ဘောလုံးသမားဘ၀မှာ “ဇီဇူး Zizou ” လို့ ပရိသတ်တွေက နာမည်ပြောင်ပေးခြင်းခံခဲ့ရတဲ့ ဇီဒန်း Zidane ဟာ ပြင်သစ်အသင်းရဲ့ ရွှေခေတ်ကို ဦးဆောင်ခဲ့သူလို့ သတ်မှတ်ရင် မှားမယ်မထင်ဘူး။ ၂၀ ရာစုရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ်ကစားသမား Attacking Midfielder စာရင်းဝင် ဇီဒန်းဟာ ညက်ညောတဲ့ကစားဟန်၊ ဘောလုံးအမြင်၊ ဘောလုံးထိန်းသိမ်းမှု Ball Control ၊ Technique စတဲ့ အပိုင်းတွေမှာ သူမတူအောင် ထူးချွန်တဲ့ကစားသမား။

Zidane-Playing-Style

Zidane-Playing-Style

ဘောလုံးသမားဘ၀မှာသာမက နည်းပြဘ၀ မှာပါ အောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ဆက်တိုက်ရယူခဲ့သူ။ ပလာတီနီ Platini ဟာ ပြင်သစ်အသင်းအတွက် အောင်မြင်မှုမျိုးစေ့ချပေးခဲ့တဲ့သူဆိုရင် ဇီဒန်းကလည်း အဲဒီအောင်မြင်မှုတွေကို ရွှေရောင်အနားသတ်ပေးခဲ့သူပါပဲ။ ၁၉၉၈ ကမ္ဘာ့ဖလားမတိုင်ခင်က ပြင်သစ်အသင်းရဲ့ အမြင့်ဆုံးအောင်မြင်မှုက တတိယနေရာပါ။ ၁၉၉၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်အသင်းရဲ့ ရွှေရောင်မျိုးဆက်တွေဖြစ်တဲ့ ဇီဒန်း၊ ဒက်ချမ့်စ် Deschamps၊ ထရာဇီဂေး Trezeguet၊ ပီတစ် Petit၊ ဘလန့် Blanc တို့ရဲ့ ဦးဆောင်မှုနဲ့အတူ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဇီဒန်းဆိုတဲ့အမည်ကလည်း ကမ္ဘာ့ဘောလုံးလောက မှာ တစ်ဟုန်ထိုး ကျော်ကြားခဲ့တယ်။

Zidane-With-World-Cup-Trophy

Zidane-With-World-Cup-Trophy

၁၉၉၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဇီဒန်းက ဘရာဇီးလ်ဘက်ကို နှစ်ဂိုးသွင်းယူခဲ့တယ်။ ယူရို-၂၀၀၀ ပြိုင်ပွဲမှာ လည်း ဇီဒန်း ဦးဆောင်တဲ့ ပြင်သစ်အသင်းက ဆက်လက် ဗိုလ်စွဲခဲ့လို့ ကမ္ဘာ့ဖလားချန်ပီယံအသင်းက ယူရို ချန်ပီယံဆုဖလားကို ဆက်တိုက် ရယူခဲ့တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Euro-2000-Champion-France

Euro-2000-Champion-France

၂၀၀၆ ခုနှစ်မှာ ပြင်သစ်အသင်းကို ကမ္ဘာ့ဖလားဗိုလ်လုပွဲ တစ်ကျော့ပြန်ရောက်ရှိစေဖို့ အရွယ်လွန်ဘ၀နဲ့ ကြိုးစားပေးခဲ့ပေမယ့်လည်း ဗိုလ်လုပွဲမှာ အီတလီနောက်ခံလူ မာတာရာဇီ Materazzi ကို ခေါင်းနဲ့တိုက်ခဲ့တာကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရလို့ သူ့ရဲ့ဘောလုံးသမားဘ၀အဆုံးသတ်က သိပ်တော့ မလှပခဲ့ဘူး။

Zidane-Headbutt-Materazzi-

Zidane-Headbutt-Materazzi-

ဒါပေမဲ့လည်း နိုင်ငံအသင်းနဲ့သာမက ဂျူဗင်တပ်စ်၊ ရီးယဲလ်တို့နဲ့အတူ ရယူခဲ့တဲ့ ဆုဖလားအောင်မြင်မှုတွေအပြင် ဖီဖာကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဆုကို (၃)ကြိမ်တိုင်ရရှိခဲ့တဲ့ မှတ်တမ်းတွေက ဇီဒန်းဟာ ပြင်သစ်ဘောလုံးလောကအတွက် အစားထိုးမရနိုင်တဲ့ ဂန္တ၀င်တစ်ဦးဆိုတာကို ဘယ်သူမှ ငြင်းနိုင်မှာ မဟုတ်လောက်ပါဘူး။

Zidane-Individual-Award

Zidane-Individual-Award

ဇီဒန်းရဲ့ လက်ရွေးစင်ကစားသမားဘ၀ မှတ်တမ်း

ပြင်သစ်အသင်းအတွက် ကစားခဲ့သည့် ကာလ – ၁၉၉၄ မှ ၂၀၀၆

ပွဲ/ဂိုး – ၁၀၈ ပွဲ / ၃၁ ဂိုး

ကမ္ဘာ့ဖလားဆင်နွှဲခဲ့သည့် အကြိမ် -၁၉၉၈၊ ၂၀၀၂၊ ၂၀၀၆

အောင်မြင်မှု

FIFA World Cup: 1998

UEFA European Championship: 2000

REF:Wikipedia
Photo:The Sun,Goal.com,Youtube
Naing Linn(Akhayar)
www.akhayar.com