[Zawgyi]

မိုးတြင္းခရီးသြားမ်ားအတြက္ မွတ္သားစရာအထာေလးမ်ား

တစ္ခါတစ္ေလက်ေတာ့လည္း မိုးရာသီဆိုေပမယ့္ မျဖစ္မေနသြားရတဲ့ခရီးေတြ ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕က်ေတာ့ ဒီအခ်ိန္ေရာက္မွ ဟိုတယ္စရိတ္ေတြသက္သာလို႔ သြားၾကတာလည္း ရွိတာေပါ့။ ဘယ္လိုေၾကာင့္ပဲသြားသြားပါ။ အခုလို မိုးေတြသဲႀကီးမဲႀကီးရြာေနတဲ့ မိုးတြင္းႀကီးမွာ ခရီးသြားမယ္ဆိုရင္ေတာ့ တျခားရာသီေတြနဲ႔ မတူပါဘူး။ ေဆာင္ရန္ေရွာင္ရန္ေတြနဲ႔ ဂရုစိုက္ရမယ့္အခ်က္ေတြက ရွိေနပါေသးတယ္။ မိုးတြင္း မိုးရြာရြာႀကီးမွာ ခရီးသြားမယ္ဆိုရင္ အခုေျပာျပမယ့္အခ်က္ေတြကို ဂရုတစိုက္သတိထားသြားၾကပါလို႔ အားလံုးကို ေျပာျပခ်င္ပါတယ္ေနာ္။

အေရာင္ႏုတဲ့အ၀တ္အစားေတြေရွာင္ၾကမယ္

မိုးရာသီမွာ ခရီးသြားရင္ေတာ့ ခရီးေဆာင္အိတ္ထဲမွာ အေရာင္ႏုတဲ့အ၀တ္အစားေတြ ထည့္ထားမိမယ္ဆိုရင္ အားလံုးျပန္ထုတ္လိုက္ပါ။ မိုးေတြကရြာ တစ္ခါတေလ ရႊ႕ံေတြဗြက္ေတြ လမ္းေတြနဲ႔ ပတ္၀န္းက်င္က ညစ္ပတ္ေနတာေၾကာင့္ ၾကြက္စုတ္တစ္ေကာင္လို ညစ္ပတ္ၿပီး ေပက်ံကုန္ဦးမွာပါပဲ။ ဒါေၾကာင့္မို႔လို႔ မိုးတြင္းႀကီး ခရီးသြားမယ္ဆိုရင္ေတာ့ အေရာင္ရင့္တဲ့ အ၀တ္အစားအသံုးအေဆာင္ေတြကိုပဲ ေရြးခ်ယ္သြားၾကေစခ်င္ပါတယ္။ မိုးကာနဲ႔ ေရေျခာက္လြယ္တဲ့အ၀တ္အစားေတြကိုလည္း မေမ့ခဲ့ၾကပါနဲ႔ဦး။

Clothes

Clothes

Public Transportation ကို အသံုးျပဳၾကမယ္

ဒီလို မိုးေတြေလေတြ ဘယ္အခ်ိန္သဲလို႔သဲမလဲ မသိတဲ့အခ်ိန္မ်ိဳးမွာ ကိုယ့္ကားကိုယ္ေမာင္းၿပီး သြားတာက သိပ္ေတာ့ မသင့္ေတာ္ပါဘူး။ လမ္းခရီးေတြ ပ်က္တာ၊ ပိတ္ထားတာေတြနဲ႔ ေဘးအႏၱရာယ္မ်ားတဲ့ ဒီလိုအခ်ိန္မွာ တစ္ေယာက္တည္း ကိုယ့္ကားကိုယ္ေမာင္းသြားတာထက္ လူမ်ားမ်ားနဲ႔ စိတ္ခ်လက္ခ်ေအးေအးေဆးေဆးသြားလို႔ရတဲ့ Public Transportation ကို အသံုးျပဳေစခ်င္ပါတယ္။ မဟုတ္ရင္ေတာ့ ေၾကာက္စရာလည္းေကာင္း၊ စိတ္ညစ္စရာလည္း ေကာင္းေနမွာပါပဲ။

Public Transportation

Public Transportation

အစားအေသာက္ေတြကို ႀကိဳတင္ျပင္ဆင္ၾကမယ္

ဒီအခ်ိန္ လမ္းေဘးစာေတြဟာ အညစ္ပတ္ဆံုးလို႔ ေျပာလုိ႔ရပါတယ္။ မိုးေတြေရေတြနဲ႔ ရႊံ႕ေတြဗြက္ေတြနဲ႔ ေနာက္ၿပီး ယင္နားစာေတြျဖစ္ေနမွာမို႔လို႔ ျဖစ္ႏုိင္ရင္ေတာ့ အတတ္ႏုိင္ဆံုး အိမ္မွာကတည္းက အထားခံတဲ့အစားအေသာက္ေတြကို ႀကိဳတင္ျပင္ဆင္သြားသင့္ပါတယ္ေနာ္။ ေပါ့ေပါ့ပါးပါးနဲ႔ ေတြ႕တဲ့ေနရာ ဖြင့္စားလို႔ရတဲ့ အသင့္စား ေပါင္မုန္႔ေျခာက္၊ ကိတ္မုန္႔ စတာေတြအျပင္ ထမင္းစားခ်ိန္မွာ တကယ္လို႔ စားေသာက္ဆုိင္ေကာင္းေကာင္းမေတြ႕ ခဲ့ရင္ ထုတ္စားလို႔ရေအာင္ ငပိေၾကာ္၊ ငါးေျခာက္ေၾကာ္ဘူးေလးေတြပါ ထည့္သြားပါ။ ေတာ္ၾကာ ခရီးမွာ ေနမေကာင္းျဖစ္ေတာ့မွ ဟုတ္ေပ့ျဖစ္ေနမွာ စိုးရိမ္စရာပါေနာ္။

Food

Food

ကေလးေတြကို အိမ္မွာထားခဲ့ၾကမယ္

ဘာလို႔လဲဆိုတာ ေမးေနစရာေတာင္ မလုိအပ္ပါဘူးေနာ္။ ကေလးေတြကိုသာ မိုးထဲေလထဲေခၚသြားမိရင္ ဘာေတြဆက္ျဖစ္မလဲဆိုတဲ့ အနာဂတ္ကို အားလံုးျမင္ေယာင္ၾကမွာပါ။ ကေလးေတြမ်ား ပါလာခဲ့ရင္ ေျခာက္ေျခာက္ေသြ႕ေသြ႕ဆိုရင္ေတာင္ ကရိကထမ်ားတဲ့ အေျခအေနမ်ိဳးရွိတာေၾကာင့္ ဒီလိုမ်ိဳး မိုးတြင္းမွာဆိုရင္ေတာ့ အလုပ္ေၾကာင့္ပဲသြားသြား၊ အေပ်ာ္ခရီးပဲသြားသြား ကေလးေတြကေတာ့ ႏိုးပါ။

Kids

Kids

လူငယ္ေတြအတြက္ကေတာ့ မိုးရာသီမွာ ခရီးသြားရတာ ေပ်ာ္စရာေကာင္းပါတယ္။ မိုးတြင္းဟာ ခရီးသြားရာသီမဟုတ္တဲ့အတြက္ ေလွ်ာ့ေစ်းေတြရလို႔ စရိတ္သက္သာပါတယ္။ Budget နည္းနည္းနဲ႔ ခရီးတစ္ခုကို ေရာက္ေအာင္ သြားခ်င္ရင္ေတာ့ မိုးရာသီကို ေရြးခ်ယ္ႏုိင္ေပမယ့္ မိသားစုလိုက္ခရီးသြားျခင္းကို အားမေပးခ်င္ပါဘူးေနာ္။ မိုးရာသီအတြက္ ခရီးသြားလို႔ေကာင္းတဲ့ေနရာေတြကို ညႊန္းေပးရမယ္ဆိုရင္ေတာ့ ေတာင္ေပၚေဒသေတြပဲျဖစ္ၿပီး ကမ္းေျခေတြကိုေတာ့ မေရြးခ်ယ္သင့္ပါဘူးေနာ္။ ဒါေလးကိုသာ ဂရုစိုက္ၿပီး သြားမယ္ဆိုရင္ေတာ့ မိုးရာသီခရီးသြားျခင္းဟာ ထင္ထားတာထက္ ပိုၿပီး ေပ်ာ္ရႊင္စရာေကာင္းေနပါလိမ့္မယ္။

Moethaesay (Akhayar)

[Unicode]

မိုးတွင်းခရီးသွားများအတွက် မှတ်သားစရာအထာလေးများ

တစ်ခါတစ်လေကျတော့လည်း မိုးရာသီဆိုပေမယ့် မဖြစ်မနေသွားရတဲ့ခရီးတွေ ရှိတတ်ပါတယ်။ တစ်ချို့ကျတော့ ဒီအချိန်ရောက်မှ ဟိုတယ်စရိတ်တွေသက်သာလို့ သွားကြတာလည်း ရှိတာပေါ့။ ဘယ်လိုကြောင့်ပဲသွားသွားပါ။ အခုလို မိုးတွေသဲကြီးမဲကြီးရွာနေတဲ့ မိုးတွင်းကြီးမှာ ခရီးသွားမယ်ဆိုရင်တော့ တခြားရာသီတွေနဲ့ မတူပါဘူး။ ဆောင်ရန်ရှောင်ရန်တွေနဲ့ ဂရုစိုက်ရမယ့်အချက်တွေက ရှိနေပါသေးတယ်။ မိုးတွင်း မိုးရွာရွာကြီးမှာ ခရီးသွားမယ်ဆိုရင် အခုပြောပြမယ့်အချက်တွေကို ဂရုတစိုက်သတိထားသွားကြပါလို့ အားလုံးကို ပြောပြချင်ပါတယ်နော်။

အရောင်နုတဲ့အဝတ်အစားတွေရှောင်ကြမယ်

မိုးရာသီမှာ ခရီးသွားရင်တော့ ခရီးဆောင်အိတ်ထဲမှာ အရောင်နုတဲ့အဝတ်အစားတွေ ထည့်ထားမိမယ်ဆိုရင် အားလုံးပြန်ထုတ်လိုက်ပါ။ မိုးတွေကရွာ တစ်ခါတလေ ရွှံ့တွေဗွက်တွေ လမ်းတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပတ်နေတာကြောင့် ကြွက်စုတ်တစ်ကောင်လို ညစ်ပတ်ပြီး ပေကျံကုန်ဦးမှာပါပဲ။ ဒါကြောင့်မို့လို့ မိုးတွင်းကြီး ခရီးသွားမယ်ဆိုရင်တော့ အရောင်ရင့်တဲ့ အဝတ်အစားအသုံးအဆောင်တွေကိုပဲ ရွေးချယ်သွားကြစေချင်ပါတယ်။ မိုးကာနဲ့ ရေခြောက်လွယ်တဲ့အဝတ်အစားတွေကိုလည်း မမေ့ခဲ့ကြပါနဲ့ဦး။

Clothes

Clothes

Public Transportation ကို အသုံးပြုကြမယ်

ဒီလို မိုးတွေလေတွေ ဘယ်အချိန်သဲလို့သဲမလဲ မသိတဲ့အချိန်မျိုးမှာ ကိုယ့်ကားကိုယ်မောင်းပြီး သွားတာက သိပ်တော့ မသင့်တော်ပါဘူး။ လမ်းခရီးတွေ ပျက်တာ၊ ပိတ်ထားတာတွေနဲ့ ဘေးအန္တရာယ်များတဲ့ ဒီလိုအချိန်မှာ တစ်ယောက်တည်း ကိုယ့်ကားကိုယ်မောင်းသွားတာထက် လူများများနဲ့ စိတ်ချလက်ချအေးအေးဆေးဆေးသွားလို့ရတဲ့ Public Transportation ကို အသုံးပြုစေချင်ပါတယ်။ မဟုတ်ရင်တော့ ကြောက်စရာလည်းကောင်း၊ စိတ်ညစ်စရာလည်း ကောင်းနေမှာပါပဲ။

Public Transportation

Public Transportation

အစားအသောက်တွေကို ကြိုတင်ပြင်ဆင်ကြမယ်

ဒီအချိန် လမ်းဘေးစာတွေဟာ အညစ်ပတ်ဆုံးလို့ ပြောလို့ရပါတယ်။ မိုးတွေရေတွေနဲ့ ရွှံ့တွေဗွက်တွေနဲ့ နောက်ပြီး ယင်နားစာတွေဖြစ်နေမှာမို့လို့ ဖြစ်နိုင်ရင်တော့ အတတ်နိုင်ဆုံး အိမ်မှာကတည်းက အထားခံတဲ့အစားအသောက်တွေကို ကြိုတင်ပြင်ဆင်သွားသင့်ပါတယ်နော်။ ပေါ့ပေါ့ပါးပါးနဲ့ တွေ့တဲ့နေရာ ဖွင့်စားလို့ရတဲ့ အသင့်စား ပေါင်မုန့်ခြောက်၊ ကိတ်မုန့် စတာတွေအပြင် ထမင်းစားချိန်မှာ တကယ်လို့ စားသောက်ဆိုင်ကောင်းကောင်းမတွေ့ ခဲ့ရင် ထုတ်စားလို့ရအောင် ငပိကြော်၊ ငါးခြောက်ကြော်ဘူးလေးတွေပါ ထည့်သွားပါ။ တော်ကြာ ခရီးမှာ နေမကောင်းဖြစ်တော့မှ ဟုတ်ပေ့ဖြစ်နေမှာ စိုးရိမ်စရာပါနော်။

Food

Food

ကလေးတွေကို အိမ်မှာထားခဲ့ကြမယ်

ဘာလို့လဲဆိုတာ မေးနေစရာတောင် မလိုအပ်ပါဘူးနော်။ ကလေးတွေကိုသာ မိုးထဲလေထဲခေါ်သွားမိရင် ဘာတွေဆက်ဖြစ်မလဲဆိုတဲ့ အနာဂတ်ကို အားလုံးမြင်ယောင်ကြမှာပါ။ ကလေးတွေများ ပါလာခဲ့ရင် ခြောက်ခြောက်သွေ့သွေ့ဆိုရင်တောင် ကရိကထများတဲ့ အခြေအနေမျိုးရှိတာကြောင့် ဒီလိုမျိုး မိုးတွင်းမှာဆိုရင်တော့ အလုပ်ကြောင့်ပဲသွားသွား၊ အပျော်ခရီးပဲသွားသွား ကလေးတွေကတော့ နိုးပါ။

Kids

Kids

လူငယ်တွေအတွက်ကတော့ မိုးရာသီမှာ ခရီးသွားရတာ ပျော်စရာကောင်းပါတယ်။ မိုးတွင်းဟာ ခရီးသွားရာသီမဟုတ်တဲ့အတွက် လျှော့ဈေးတွေရလို့ စရိတ်သက်သာပါတယ်။ Budget နည်းနည်းနဲ့ ခရီးတစ်ခုကို ရောက်အောင် သွားချင်ရင်တော့ မိုးရာသီကို ရွေးချယ်နိုင်ပေမယ့် မိသားစုလိုက်ခရီးသွားခြင်းကို အားမပေးချင်ပါဘူးနော်။ မိုးရာသီအတွက် ခရီးသွားလို့ကောင်းတဲ့နေရာတွေကို ညွှန်းပေးရမယ်ဆိုရင်တော့ တောင်ပေါ်ဒေသတွေပဲဖြစ်ပြီး ကမ်းခြေတွေကိုတော့ မရွေးချယ်သင့်ပါဘူးနော်။ ဒါလေးကိုသာ ဂရုစိုက်ပြီး သွားမယ်ဆိုရင်တော့ မိုးရာသီခရီးသွားခြင်းဟာ ထင်ထားတာထက် ပိုပြီး ပျော်ရွှင်စရာကောင်းနေပါလိမ့်မယ်။

Moethaesay (Akhayar)