[Zawgyi]

ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံး တိုက္စစ္(၃)ဦးအတဲြ အပုိင္း(၂)

နာမည္ႀကီး ျပင္သစ္ေဘာလုံးမဂၢဇင္းက ခ်န္ပီယံလိဂ္သမုိင္းတစ္ေလွ်ာက္ အေကာင္းဆုံးတိုက္စစ္ (၃)ဦးအတဲြ (၁၀)တဲြကုိ ေရြးခ်ယ္ခဲ့ပါတယ္။ အဲဒီထဲကမွ အဆင့္(၁၀)ကေန (၆)အထိကုိ အပုိင္း(၁)ေဖာ္ျပခ့ဲၿပီး အခု အပုိင္း(၂)အျဖစ္ ဆက္လက္ေဖာ္ျပလုိက္ပါတယ္ . . .

၅.Cristiano Ronaldo, Karim Benzema, Gareth Bale (ရီးယဲလ္-၂၀၁၄၊ ၂၀၁၆)

Cristiano-Ronaldo-Karim-Benzema-Gareth-Bale

Cristiano-Ronaldo-Karim-Benzema-Gareth-Bale

ရီးယဲလ္အသင္း ခ်န္ပီယံလိဂ္မွာ ျပန္လည္ဦးေမာ့လာတာဟာ စီေရာ္နယ္လ္ဒုိ၊ ဘန္ဇီမာ၊ ဂါရတ္ေဘးလ္တို႔ရဲ႕ BBC တိုက္စစ္အတြဲေၾကာင့္လုိ႔ ေျပာရင္ မမွားဘူး။ ၿပီးခဲ့တဲ့ရာသီမွာ အသီးသီး ဒဏ္ရာျပႆနာေတြေၾကာင့္ ဒီ(၃)ဦး တဲြဖက္ကစားခဲ့တဲ့ပဲြ အမ်ားႀကီး မရွိခဲ့ေပမယ့္ BBC တိုက္စစ္ပဲြထြက္ခဲ့တဲ့ ပဲြတိုင္းလုိလုိ ရလဒ္ေကာင္း ရယူႏုိင္ခဲ့တယ္။

၄.Johan Cruyff, Pat Keizer and Johnny Rep (ေအဂ်က္စ္ – ၁၉၇၃)

Johan-Cruyff-Pat-Keizer-and-Johnny-Rep

Johan-Cruyff-Pat-Keizer-and-Johnny-Rep

၁၉၇၃ ခုႏွစ္မွာ ေအဂ်က္စ္အသင္း ဥေရာပဖလားဆြတ္ခူးခဲ့ၿပီး အဲဒီေအာင္ျမင္မႈမွာ ခရာက်ခဲ့တာက ယုိဟန္ခ႐ုိက္ဖ္၊ ပက္ကုိင္ဇာ၊ ဂၽြန္နီရက္ပ္တို႔ တိုက္စစ္အတြဲပါပဲ။ ဂ်ဴဗင္တပ္စ္အသင္းကုိ (၁-၀)ဂုိးနဲ႔ အႏုိင္ရခ့ဲတဲ့ ဗုိလ္လုပဲြမွာ သူတို႔(၃)ေယာက္က အေကာင္းဆုံးေျခစြမ္းျပခဲ့ၿပီး အႏုိင္ဂုိးကုိ ဂၽြန္နီရက္ပ္က ပဲြအစ(၅)မိနစ္မွာပဲ သြင္းယူခဲ့တယ္။ ဒါေပမဲ့ အဲဒီရာသီကုန္မွာပဲ ယုိဟန္ခ႐ုိက္ဖ္က ဘာစီလုိနာကုိ ေျပာင္းေရႊ႕ခဲ့လုိ႔ ေအဂ်က္စ္အသင္းရဲ႕ Deadly Trio တိုက္စစ္အတြဲအဖက္ ပ်က္သြားခဲ့ရပါတယ္။

၃.Cristiano Ronaldo, Carlos Tevez, Wayne Rooney (မန္ယူ – ၂၀၀၈)

Cristiano-Ronaldo-Carlos-Tevez-Wayne-Rooney

Cristiano-Ronaldo-Carlos-Tevez-Wayne-Rooney

မန္ယူအသငး္ကုိ ဖာဂူဆန္ Alex Ferguson ကုိင္တြယ္ခဲ့တဲ့ သက္တမ္းတစ္ေလွ်ာက္ ရွရင္ဂမ္-ဒြိက္ေယာ့ခ္-အန္ဒီကုိးလ္ တို႔ၿပီး ဒုတိယအေကာင္းဆုံး တိုက္စစ္အတြဲအဖက္လုိ႔ သတ္မွတ္ရမယ္။ ၂၀၀၈ ခုႏွစ္မွာ မန္ယူအသင္း ဒုတိယအႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလား ကုိင္ေျမႇာက္ခ့ဲတာဟာ စီေရာ္နယ္လ္ဒုိ၊ တီဗက္ဇ္၊ ရြန္နီတို႔ရဲ႕ World Class Attacking Play ေတြေၾကာင့္ပါပဲ။ သူတို႔ရဲ႕ ကစားပုံေတြကေတာ့ မန္ယူပရိသတ္ေတြအတြက္ အၿမဲတမ္းလြမ္းစရာျဖစ္ေနဦးမွာပါ။

၂. Lionel Messi, Neymar, Luis Suarez (ဘာစီလုိနာ -၂၀၁၅)

Lionel-Messi-Neymar-Luis-Suarez

Lionel-Messi-Neymar-Luis-Suarez

MSN တိုက္စစ္ကေတာ့ ဘာစီလုိနာအသင္းရဲ႕ သမုိင္းတစ္ေလွ်ာက္မွာ အေကာင္းဆုံး တိုက္စစ္အတဲြအဖက္လုိ႔ေတာင္ သတ္မွတ္ရမွာပါ။ တစ္ဦးခ်င္းေျခစြမ္းသာမက တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈအပုိင္းမွာပါ ဘာမွ ေျပာစရာမလုိေအာင္ ျပည့္စုံလြန္းခဲ့တယ္။ ၂၀၁၅ ဗုိလ္လုပဲြမွာ ဂ်ဴဗင္တပ္စ္အသင္းကုိ (၃-၁)ဂုိးနဲ႔ အႏုိင္ယူၿပီး ခ်န္ပီယံလိဂ္ဖလားရယူခ့ဲသလုိ အဲဒီရာသီမွာ ဘာစီလုိနာအသင္းဟာ တစ္ရာသီအတြင္း ဖလား(၃)လုံးရရွိခဲ့ပါတယ္။

၁.Di Stefano, Ferenc Puskas, Francisco Gento (ရီးယဲလ္ – ၁၉၆၀)

Di-Stefano-Ferenc-Puskas-Francisco-Gento-

Di-Stefano-Ferenc-Puskas-Francisco-Gento-

ဒီစတီဖာႏုိ၊ ပြတ္ရွ္ကပ္စ္၊ ယန္တိုတို႔ အတြဲကေတာ့ ဥေရာပဖလား(ခ်န္ပီယံလိဂ္) သမုိင္းမွာသာမကဘဲ ရီးယဲလ္အသင္း သမုိင္းမွာပါ အေကာင္းဆုံး တိုက္စစ္အတြဲအဖက္လုိ႔ ေျပာရမယ္။ ၿပိဳင္ပဲြအေစာပုိင္းကာလေတြျဖစ္တဲ့ ၁၉၅၅-၅၆ ကေန ၁၉၅၉-၆၀ အထိ ရီးယဲလ္အသင္း (၅)ႏွစ္ဆက္ဗုိလ္စဲြခဲ့ၿပီး ဒါဟာ သမုိင္းတစ္ေလွ်ာက္ စံခ်ိန္လည္းျဖစ္ပါတယ္။

ေဘာလုံးအသငး္တစ္သင္းမွာ ဂႏၳ၀င္ေတြအျဖစ္ သတ္မွတ္ရမယ့္ တိုက္စစ္အတဲြေတြဆုိတာ အသင္းတိုင္းမွာ ရွိခဲ့ဖူးပါတယ္။ အခု ျပင္သစ္မဂၢဇင္းက ေရြးခ်ယ္ခဲ့တဲ့ တိုက္စစ္အတဲြေတြဟာ တစ္ေခတ္တစ္ခါတုန္းက အေကာင္းဆုံးေျခစြမ္းျပခဲ့သူေတြပါပဲ။ ဒီတိုက္စစ္အတြဲအဖက္ေတြထဲမွာ ပရိသတ္အႀကိဳက္ေတြ႕တဲ့ အတဲြအဖက္က ဘယ္သူမ်ားလဲဆုိတာ ေျပာခဲ့ပါဦး . .

REF:The Sun
Photo:Pinterest,The Independent,SPORTbible,Wikiwand,Ronaldo CR7,Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံး တိုက်စစ်(၃)ဦးအတွဲ အပိုင်း(၂)

နာမည်ကြီး ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ် (၃)ဦးအတွဲ (၁၀)တွဲကို ရွေးချယ်ခဲ့ပါတယ်။ အဲဒီထဲကမှ အဆင့်(၁၀)ကနေ (၆)အထိကို အပိုင်း(၁)ဖော်ပြခဲ့ပြီး အခု အပိုင်း(၂)အဖြစ် ဆက်လက်ဖော်ပြလိုက်ပါတယ် . . .

၅.Cristiano Ronaldo, Karim Benzema, Gareth Bale (ရီးယဲလ်-၂၀၁၄၊ ၂၀၁၆)

Cristiano-Ronaldo-Karim-Benzema-Gareth-Bale

Cristiano-Ronaldo-Karim-Benzema-Gareth-Bale

ရီးယဲလ်အသင်း ချန်ပီယံလိဂ်မှာ ပြန်လည်ဦးမော့လာတာဟာ စီရော်နယ်လ်ဒို၊ ဘန်ဇီမာ၊ ဂါရတ်ဘေးလ်တို့ရဲ့ BBC တိုက်စစ်အတွဲကြောင့်လို့ ပြောရင် မမှားဘူး။ ပြီးခဲ့တဲ့ရာသီမှာ အသီးသီး ဒဏ်ရာပြဿနာတွေကြောင့် ဒီ(၃)ဦး တွဲဖက်ကစားခဲ့တဲ့ပွဲ အများကြီး မရှိခဲ့ပေမယ့် BBC တိုက်စစ်ပွဲထွက်ခဲ့တဲ့ ပွဲတိုင်းလိုလို ရလဒ်ကောင်း ရယူနိုင်ခဲ့တယ်။

၄.Johan Cruyff, Pat Keizer and Johnny Rep (အေဂျက်စ် – ၁၉၇၃)

Johan-Cruyff-Pat-Keizer-and-Johnny-Rep

Johan-Cruyff-Pat-Keizer-and-Johnny-Rep

၁၉၇၃ ခုနှစ်မှာ အေဂျက်စ်အသင်း ဥရောပဖလားဆွတ်ခူးခဲ့ပြီး အဲဒီအောင်မြင်မှုမှာ ခရာကျခဲ့တာက ယိုဟန်ခရိုက်ဖ်၊ ပက်ကိုင်ဇာ၊ ဂျွန်နီရက်ပ်တို့ တိုက်စစ်အတွဲပါပဲ။ ဂျူဗင်တပ်စ်အသင်းကို (၁-ဝ)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဗိုလ်လုပွဲမှာ သူတို့(၃)ယောက်က အကောင်းဆုံးခြေစွမ်းပြခဲ့ပြီး အနိုင်ဂိုးကို ဂျွန်နီရက်ပ်က ပွဲအစ(၅)မိနစ်မှာပဲ သွင်းယူခဲ့တယ်။ ဒါပေမဲ့ အဲဒီရာသီကုန်မှာပဲ ယိုဟန်ခရိုက်ဖ်က ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့လို့ အေဂျက်စ်အသင်းရဲ့ Deadly Trio တိုက်စစ်အတွဲအဖက် ပျက်သွားခဲ့ရပါတယ်။

၃.Cristiano Ronaldo, Carlos Tevez, Wayne Rooney (မန်ယူ – ၂၀၀၈)

Cristiano-Ronaldo-Carlos-Tevez-Wayne-Rooney

Cristiano-Ronaldo-Carlos-Tevez-Wayne-Rooney

မန်ယူအသင်းကို ဖာဂူဆန် Alex Ferguson ကိုင်တွယ်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ရှရင်ဂမ်-ဒွိက်ယော့ခ်-အန်ဒီကိုးလ် တို့ပြီး ဒုတိယအကောင်းဆုံး တိုက်စစ်အတွဲအဖက်လို့ သတ်မှတ်ရမယ်။ ၂၀၀၈ ခုနှစ်မှာ မန်ယူအသင်း ဒုတိယအကြိမ်မြောက် ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခဲ့တာဟာ စီရော်နယ်လ်ဒို၊ တီဗက်ဇ်၊ ရွန်နီတို့ရဲ့ World Class Attacking Play တွေကြောင့်ပါပဲ။ သူတို့ရဲ့ ကစားပုံတွေကတော့ မန်ယူပရိသတ်တွေအတွက် အမြဲတမ်းလွမ်းစရာဖြစ်နေဦးမှာပါ။

၂. Lionel Messi, Neymar, Luis Suarez (ဘာစီလိုနာ -၂၀၁၅)

Lionel-Messi-Neymar-Luis-Suarez

Lionel-Messi-Neymar-Luis-Suarez

MSN တိုက်စစ်ကတော့ ဘာစီလိုနာအသင်းရဲ့ သမိုင်းတစ်လျှောက်မှာ အကောင်းဆုံး တိုက်စစ်အတွဲအဖက်လို့တောင် သတ်မှတ်ရမှာပါ။ တစ်ဦးချင်းခြေစွမ်းသာမက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပိုင်းမှာပါ ဘာမှ ပြောစရာမလိုအောင် ပြည့်စုံလွန်းခဲ့တယ်။ ၂၀၁၅ ဗိုလ်လုပွဲမှာ ဂျူဗင်တပ်စ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ်ဖလားရယူခဲ့သလို အဲဒီရာသီမှာ ဘာစီလိုနာအသင်းဟာ တစ်ရာသီအတွင်း ဖလား(၃)လုံးရရှိခဲ့ပါတယ်။

၁.Di Stefano, Ferenc Puskas, Francisco Gento (ရီးယဲလ် – ၁၉၆၀)

Di-Stefano-Ferenc-Puskas-Francisco-Gento-

Di-Stefano-Ferenc-Puskas-Francisco-Gento-

ဒီစတီဖာနို၊ ပွတ်ရှ်ကပ်စ်၊ ယန်တိုတို့ အတွဲကတော့ ဥရောပဖလား(ချန်ပီယံလိဂ်) သမိုင်းမှာသာမကဘဲ ရီးယဲလ်အသင်း သမိုင်းမှာပါ အကောင်းဆုံး တိုက်စစ်အတွဲအဖက်လို့ ပြောရမယ်။ ပြိုင်ပွဲအစောပိုင်းကာလတွေဖြစ်တဲ့ ၁၉၅၅-၅၆ ကနေ ၁၉၅၉-၆၀ အထိ ရီးယဲလ်အသင်း (၅)နှစ်ဆက်ဗိုလ်စွဲခဲ့ပြီး ဒါဟာ သမိုင်းတစ်လျှောက် စံချိန်လည်းဖြစ်ပါတယ်။

ဘောလုံးအသင်းတစ်သင်းမှာ ဂန္ထဝင်တွေအဖြစ် သတ်မှတ်ရမယ့် တိုက်စစ်အတွဲတွေဆိုတာ အသင်းတိုင်းမှာ ရှိခဲ့ဖူးပါတယ်။ အခု ပြင်သစ်မဂ္ဂဇင်းက ရွေးချယ်ခဲ့တဲ့ တိုက်စစ်အတွဲတွေဟာ တစ်ခေတ်တစ်ခါတုန်းက အကောင်းဆုံးခြေစွမ်းပြခဲ့သူတွေပါပဲ။ ဒီတိုက်စစ်အတွဲအဖက်တွေထဲမှာ ပရိသတ်အကြိုက်တွေ့တဲ့ အတွဲအဖက်က ဘယ်သူများလဲဆိုတာ ပြောခဲ့ပါဦး . .

REF:The Sun
Photo:Pinterest,The Independent,SPORTbible,Wikiwand,Ronaldo CR7,Twitter
Naing Linn(Akhayar)
www.akhayar.com