[Zawgyi]

BMWကားသစ္ကို ျမန္ႏႈန္းျမင့္ေမာင္းရင္း ရဲလိုက္ခံရလို႔ လူငယ္၄ဦး ပြဲခ်င္းၿပီးကားတိုက္ေသ

ဇူလိုင္လ ၂ရက္၊ မနက္ ၅နာရီခြဲမွာ England ႏိုင္ငံ Bradford ၿမိဳ႕ရဲ႕ လမ္းမထက္ေပၚ တစ္နာရီကို မိုင္တစ္ရာႏႈန္း ျမန္ႏႈန္းျမင့္ေမာင္းလာခဲ့တဲ့ ခဲေရာင္ BMW ကားသစ္ႀကီးဟာ သစ္ပင္ကို ဝင္တိုက္မိၿပီး တစ္စစီျဖစ္ကာ ပ်က္စီးခဲ့ပါတယ္။

အဲ့ဒီကားထဲမွာပါလာသူ လူငယ္ ၄ဦးျဖစ္တဲ့ အသက္ ၂၁အ႐ြယ္ Murtza Chaudhry နဲ႔ Arbaaz Hussain တို႔ အျပင္ အသက္ ၂၀ အရြယ္ Zeeshan Khalid နဲ႔ အသက္၂၂ ႏွစ္အရြယ္ Tayyab Siddique တို႔ဟာလည္း ကားတိုက္မႈျဖစ္စဥ္ေၾကာင့္ ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆံုးခဲ့ပါတယ္။

ဒီကားဟာ မနက္ ၅နာရီခြဲဝန္းက်င္မွာ အရွိန္ျမႇင့္ ေမာင္းႏွင္မႈေၾကာင့္ ရဲကားတစ္စီးရဲ႕ ထပ္ၾကပ္မကြာလိုက္မႈကို ခံခဲ့ရတာျဖစ္ၿပီး လမ္းမေပၚ မီးခိုးေငြ႕ထတဲ့ထိ အရွိန္ျပင္းျပင္းေမာင္းႏွင္ရင္း လမ္းေထာင့္ကသစ္ပင္ကို ဝင္တိုက္ခဲ့တာျဖစ္ပါတယ္။

ဒီကားရဲ႕ ပိုင္ရွင္မွာ Murtza Chaudhry ျဖစ္ၿပီး မၾကာေသးခင္ကမွ ဒီကားကို ဝယ္ယူခဲ့တာမို႔ သူ အလြန္အက်ဴးေပ်ာ္ေနခဲ့ေၾကာင္းကို သူ႔အေဖမွ ေျပာၾကားခဲ့တယ္။ သူဟာအရမ္းယဥ္ေက်းၿပီး ၾကင္နာတတ္တဲ့ကေလးတစ္ေယာက္ျဖစ္တာမို႔ အေပါင္းအသင္းေတြခ်စ္ခင္တာကို ခံရတတ္သူပါတဲ့။

Murtza Chaudhry နဲ႔ Zeeshan Khalid

အဲ့လိုကားတိုက္မႈမျဖစ္ခင္ညကပဲ အေဖက သားကို ညနက္တဲ့ထိအျပင္မထြက္ဖို႔အတန္တန္မွာတဲ့ၾကားက ျဖစ္သြားတာမို႔ တစ္ဦးတည္းေသာသားေလးဆံုးရံႈးလိုက္ရတဲ့ဖခင္ခမ်ာ ရင္ကြဲပက္လက္ခံစားေနရပါတယ္။

Arbaaz Hussain နဲ႔ Tayyab Siddique

ပတ္ဝန္းက်င္ရဲ႕အဆိုေတြအရ ကားဟာ တစ္နာရီကို မိုင္ ၈၀ မွ ၁၀၀ ဝန္းက်င္ႏႈန္းေမာင္းလာတာျဖစ္ၿပီး ကြ်ီ..ဆိုတာကေန ဝုန္းဆိုတဲ့အသံႀကီးၾကားလိုက္ရၿပီး ဝင္တိုက္ခဲ့မိတာပါလို႔ဆိုခဲ့ပါတယ္။

ဒီလိုအျဖစ္အပ်က္ေတြဟာ ငယ္ရြယ္တဲ့လူခ်မ္းသာအမ်ားစုရဲ႕ ဇိမ္ခံပစၥည္းအသစ္အဆန္းေတြအေပၚ အကဲစမ္းခ်င္စိတ္၊ စြန္႔စားလိုစိတ္ေတြ၊ စမ္းသပ္လိုစိတ္ေတြေၾကာင့္ ျဖစ္ပြားရျခင္းျဖစ္ပါတယ္။ ဒီလိုအသက္ပါေသေစတဲ့ ဆံုးရံႈးနစ္နာမႈေတြကေတာ့ လူငယ္ေလး ၄ ဦးကိုပါ အသက္ႏႈတ္ယူသြားခဲ့တာမို႔ အသိ၊သတိနဲ႔ ဆင္ျခင္ႏိုင္ဖို႔ တင္ျပလိုက္ရပါတယ္။

EiEiKhineMinn (Akhayar)

[Unicode]

BMWကားသစ်ကို မြန်နှုန်းမြင့်မောင်းရင်း ရဲလိုက်ခံရလို့ လူငယ်၄ဦး ပွဲချင်းပြီးကားတိုက်သေ

ဇူလိုင်လ ၂ရက်၊ မနက် ၅နာရီခွဲမှာ Bradford မြို့ရဲ့ လမ်းမထက်ပေါ် တစ်နာရီကို မိုင်တစ်ရာနှုန်း မြန်နှုန်းမြင့်မောင်းလာခဲ့တဲ့ ခဲရောင် BMW ကားသစ်ကြီးဟာ သစ်ပင်ကို ဝင်တိုက်မိပြီး တစ်စစီဖြစ်ကာ ပျက်စီးခဲ့ပါတယ်။

အဲ့ဒီကားထဲမှာပါလာသူ လူငယ် ၄ဦးဖြစ်တဲ့ အသက် ၂၁အရွယ် Murtza Chaudhry နဲ့ Arbaaz Hussain တို့ အပြင် အသက် ၂၀ အရွယ် Zeeshan Khalid နဲ့ အသက်၂၂ နှစ်အရွယ် Tayyab Siddique တို့ဟာလည်း ကားတိုက်မှုဖြစ်စဉ်ကြောင့် နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဒီကားဟာ မနက် ၅နာရီခွဲဝန်းကျင်မှာ အရှိန်မြှင့် မောင်းနှင်မှုကြောင့် ရဲကားတစ်စီးရဲ့ ထပ်ကြပ်မကွာလိုက်မှုကို ခံခဲ့ရတာဖြစ်ပြီး လမ်းမပေါ် မီးခိုးငွေ့ထတဲ့ထိ အရှိန်ပြင်းပြင်းမောင်းနှင်ရင်း လမ်းထောင့်ကသစ်ပင်ကို ဝင်တိုက်ခဲ့တာဖြစ်ပါတယ်။

ဒီကားရဲ့ ပိုင်ရှင်မှာ Murtza Chaudhry ဖြစ်ပြီး မကြာသေးခင်ကမှ ဒီကားကို ဝယ်ယူခဲ့တာမို့ သူ အလွန်အကျူးပျော်နေခဲ့ကြောင်းကို သူ့အဖေမှ ပြောကြားခဲ့တယ်။ သူဟာအရမ်းယဉ်ကျေးပြီး ကြင်နာတတ်တဲ့ကလေးတစ်ယောက်ဖြစ်တာမို့ အပေါင်းအသင်းတွေချစ်ခင်တာကို ခံရတတ်သူပါတဲ့။

Murtza Chaudhry နဲ့ Zeeshan Khalid

အဲ့လိုကားတိုက်မှုမဖြစ်ခင်ညကပဲ အဖေက သားကို ညနက်တဲ့ထိအပြင်မထွက်ဖို့အတန်တန်မှာတဲ့ကြားက ဖြစ်သွားတာမို့ တစ်ဦးတည်းသောသားလေးဆုံးရှုံးလိုက်ရတဲ့ဖခင်ခမျာ ရင်ကွဲပက်လက်ခံစားနေရပါတယ်။

Arbaaz Hussain နဲ့ Tayyab Siddique

ပတ်ဝန်းကျင်ရဲ့အဆိုတွေအရ ကားဟာ တစ်နာရီကို မိုင် ၈၀ မှ ၁၀၀ ဝန်းကျင်နှုန်းမောင်းလာတာဖြစ်ပြီး ကျွီ..ဆိုတာကနေ ဝုန်းဆိုတဲ့အသံကြီးကြားလိုက်ရပြီး ဝင်တိုက်ခဲ့မိတာပါလို့ဆိုခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်တွေဟာ ငယ်ရွယ်တဲ့လူချမ်းသာအများစုရဲ့ ဇိမ်ခံပစ္စည်းအသစ်အဆန်းတွေအပေါ် အကဲစမ်းချင်စိတ်၊ စွန့်စားလိုစိတ်တွေ၊ စမ်းသပ်လိုစိတ်တွေကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။ ဒီလိုအသက်ပါသေစေတဲ့ ဆုံးရှုံးနစ်နာမှုတွေကတော့ လူငယ်လေး ၄ ဦးကိုပါ အသက်နှုတ်ယူသွားခဲ့တာမို့ အသိ၊သတိနဲ့ ဆင်ခြင်နိုင်ဖို့ တင်ပြလိုက်ရပါတယ်။

EiEiKhineMinn (Akhayar)