Belkin ကုမၸဏီကို ေဒၚလာ ၈၆၆ သန္းနဲ႔ ဝယ္ယူလုိက္တဲ့ Foxconn

Foxconn ကုမၸဏီကို အမ်ားစုက Apple Product ေတြကို ထုတ္လုပ္ေပးေနတဲ့ ကုမၸဏီတစ္ခုလို႔ပဲ လူသိမ်ားေနၾကေပမယ့္ တကယ္တမ္းက ကမၻာတစ္ခုလံုးမွာရွိတဲ့ လွ်ပ္စစ္ပစၥည္းအားလံုးရဲ႕ ၄၀ ရာခုိင္ႏႈန္းကို ထုတ္လုပ္ေပးေနတာပဲျဖစ္ပါတယ္။ အဲ့ဒီအတြက္ Foxconn ကုမၸဏီဟာ လက္ရွိအခ်ိန္မွာ ကမၻာ႔အၾကီးမားဆံုး Electronic ပစၥည္းထုတ္လုပ္သူတစ္ဦးအျဖစ္ သတ္မွတ္ခံထားရတာပဲျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ Foxconn ဟာ သူ႕ရဲ႕လုပ္ငန္းေတြကို နာမည္ၾကီး Brand တစ္ခုျဖစ္တဲ့ Belkin ကုမၸဏီအပါအဝင္ Belkin ကေန ပိုင္ဆိုင္တဲ့ Linksys ၊ Wemo နဲ႔ Phyn ကုမၸဏီေတြကိုပါ ေဒၚလာ ၈၆၆ သန္းနဲ႔ ဝယ္ယူလုိက္ျပီျဖစ္ပါတယ္။

Belkin ကုမၸဏီဟာ နာမည္ၾကီး Mobile Accessories ေတြကို ထုတ္လုပ္ေနတာျဖစ္ျပီးေတာ့ Chargers ၊ Cables ေတြနဲ႔ Headphones ေတြကိုထုတ္လုပ္ေနတာျဖစ္ပါတယ္။ အဲ့ဒီလုိပဲ Linksys ကလည္း နာမည္ၾကီး Router ေတြနဲ႔ Network Accessories ေတြကို ထုတ္လုပ္ေနတာျဖစ္ပါတယ္။

ေနာက္ထပ္ Belkin က ပိုင္ဆိုင္တဲ့ Wemo ကုမၸဏီကေတာ့ Smart Home Products ေတြျဖစ္တဲ့ Smart Plugs ေတြနဲ႔ Smart CCTV Camera ေတြကို ထုတ္လုပ္ေနတာပဲျဖစ္ပါတယ္။

အခုလုိမ်ိဳး Foxconn ကေန Belkin နဲ႔ အျခားေသာ ဆက္စပ္ကုမၸဏီေတြကို ဝယ္ယူလုိက္ေပမယ့္လည္း အဆိုပါ Brand ေတြအကုန္လံုးက လက္ရွိပံုစံအတုိင္းေျပာင္းလဲမႈမရွိပဲ ဆက္လက္ထုတ္လုပ္သြားမွာျဖစ္တယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္လည္း Foxconn ကေတာ့ အခုလက္ရွိ Belkin အပါအဝင္ Brand ေတြအကုန္လံုးရဲ႕ Research & Development (R&D) စရိတ္ေတြကို တုိးခ်ဲ႕သြားမွာျဖစ္တယ္လုိ႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဲ့ဒီအတြက္ ယခင္ထဲက နာမည္ၾကီးျပီး အရည္အေသြးအေကာင္းဆံုးေသာ Product ေတြကို ထုတ္လုပ္ေနတဲ့ ကုမၸဏီေတြက အခုုအခ်ိန္မွာေတာ့ ယခင္ကထက္ သိသိသာသာကို တိုးတက္လာမႈေတြကို ေတြ႕ျမင္လာရေတာ့မွာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Foxconn ကုမ္ပဏီကို အများစုက Apple Product တွေကို ထုတ်လုပ်ပေးနေတဲ့ ကုမ္ပဏီတစ်ခုလို့ပဲ လူသိများနေကြပေမယ့် တကယ်တမ်းက ကမ္ဘာတစ်ခုလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်းအားလုံးရဲ့ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်ပေးနေတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Foxconn ကုမ္ပဏီဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကြီးမားဆုံး Electronic ပစ္စည်းထုတ်လုပ်သူတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာပဲဖြစ်ပါတယ်။

အခုအချိန်မှာတော့ Foxconn ဟာ သူ့ရဲ့လုပ်ငန်းတွေကို နာမည်ကြီး Brand တစ်ခုဖြစ်တဲ့ Belkin ကုမ္ပဏီအပါအဝင် Belkin ကနေ ပိုင်ဆိုင်တဲ့ Linksys ၊ Wemo နဲ့ Phyn ကုမ္ပဏီတွေကိုပါ ဒေါ်လာ ၈၆၆ သန်းနဲ့ ဝယ်ယူလိုက်ပြီဖြစ်ပါတယ်။

Belkin ကုမ္ပဏီဟာ နာမည်ကြီး Mobile Accessories တွေကို ထုတ်လုပ်နေတာဖြစ်ပြီးတော့ Chargers ၊ Cables တွေနဲ့ Headphones တွေကိုထုတ်လုပ်နေတာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ Linksys ကလည်း နာမည်ကြီး Router တွေနဲ့ Network Accessories တွေကို ထုတ်လုပ်နေတာဖြစ်ပါတယ်။

နောက်ထပ် Belkin က ပိုင်ဆိုင်တဲ့ Wemo ကုမ္ပဏီကတော့ Smart Home Products တွေဖြစ်တဲ့ Smart Plugs တွေနဲ့ Smart CCTV Camera တွေကို ထုတ်လုပ်နေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး Foxconn ကနေ Belkin နဲ့ အခြားသော ဆက်စပ်ကုမ္ပဏီတွေကို ဝယ်ယူလိုက်ပေမယ့်လည်း အဆိုပါ Brand တွေအကုန်လုံးက လက်ရှိပုံစံအတိုင်းပြောင်းလဲမှုမရှိပဲ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Foxconn ကတော့ အခုလက်ရှိ Belkin အပါအဝင် Brand တွေအကုန်လုံးရဲ့ Research & Development (R&D) စရိတ်တွေကို တိုးချဲ့သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအတွက် ယခင်ထဲက နာမည်ကြီးပြီး အရည်အသွေးအကောင်းဆုံးသော Product တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေက အခုုအချိန်မှာတော့ ယခင်ကထက် သိသိသာသာကို တိုးတက်လာမှုတွေကို တွေ့မြင်လာရတော့မှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com