[Zawgyi]

စာသင္ေက်ာင္းမွာ စမတ္ဖုန္းမသုံးဖုိ႔ ျပင္သစ္ႏုိင္ငံမွာ ဥပေဒျပဌာန္းလုိက္ၿပီ

ဒီေန႔ေခတ္မွာေတာ့ စမတ္ဖုန္းစြဲလမ္းတဲ့ ျပႆနာက လူႀကီးေတြသာမက ကေလးသူငယ္ေတြမွာပါ စုိးမုိးလာပါၿပီ။ အရင္ေခတ္တုန္းက ေက်ာင္းသားေတြဟာ ေက်ာင္းျပန္လာရင္ ေဘာလုံးကန္တတ္ၾကေပမယ့္ အခုေခတ္ေက်ာင္းသားေတြက စမတ္ဖုန္းကုိပဲ ပြတ္ေနၾကပါတယ္။ အင္တာနက္သုံးရင္း ကမၻာႀကီးနဲ႔ ခ်ိတ္ဆက္ေနၾကပါၿပီ။ အင္တာနက္သုံးတာက စဥ္းစားဆင္ျခင္ဥာဏ္ရွိသြားတဲ့ အရြယ္တစ္ခုေရာက္သြားရင္ မေျပာတတ္ေပမယ့္ လူပ်ိဳေပါက္စ (အပ်ိဳေပါက္စ) အရြယ္မွာေတာ့ ေကာင္းက်ိဳးထက္ ဆုိးက်ိဳးက ပုိမ်ားေနပါတယ္။

ဒါ့ေၾကာင့္လည္း အလယ္တန္းေက်ာင္းသား၊ အထက္တန္းေက်ာင္းသားေတြက စာသင္ခန္းထဲမွာေတာင္ ဖုန္းပြတ္တဲ့အဆင့္ထိ ျဖစ္ကုန္ပါတယ္။ ျပင္သစ္ႏုိင္ငံမွာဆုိရင္ အသက္ (၁၂) ႏွစ္နဲ႔ (၁၇) ႏွစ္ၾကားမွာရွိတဲ့ လူဆယ္ေယာက္မွာ ကုိးေယာက္က စမတ္ဖုန္းတစ္လုံးရွိပါတယ္တဲ့။ ဒီစစ္တမ္းက ဘာမွမဟုတ္ဖူးလုိ႔ ထင္ရေပမယ့္ ပညာေရးကုိ အားစုိက္ရမယ့္အခ်ိန္မွာ စမတ္ဖုန္းစြဲလမ္းမႈျပႆနာကုိ မီးေမာင္းထုိးျပလုိက္တာပါပဲ။ အခုဆုိရင္ အသက္ (၁၅) ႏွစ္ေအာက္ ေက်ာင္းသားေတြအေနနဲ႔ စာသင္ေက်ာင္းမွာ စမတ္ဖုန္းမယူလာဖုိ႔ ၂ဝ၁၈ခုႏွစ္ ၾသဂုတ္လ (၃ဝ) ရက္ေန႔က ဥပေဒတစ္ခုျပဌာန္းလုိက္ပါၿပီ။

စမတ္ဖုန္းကုိ အိမ္မွာထားခဲ့ရုံနဲ႔ မလုံေလာက္ဘဲ စက္ပိတ္ထားရမွာျဖစ္ၿပီး မသန္စြမ္းေက်ာင္းသားေတြကုိေတာ့ ခြ်င္းခ်က္အေနနဲ႔ ခြင့္ျပဳထားပါေသးတယ္။ ၂ဝ၁ဝခုႏွစ္တုန္းက စာသင္ခန္းထဲမွာ စမတ္ဖုန္းမယူရဘူးလု႔ိ ဥပေဒတစ္ခုျပဌာန္းခဲ့ေပမယ့္ ေက်ာင္းသားေတြဟာ ထမင္းစာခ်ိန္၊ ကစားခ်ိန္ေတြမွာ ဖုန္းသုံးေနၾကလုိ႔ အခုလုိ ပုိမုိတင္းၾကပ္တဲ့ ဥပေဒအသစ္ကုိ ျပဌာန္းလုိက္ရတာျဖစ္ပါတယ္။

ဒီဥပေဒသစ္ဟာ စက္တင္ဘာလမွာ စတင္ေတာ့မယ့္ ၂ဝ၁၈ – ၂ဝ၁၉ ပညာသင္ႏွစ္အတြက္ အက်ံဳးဝင္ေတာ့မွာပဲျဖစ္ပါတယ္။ ဘယ္လုိပဲျဖစ္ျဖစ္ ပညာေရးကုိ အေလးထားတဲ့ ျပင္သစ္သမၼတ Emmanuel Macron ရဲ႕ အေရြ႕တစ္ခုကုိ ႀကိဳဆုိရမွာပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကလေးတွေ စာသင်ကျောင်းမှာ စမတ်ဖုန်းမသုံးဖို့ ပြင်သစ်နိုင်ငံမှာ ဥပဒေပြဌာန်းလိုက်ပြီ

ဒီနေ့ခေတ်မှာတော့ စမတ်ဖုန်းစွဲလမ်းတဲ့ ပြဿနာက လူကြီးတွေသာမက ကလေးသူငယ်တွေမှာပါ စိုးမိုးလာပါပြီ။ အရင်ခေတ်တုန်းက ကျောင်းသားတွေဟာ ကျောင်းပြန်လာရင် ဘောလုံးကန်တတ်ကြပေမယ့် အခုခေတ်ကျောင်းသားတွေက စမတ်ဖုန်းကိုပဲ ပွတ်နေကြပါတယ်။ အင်တာနက်သုံးရင်း ကမ္ဘာကြီးနဲ့ ချိတ်ဆက်နေကြပါပြီ။ အင်တာနက်သုံးတာက စဉ်းစားဆင်ခြင်ဉာဏ်ရှိသွားတဲ့ အရွယ်တစ်ခုရောက်သွားရင် မပြောတတ်ပေမယ့် လူပျိုပေါက်စ (အပျိုပေါက်စ) အရွယ်မှာတော့ ကောင်းကျိုးထက် ဆိုးကျိုးက ပိုများနေပါတယ်။

ဒါ့ကြောင့်လည်း အလယ်တန်းကျောင်းသား၊ အထက်တန်းကျောင်းသားတွေက စာသင်ခန်းထဲမှာတောင် ဖုန်းပွတ်တဲ့အဆင့်ထိ ဖြစ်ကုန်ပါတယ်။ ပြင်သစ်နိုင်ငံမှာဆိုရင် အသက် (၁၂) နှစ်နဲ့ (၁၇) နှစ်ကြားမှာရှိတဲ့ လူဆယ်ယောက်မှာ ကိုးယောက်က စမတ်ဖုန်းတစ်လုံးရှိပါတယ်တဲ့။ ဒီစစ်တမ်းက ဘာမှမဟုတ်ဖူးလို့ ထင်ရပေမယ့် ပညာရေးကို အားစိုက်ရမယ့်အချိန်မှာ စမတ်ဖုန်းစွဲလမ်းမှုပြဿနာကို မီးမောင်းထိုးပြလိုက်တာပါပဲ။ အခုဆိုရင် အသက် (၁၅) နှစ်အောက် ကျောင်းသားတွေအနေနဲ့ စာသင်ကျောင်းမှာ စမတ်ဖုန်းမယူလာဖို့ ၂ဝ၁၈ခုနှစ် သြဂုတ်လ (၃ဝ) ရက်နေ့က ဥပဒေတစ်ခုပြဌာန်းလိုက်ပါပြီ။

စမတ်ဖုန်းကို အိမ်မှာထားခဲ့ရုံနဲ့ မလုံလောက်ဘဲ စက်ပိတ်ထားရမှာဖြစ်ပြီး မသန်စွမ်းကျောင်းသားတွေကိုတော့ ချွင်းချက်အနေနဲ့ ခွင့်ပြုထားပါသေးတယ်။ ၂ဝ၁ဝခုနှစ်တုန်းက စာသင်ခန်းထဲမှာ စမတ်ဖုန်းမယူရဘူးလု့ိ ဥပဒေတစ်ခုပြဌာန်းခဲ့ပေမယ့် ကျောင်းသားတွေဟာ ထမင်းစာချိန်၊ ကစားချိန်တွေမှာ ဖုန်းသုံးနေကြလို့ အခုလို ပိုမိုတင်းကြပ်တဲ့ ဥပဒေအသစ်ကို ပြဌာန်းလိုက်ရတာဖြစ်ပါတယ်။

ဒီဥပဒေသစ်ဟာ စက်တင်ဘာလမှာ စတင်တော့မယ့် ၂ဝ၁၈ – ၂ဝ၁၉ ပညာသင်နှစ်အတွက် အကျုံးဝင်တော့မှာပဲဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပညာရေးကို အလေးထားတဲ့ ပြင်သစ်သမ္မတ Emmanuel Macron ရဲ့ အရွေ့တစ်ခုကို ကြိုဆိုရမှာပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com