This Football update is proudly sponsored by Telenor Myanmar.
အခုေနာက္ဆုံးထြက္ ေဘာလုံးသတင္းေတြကုိ Telenor Myanmar က ကူညီေထာက္ပံ့ေပးထားပါတယ္။

[Zawgyi]

႐ႈံးထြက္(၁၆)သင္းအဆင့္အျဖစ္ ျပင္သစ္-အာဂ်င္တီးနားတို႔ကစားမယ့္ ပဲြနဲ႔ပတ္သက္တဲ့ မွတ္တမ္းမ်ား

နာမည္ႀကီး ႏွစ္သင္းျဖစ္တဲ့ ျပင္သစ္နဲ႔ အာဂ်င္တီးနားအသင္းတို႔ဟာ ၂၀၁၈ ကမၻာ႔ဖလား ႐ႈံးထြက္(၁၆)သင္းအဆင့္ပဲြအျဖစ္ ဒီေန႔(စေန) ျမန္မာစံေတာ္ခ်ိန္ ည(၈း၃၀)မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ပါတယ္။ ျပင္သစ္အသင္းမွာ ေနာက္ခံလူ မန္ဒီ Mendy ေျခသလုံးဒဏ္ရာေၾကာင့္ ဒီပဲြကုိ လဲြေခ်ာ္မွာျဖစ္တာေၾကာင့္ နညး္ျပဒက္စ္ခ်မ့္ Deschamps အေနနဲ႔ လူးကပ္စ္ဟာနန္ဒက္ဇ္ Lucas Hernandez ကုိ ပဲြထြက္အသုံးျပဳသြားဖုိ႔ရွိေနပါတယ္။ ကြင္းလယ္တိုက္စစ္ကစားသမား ဖယ္ကီယာ Fekir အခုပဲြမွာ First Line Up အျဖစ္ ပါ၀င္လာဖုိ႔ရွိေနၿပီး ညာေနာက္ခံလူေနရာမွာ ေျခစြမ္းမျပႏုိင္တဲ့ ပါဗာ Pavard အစား ဆီဒီဘီ Sidibe ကုိ ဒက္စ္ခ်မ့္ ပဲြထုတ္သြားမယ့္အေနအထားပါ။

Argentina

Argentina

အာဂ်င္တီးနားအသင္းမွာေတာ့ ႀကီးႀကီးမားမား ဒဏ္ရာရတဲ့သူမရွိဘဲ ကြင္းလယ္လူ အန္ဇုိပီရက္ဇ္ Enzo Perez ေပါင္ဒဏ္ရာအေသးစားရွိေနေပမယ့္ အခုပဲြမွာ ပါ၀င္ကစားဖုိ႔ ရာႏႈန္းမ်ားပါတယ္။ အာဂ်င္တီးနားနည္းျပ ဆမ္ပါအုိလီ Sampaoli အတြက္ အခုပဲြက အာဂ်င္တီးနားအသင္းကုိ (၁၅)ပဲြေျမာက္ကုိင္တြယ္မယ့္ပဲြျဖစ္ၿပီး ပဲြထြက္စာရင္းကုိ ႀကီးႀကီးမားမားေျပာင္းလဲဖုိ႔ မရွိပါဘူး။ အာဂ်င္တီးနားနဲ႔ ျပင္သစ္အသင္းတို႔ဟာ သမုိင္းတစ္ေလွ်ာက္ (၁၁)ႀကိမ္ဆုံေတြ႕ခဲ့ဖူးၿပီး ျပင္သစ္က (၂)ပဲြႏုိင္၊ အာဂ်င္တီးနားက (၆)ပဲြႏုိင္ (၃)ပဲြသေရက်ခဲ့တယ္။ ေနာက္ဆုံးဆုံေတြ႕ခဲ့တဲ့ ၂၀၀၉ ခုႏွစ္ ေျခစမ္းပဲြမွာ အာဂ်င္တီးနားအသင္းက (၂-၀)ဂုိးနဲ႔ အႏုိင္ရခဲ့ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ ၁၉၃၀၊ ၁၉၇၈ ခုႏွစ္ေတြတုန္းက အုပ္စုအဆင့္အျဖစ္ ဆုံေတြ႕ခဲ့ၿပီး အာဂ်င္တီးနားအသင္းက (၁-၀)၊ (၂-၁)ဂုိးေတြနဲ႔ အႏုိင္ရခဲ့တယ္။ BBC ရဲ႕ နာမည္ေက်ာ္ ေဘာလုံးေ၀ဖန္သုံးသပ္သူ ေလာ္႐ုိး Lawro ကေတာ့ ျပင္သစ္အသင္း (၂-၁)ဂုိးနဲ႔အႏုိင္ရသြားမယ္လုိ႔ ခန္႔မွန္းထားပါတယ္။

France

France

ျပင္သစ္-အာဂ်င္တီးနား ထိပ္တုိက္ဆုံေတြ႕မႈမ်ား

France 0-2 Argentina National Friendlies 2009
France 0-1 Argentina National Friendlies 2007
France 2-0 Argentina National Friendlies 1986
Argentina 2-1 France World Cup 1978
Argentina 0-0 France National Friendlies 1977
France 0-1 Argentina National Friendlies 1974
Argentina 0-0 France Taça Independência 72
Argentina 2-0 France National Friendlies 1971
Argentina 3-4 France National Friendlies 1971
France 0-0 Argentina National Friendlies 1965
Argentina 1-0 France World Cup 1930

REF:BBC,Footballzz
Photo:Sportswallah,Managing Madrid,Sportsbet.io
Naing Linn(Akhayar)
www.akhayar.com

This Football update is proudly sponsored by Telenor Myanmar.
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။

[Unicode]

ရှုံးထွက်(၁၆)သင်းအဆင့်အဖြစ် ပြင်သစ်-အာဂျင်တီးနားတို့ကစားမယ့် ပွဲနဲ့ပတ်သက်တဲ့ မှတ်တမ်းများ

နာမည်ကြီး နှစ်သင်းဖြစ်တဲ့ ပြင်သစ်နဲ့ အာဂျင်တီးနားအသင်းတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်(၁၆)သင်းအဆင့်ပွဲအဖြစ် ဒီနေ့(စနေ) မြန်မာစံတော်ချိန် ည(၈း၃၀)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။ ပြင်သစ်အသင်းမှာ နောက်ခံလူ မန်ဒီ Mendy ခြေသလုံးဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်မှာဖြစ်တာကြောင့် နည်းပြဒက်စ်ချမ့် Deschamps အနေနဲ့ လူးကပ်စ်ဟာနန်ဒက်ဇ် Lucas Hernandez ကို ပွဲထွက်အသုံးပြုသွားဖို့ရှိနေပါတယ်။ ကွင်းလယ်တိုက်စစ်ကစားသမား ဖယ်ကီယာ Fekir အခုပွဲမှာ First Line Up အဖြစ် ပါဝင်လာဖို့ရှိနေပြီး ညာနောက်ခံလူနေရာမှာ ခြေစွမ်းမပြနိုင်တဲ့ ပါဗာ Pavard အစား ဆီဒီဘီ Sidibe ကို ဒက်စ်ချမ့် ပွဲထုတ်သွားမယ့်အနေအထားပါ။

Argentina

Argentina

အာဂျင်တီးနားအသင်းမှာတော့ ကြီးကြီးမားမား ဒဏ်ရာရတဲ့သူမရှိဘဲ ကွင်းလယ်လူ အန်ဇိုပီရက်ဇ် Enzo Perez ပေါင်ဒဏ်ရာအသေးစားရှိနေပေမယ့် အခုပွဲမှာ ပါဝင်ကစားဖို့ ရာနှုန်းများပါတယ်။ အာဂျင်တီးနားနည်းပြ ဆမ်ပါအိုလီ Sampaoli အတွက် အခုပွဲက အာဂျင်တီးနားအသင်းကို (၁၅)ပွဲမြောက်ကိုင်တွယ်မယ့်ပွဲဖြစ်ပြီး ပွဲထွက်စာရင်းကို ကြီးကြီးမားမားပြောင်းလဲဖို့ မရှိပါဘူး။ အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ သမိုင်းတစ်လျှောက် (၁၁)ကြိမ်ဆုံတွေ့ခဲ့ဖူးပြီး ပြင်သစ်က (၂)ပွဲနိုင်၊ အာဂျင်တီးနားက (၆)ပွဲနိုင် (၃)ပွဲသရေကျခဲ့တယ်။ နောက်ဆုံးဆုံတွေ့ခဲ့တဲ့ ၂၀၀၉ ခုနှစ် ခြေစမ်းပွဲမှာ အာဂျင်တီးနားအသင်းက (၂-ဝ)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၁၉၃၀၊ ၁၉၇၈ ခုနှစ်တွေတုန်းက အုပ်စုအဆင့်အဖြစ် ဆုံတွေ့ခဲ့ပြီး အာဂျင်တီးနားအသင်းက (၁-ဝ)၊ (၂-၁)ဂိုးတွေနဲ့ အနိုင်ရခဲ့တယ်။ BBC ရဲ့ နာမည်ကျော် ဘောလုံးဝေဖန်သုံးသပ်သူ လော်ရိုး Lawro ကတော့ ပြင်သစ်အသင်း (၂-၁)ဂိုးနဲ့အနိုင်ရသွားမယ်လို့ ခန့်မှန်းထားပါတယ်။

France

France

ပြင်သစ်-အာဂျင်တီးနား ထိပ်တိုက်ဆုံတွေ့မှုများ

France 0-2 Argentina National Friendlies 2009
France 0-1 Argentina National Friendlies 2007
France 2-0 Argentina National Friendlies 1986
Argentina 2-1 France World Cup 1978
Argentina 0-0 France National Friendlies 1977
France 0-1 Argentina National Friendlies 1974
Argentina 0-0 France Taça Independência 72
Argentina 2-0 France National Friendlies 1971
Argentina 3-4 France National Friendlies 1971
France 0-0 Argentina National Friendlies 1965
Argentina 1-0 France World Cup 1930

REF:BBC,Footballzz
Photo:Sportswallah,Managing Madrid,Sportsbet.io
Naing Linn(Akhayar)
www.akhayar.com