Apple ကတော့ Fortune Teller “Foxconn” နဲ့ လက်တွဲပြီး အိန္ဒိယဈေးကွက်မှာ iPhone X နဲ့ XS ၂ မျိုး ထုတ်သွားဖို့ ပြင်ဆင်နေပါပြီ။ အရင်က 6S ၊ SE နဲ့ 7 တို့ပဲ ထုတ်နေခဲ့တာဆိုမယ့် Flagship Level ဖက်သွားမယ်ဆိုရင် Market Player တွေနဲ့ တနည်းမဟုတ်တနည်း ယှဉ်ပြိုင်ရဖို့ရှိနေမယ်ထင်ပါတယ်။

Image (Cbsistatic)

ပရိသတ်ကြီး သိထားပြီးတဲ့အတိုင်း အိန္ဒိယဆိုတာ Xiaomi Playground ဖြစ်နေသလို တကယ်လို့သာ Flagship Level နဲ့ယှဉ်မယ်ဆိုရင် ဈေးသက်သာတဲ့ Xiaomi ထုတ်ကုန်တွေနဲ့ ဘယ်လိုရင်ဘောင်တန်းမလဲ မပြောတတ်သေးပါဘူး။ လက်ရှိအချိန်မှာတော့ အချစ်တော်ကြီး Foxconn က စမ်းထုတ်ဖို့ Ready ဖြစ်နေပြီလို့ အကြောင်းပြန်ထားပါပြီ။

ဒီလိုဆိုရင် Xiaomi ကို ခဏထားလိုက်၊ Apple အတွက် အကျိုးမြတ်ဖြစ်ထွန်းလာမှာက အခွန်ခ ၂၅ ရာခိုင်နှုန်းလောက် ပိုသက်သာလာနိုင်တယ်။ နောက်ပြီး Flagship Store ဖွင့်မယ်ဆိုရင် အိန္ဒိယတခွင် လက်လီအရောင်းဆိုင်တွေနဲ့ ပိုအရောင်းသွက်လာနိုင်တယ်။

Image (Cbsistatic)

Bloomberg အဆိုရ အိန္ဒိယမှာ ၁% ပဲ Market Share ပိုင်ဆိုင်ထားတယ်။ ပြီးခဲ့တဲ့နှစ်မှာဆိုရင် အလုံးရေ ၁.၇ သန်းပဲရောင်းခဲ့ရတဲ့အတွက် ဒုတိယအကြီးဆုံး Smartphone Playground မှာ အတော်လေး Struggle လုပ်နေရတာဖြစ်ပါတယ်။ တကယ်လို့သာ Xiaomi ဖုန်းတွေထက်ပိုဈေးကြီးတဲ့ iPhone X နဲ့ XS တွေကို အိန္ဒိယမှာ ထုတ်လုပ်ခဲ့ရင် Local Production Cost သက်သာသွားပြီဖြစ်တဲ့အတွက် လက်ရှိရောင်းဈေးထွက် ပိုဈေးသက်သာနိုင်မယ်။

Image (CNBC)

နောက်ထပ် အိန္ဒိယမှာ ထုတ်လုပ်ဖို့ အကြောင်းဖန်လာတာက အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးတိုက်ပွဲ အရှုပ်အရှုင်း ရှောင်လွဲဖို့ရယ်၊ လက်ရှိရင်ဆိုင်နေရတဲ့ Qualcomm မူပိုင်ခွင့်နဲ့ မပတ်သက်ချင်တဲ့အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲပြောပြော Foxconn ကလည်း iPhone ထုတ်လုပ်သွားဖို့ ဒေါ်လာ သန်း ၃၀၀ ရင်းနှီးထားပြီဆိုတော့ Plan ချထားတဲ့အတိုင်းဖြစ်လာခဲ့ရင် ပမာဏများများ ထုတ်လုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။

Apple Product တွေနဲ့ ပတ်သက်လို့ အရည်သွေးကောင်းတာလိုချင်ရင် iSure ကို လေ့လာဖို့လည်း မမေ့နဲ့ဦးနော်၊ iPhone မှန်ကွဲသွားလို့ ပြင်ချင်တယ်ဆိုရင် Yangon နဲ့ Mandalay ရဲ့ ဘယ်နေရာမှာမဆို အိမ်တိုင်ရာရောက် ပြုပြင်ပေးမယ့် Home Service လည်းရှိနေပါပြီ။

Source: GSMArena
2B (Akhayar)