္ခု ျဖစ္ခဲ့ပါတယ္။

ေျခစစ္ပြဲ ျဖတ္သန္းခဲ့မႈ
ဆြီဒင္၊ နယ္သာလန္အသင္းေတြနဲ႔ တစ္အုပ္စုတည္းက်ခဲ့ေပမယ့္ ေျခစစ္ပြဲအဆင့္ကို အခက္အခဲမရွိ ျဖတ္သန္းႏိုင္ခဲ့ပါတယ္။ အဖြင့္ပြဲစဥ္မွာ အသင္းငယ္ ဘီလာရုစ္အသင္းနဲ႔ အေ၀းကြင္းမွာ အံ့အားသင့္ဖြယ္ သေရက်ခဲ့ေပမယ့္ ေနာက္ပိုင္း ပြဲစဥ္ေတြမွာ ရလဒ္ေကာင္းေတြ ေတာက္ေလွ်ာက္ရယူႏိုင္ခဲ့ၿပီး အုပ္စုပထမေနရာကို ရယူကာ တိုက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲအဆင့္မွာ (၁၀)ပြဲ ကစားခဲ့ရၿပီး (၇)ပြဲႏိုင္၊ (၂)ပြဲသေရက်ခဲ့ၿပီး ရံႈးပြဲ (၁)ပြဲသာ ရွိခဲ့ကာ ရမွတ္ (၂၃)မွတ္နဲ႔ တိုက္ရိုက္ေျခစစ္ပြဲေအာင္ျမင္ခဲ့တာ ျဖစ္ပါတယ္။ ေျခစစ္ပြဲေတြမွာ အသင္းအတြက္ တိုက္စစ္မွဴး ဂ်ရူးနဲ႔ ဂရစ္ဇ္မန္းတို႔က ဂိုးအမ်ားဆံုး သြင္းယူေပးခဲ့ၿပီး (၄)ဂိုးစီသြင္းယူေပးခဲ့ၾကပါတယ္။

France-Star-Players

France-Star-Players

ေစာင့္ၾကည့္ရမယ့္ ကစားသမားမ်ား
ျပင္သစ္အသင္းရဲ႕ ေနာက္တန္းမွာေတာ့ ၀ါရင့္ေနာက္ခံလူေတြနဲ႔ လူငယ္ေနာက္ခံလူေတြကို အခ်ိဳးက်က်ဖြဲ႔စည္းထားၿပီး ၿပိဳင္ဘက္အသင္း တိုက္စစ္မွဴးေတြအတြက္ ထိုးေဖာက္ရ ခက္ခဲမယ့္ အေနအထားပါပဲ။ ကြင္းလယ္ပိုင္းကေတာ့ ယူရိုပါလိဂ္ဗိုလ္လုပြဲမွာ ဒဏ္ရာရခဲ့လို႔ လြဲေခ်ာ္ခဲ့တဲ့ ပါယက္ကလြဲလို႔ မာတီြဒီ၊ ေပါ့ဘာ၊ ကြန္ေတတို႔လို အဓိက ကစားသမား အစံုအလင္ ပါ၀င္လာခဲ့ၿပီး လူငယ္ၾကယ္ပြင့္ ကစားသမားေတြျဖစ္တဲ့ ေသာမတ္စ္လီမာ၊ တိုလစ္ဆိုနဲ႔ အဓိကၿပိဳင္ပြဲေတြမွာ တစ္ႀကိမ္မွ ေရြးခ်ယ္မခံခဲ့ရတဲ့ အန္ဇြန္ဇီတို႔ ပါ၀င္လာခဲ့ပါတယ္။ ျပင္သစ္အသင္းရဲ႕အဓိက အသက္ေသြးေၾကာကေတာ့ တိုက္စစ္စုဖြဲ႔မႈလို႔ ေျပာရမွာျဖစ္ၿပီး ဂရစ္ဇ္မန္း၊ ဂ်ရူးတို႔လို အသင္းရဲ႕ အဓိက တိုက္စစ္ကစားသမားေတြကို အခုႏွစ္ေဘာလံုးရာသီ ဥေရာပ ၿပိဳင္ပြဲေတြမွာ ေျခစြမ္းျပ ကစားႏိုင္ခဲ့တဲ့ သာအူဗင္၊ ဖာကီယာ၊ ဒမ္ဘီလီနဲ႔ ဘာေပတို႔လို႔ လူငယ္ကစားသမားေတြနဲ႔ ေပါင္းစပ္ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။ အဓိက ေစာင့္ၾကည့္သြားရမယ့္ ကစားသမားကေတာ့ ဂရစ္ဇ္မန္းျဖစ္ၿပီး ၿပီးခဲ့တဲ့ ယူရိုၿပိဳင္ပြဲမွာလို အသင္းကို သြင္းဂိုးေတြ ေထာက္ပံ့ေပးႏိုင္ဦးမလားဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။

REF:Wikipedia
Photo:FIFA.com, JOE.co.uk, Sport24 – Le Figaro
Aung Kyaw Wai (Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

အကောင်းဆုံး စုဖွဲ့မှုနဲ့ တစ်ကျော့ပြန် ချန်ပီယံအိပ်မက်ကို အကောင်အထည်ဖော်ရမယ့် ပြင်သစ်အသင်း

ပြင်သစ်အသင်း
ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင်ခဲ့တဲ့ ဖီဖာ ဥက္ကဌဟောင်း ဂျူးရီးမက်ရဲ့ ဇာတိနိုင်ငံဖြစ်တဲ့ ပြင်သစ်အသင်းဟာ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၉၅၀ ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခြင်း မရှိတာကလွဲလို့ ကျန်ပြိုင်ပွဲတိုင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ၁၉၆၂၊ ၁၉၇၀၊ ၁၉၇၄၊ ၁၉၉၀ နဲ့ ၁၉၉၄ ပြိုင်ပွဲတွေမှာတော့ ခြေစစ်ပွဲမအောင်မြင်ခဲ့လို့ ပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပါတယ်။ ပလာတီနီရဲ့ ဦးဆောင်မှုနဲ့အတူ ယူရို-၈၄ ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီး ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယနေရာအထိ အရယူနိုင်ခဲ့ပေမယ့် နောက်ပိုင်းကာလတွေမှာ အသင်းရဲ့ ရလဒ်ပိုင်းတွေဟာ အံ့အားသင့်လောက်အောင်ကို ကျဆင်းခဲ့ပြီး အဓိကပြိုင်ပွဲတွေဖြစ်တဲ့ ကမ္ဘာ့ဖလား(၁၉၉၀၊ ၁၉၉၄)နဲ့ ယူရို (၁၉၈၈)ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိတဲ့ အသင်းကို ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ခဲ့ရပါတယ်။ ယူရို-၉၆ ပြိုင်ပွဲမှာတော့ ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သလို အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ ၁၉၉၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အထိ သမိုင်းကို မြေလှန်ပစ်နိုင်ခဲ့ပါတယ်။ ယူရို-၂၀၀၀ ပြိုင်ပွဲမှာပါ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ယူရိုပြိုင်ပွဲမှာ ဆက်တိုက် ဗိုလ်စွဲနိုင်တဲ့ အသင်းအဖြစ်ပါ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဖီဖာအသိအမှတ်ပြု ထိပ်တန်းပြိုင်ပွဲ (ကမ္ဘာ့ဖလား၊ တိုက်ကြီးများဖလား၊ အိုလံပစ်)တွေမှာ ချန်ပီယံဖြစ်ခဲ့တဲ့ အသင်း(၄)သင်းထဲမှာ တစ်သင်းအပါအဝင်အဖြစ် မှတ်တမ်းရေးထိုးထားနိုင်တဲ့ အသင်းပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကနေ အသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဒက်စ်ချမ့် လက်အောင်မှာ အသင်းက အသားကျနေပြီဖြစ်သလို ကြယ်ပွင့်ကစားသမားတွေ စုဖွဲ့မှုနဲ့ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

France-World-Cup-Squad

France-World-Cup-Squad

ကမ္ဘာ့ဖလားသမိုင်းကြောင်း
ခေတ်အဆက်ဆက် ကစားသမားကောင်းတွေ ထွန်းကားခဲ့တဲ့ ဘောလုံးထုတ်ကုန်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်အသင်းကတော့ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာကတည်းက ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ရွှေရောင်မျိုးဆက်လို့ တင်စားရမယ့် ခုနှစ်အပိုင်းအခြားဖြစ်တဲ့ ၁၉၉၈ ပြိုင်ပွဲမှာ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် မာတာရာဇီကို ခေါင်းနဲ့တိုက်ခဲ့လို့ ဂန္ထဝင် ကစားသမား ဇီဒန်း ထုတ်ပယ်ခံခဲ့ရမှုနဲ့အတူ ပယ်နယ်တီအဆုံးအဖြတ်မှာ အီတလီအသင်းကို ရှုံးနိမ့်ခဲ့လို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ ၁၉၉၈ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့ပြီး လက်ရှိချန်ပီယံအဖြစ် ဝင်ရောက်ယှဉ်ပြိုင်တဲ့ ၂၀၀၂ ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်မှာတင် ဆီနီဂေါအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပြီး အုပ်စုတွင်း နိုင်ပွဲတစ်ပွဲမှ မရဘဲ အုပ်စုကနေ အရှက်ရဖွယ် လှည့်ပြန်ခဲ့ရတာကတော့ မှတ်တမ်းဆိုးတစ်ခု ဖြစ်ခဲ့ပါတယ်။

ခြေစစ်ပွဲ ဖြတ်သန်းခဲ့မှု
ဆွီဒင်၊ နယ်သာလန်အသင်းတွေနဲ့ တစ်အုပ်စုတည်းကျခဲ့ပေမယ့် ခြေစစ်ပွဲအဆင့်ကို အခက်အခဲမရှိ ဖြတ်သန်းနိုင်ခဲ့ပါတယ်။ အဖွင့်ပွဲစဉ်မှာ အသင်းငယ် ဘီလာရုစ်အသင်းနဲ့ အဝေးကွင်းမှာ အံ့အားသင့်ဖွယ် သရေကျခဲ့ပေမယ့် နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ တောက်လျှောက်ရယူနိုင်ခဲ့ပြီး အုပ်စုပထမနေရာကို ရယူကာ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲအဆင့်မှာ (၁၀)ပွဲ ကစားခဲ့ရပြီး (၇)ပွဲနိုင်၊ (၂)ပွဲသရေကျခဲ့ပြီး ရှုံးပွဲ (၁)ပွဲသာ ရှိခဲ့ကာ ရမှတ် (၂၃)မှတ်နဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲတွေမှာ အသင်းအတွက် တိုက်စစ်မှူး ဂျရူးနဲ့ ဂရစ်ဇ်မန်းတို့က ဂိုးအများဆုံး သွင်းယူပေးခဲ့ပြီး (၄)ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။

France-Star-Players

France-Star-Players

စောင့်ကြည့်ရမယ့် ကစားသမားများ
ပြင်သစ်အသင်းရဲ့ နောက်တန်းမှာတော့ ဝါရင့်နောက်ခံလူတွေနဲ့ လူငယ်နောက်ခံလူတွေကို အချိုးကျကျဖွဲ့စည်းထားပြီး ပြိုင်ဘက်အသင်း တိုက်စစ်မှူးတွေအတွက် ထိုးဖောက်ရ ခက်ခဲမယ့် အနေအထားပါပဲ။ ကွင်းလယ်ပိုင်းကတော့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဒဏ်ရာရခဲ့လို့ လွဲချော်ခဲ့တဲ့ ပါယက်ကလွဲလို့ မာတွီဒီ၊ ပေါ့ဘာ၊ ကွန်တေတို့လို အဓိက ကစားသမား အစုံအလင် ပါဝင်လာခဲ့ပြီး လူငယ်ကြယ်ပွင့် ကစားသမားတွေဖြစ်တဲ့ သောမတ်စ်လီမာ၊ တိုလစ်ဆိုနဲ့ အဓိကပြိုင်ပွဲတွေမှာ တစ်ကြိမ်မှ ရွေးချယ်မခံခဲ့ရတဲ့ အန်ဇွန်ဇီတို့ ပါဝင်လာခဲ့ပါတယ်။ ပြင်သစ်အသင်းရဲ့အဓိက အသက်သွေးကြောကတော့ တိုက်စစ်စုဖွဲ့မှုလို့ ပြောရမှာဖြစ်ပြီး ဂရစ်ဇ်မန်း၊ ဂျရူးတို့လို အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားတွေကို အခုနှစ်ဘောလုံးရာသီ ဥရောပ ပြိုင်ပွဲတွေမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့တဲ့ သာအူဗင်၊ ဖာကီယာ၊ ဒမ်ဘီလီနဲ့ ဘာပေတို့လို့ လူငယ်ကစားသမားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဓိက စောင့်ကြည့်သွားရမယ့် ကစားသမားကတော့ ဂရစ်ဇ်မန်းဖြစ်ပြီး ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲမှာလို အသင်းကို သွင်းဂိုးတွေ ထောက်ပံ့ပေးနိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

REF:Wikipedia
Photo:FIFA.com, JOE.co.uk, Sport24 – Le Figaro
Aung Kyaw Wai (Akhayar)
www.akhayar.com