[Zawgyi]

၂၀၁၈ ခုႏွစ္ရဲ႕ ကမာၻ႔ေပၚရွိ ေခ်ာေမာလွပတဲ႔ ဘီလ်ံနာအမ်ဳိးသမီးမ်ား

ကမာၻေပၚမွာ ေခ်ာေမာလွပျခင္းေတြေကာ၊ ၾကြယ္ဝခ်မ္းသာျခင္းေတြေကာ ႏွစ္ခုလံုးပိုင္ဆိုင္တဲ့လူေတြဆိုတာ လက္ခ်ဳိးေရလုိ႔ေတာင္ ရပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ မိဘအစဥ္အဆက္ ၾကြယ္ဝခ်မ္းသာလို႔ Rich Kid ျဖစ္ေနတဲ႔ အမ်ဳိးသမီးေလးေတြျဖစ္ၾကၿပီး ထူးျခားတာက သူတို႔ဟာ ေခ်ာေမြ႔လွပျခင္းေတြကိုပါ ပိုင္ဆိုင္ထားတဲ့ မယ္ကံေကာင္းေလးေတြအေၾကာင္းပဲ ျဖစ္ပါတယ္။ အေခ်ာအလွေလးေတြလည္းျဖစ္ၿပီး ဘီလ်ံနာ အမ်ဳိးသမီးေလးေတြလည္းျဖစ္ၾကတဲ့ သူတို႔ေတြဟာ ဘယ္ေလာက္ေတာင္ ၾကြယ္ဝခ်မ္းသာၿပီး ေခ်ာေမာလွပလဲဆိုတာ သိရေအာင္ ၾကည့္လုိက္ၾကရေအာင္။

(၁) Georgina Bloomberg

ငယ္ရြယ္တဲ႔ စာေရးဆရာမျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ျမင္းစီးသမားတစ္ဦးလည္းျဖစ္ကာ ျမင္းစီးအားကစားကို အလြန္အမင္းလုပ္ေဆာင္တဲ့အတြက္ အဆီပိုမရွိ အခ်ဳိးက်တဲ့ ခႏၶာကုိယ္နဲ႔ ရုိးရွင္းတဲ႔အလွစစ္ကို ပိုုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သူမဟာ ယခင္ New York City ရဲ႕ၿမိဳ႕ေတာ္ဝန္ေဟာင္း Bloomberg LP ကိုတည္ေထာင္သူ Micheal Bloomberg နဲ႔ Susan Brown တို႔ရဲ႕ သမီးငယ္ျဖစ္ပါတယ္။ သူမအေဖရဲ႕ အသားတင္ၾကြယ္ဝမႈက ၄၅.၃ ဘီလီယံရွိတဲ႔အတြက္ သူမဟာ ၾကြယ္ဝခ်မ္းသာတဲ႔ ဘီလ်ံနာအျဖစ္ စာရင္းဝင္ရျခင္း ျဖစ္ပါတယ္။ သူမဟာ ဖခင္ဆီက ႏိုင္ငံေရးအေမြကို ဆက္ခံရမယ့္အစား ကိုယ္ပိုင္ခြန္အားကို စိုက္ထုတ္ၿပီး ၿပိဳင္ပဲြေတြမွာ ဝင္ၿပိဳင္ျခင္း၊ မိသားစုဘဝကို တည္ေထာင္ျခင္းနဲ႔ တိရစာၦန္ေတြကို ေမြးျမဴျခင္းေတြ ျပဳလုပ္ရတာနဲ႔ ပတ္သက္ၿပီး ဝါသနာထံုလွပါတယ္။ က်စ္လ်စ္တဲ႔ခႏၶာကိုယ္ အခ်ဳိးအစားနဲ႔ ၂၀၀၆ မွာ သူမဟာ ျမင္းစီးအဖဲြ႔အစည္းတစ္ခုျဖစ္တဲ႔ Rider’s Closet ကိုလည္း တည္ေထာင္ခဲ႔ပါတယ္။ အဲ့ဒီမွာ ျမင္းစီးခ်င္တဲ႔သူပဲျဖစ္ျဖစ္၊ ျမင္းစီးၿပိဳင္ခ်င္တဲ႔သူပဲျဖစ္ျဖစ္ တပ္မေတာ္အဖဲြ႔ဝင္ေဟာင္းျဖစ္ရင္ျဖစ္ ဒါမွမဟုတ္ ေငြေရးေၾကးေရးကို သိပ္ၿပီး ထည့္သြင္းမစဥ္းစားရတဲ႔ သူေတြ ျဖစ္မွသာ အဲ႔ဒီအဖဲြ႔မွာ ျမင္းစီးႏိုင္ပါတယ္။

Georgina Bloomberg

Georgina Bloomberg

(၂) Holly Branson

Richard Branson နဲ႔ Joan Branson တို႔ရဲ႕ အႀကီးဆံုးသမီးျဖစ္သူ Holly Branson ဟာ ေခ်ာေမာလွပတဲ့အျပင္ အထင္ႀကီးဖြယ္ေကာင္းေလာက္တဲ့ ဂုဏ္သတင္းေတြလည္း ပိုင္ဆိုင္ထားသူ ျဖစ္ပါတယ္။ သူမဟာ University College London မွ ေဆးပညာနဲ႔ ပတ္သက္တဲ႔ Degree ကို ရရွိခဲ႔ၿပီး ၂၀၀၇ ခုနစ္မွာ Junior NHS Doctor အျဖစ္ အလုပ္လုပ္ကိုင္ခဲ႔ပါတယ္။ အဲ့ဒီလို လုပ္ကိုင္ၿပီး သိပ္မၾကာခင္မွာပဲ ေဆးပညာေလာကမွ ထြက္လိုက္ၿပီး သူမအေဖရဲ႕ Virgin Group ကုမၸဏီမွာ စီမံအုပ္ခ်ဳပ္သူအျဖစ္ ဝင္ေရာက္လုပ္ကိုင္ခဲ႔ပါတယ္။ သူမဟာ အစပိုင္းမွ မိသားစုစီးပြားေရးကို အရမ္းႀကီးထြားေအာင္ မလုပ္ႏိုင္ခဲ႔ေပမယ့့္ စိတ္အားထက္သန္မႈ ေလ်ာ့နည္းမသြားဘဲ အမ်ဳိးမ်ဳိးေသာ ပရိဟိတအလုပ္ေတြမွာ ဝင္ေရာက္လုပ္ကိုင္ကာ ေျပာင္းလဲမႈေတြရရွိေအာင္ ႀကိဳးစားခဲ႔သူပါ။ သူမရဲ႕မေလ်ာ့တဲ႔ ဇဲြလုံလေတြ၊ စြန္႔စားမႈေတြနဲ႔ ႀကိဳးစားမႈေတြေၾကာင့္ မွတ္တမ္းေတြ အမ်ားႀကီးထဲမွာ စာရင္းဝင္လာခဲ႔ပါတယ္။ ေျပာရရင္ေတာ့ Holly Branson ဟာ သမီးႀကီးတာဝန္ေက်ပြန္ၿပီး အေဖ အားကိုးရတဲ႔ သမီးလိမၼာေလးတစ္ေယာက္ ျဖစ္တယ္လို႔ ဆုိလို႔ရပါတယ္။

Holly Branson

Holly Branson

(၃) Amanda Hearst

အလြန္ေခ်ာေမာလွပတဲ႔ Amanda Hearst ဟာ William Randolph Heart ရဲ႕ ေျမးမျဖစ္ၿပီး အေမရိကန္ ေခတ္မီအသိုင္းအဝိုင္းမွာ လႈပ္ရွားေနသူ၊ ဖက္ရွင္ေမာ္ဒယ္လ္နဲ႔ William Randolph Heart ရဲ႕ Media Corporation ျဖစ္တဲ႔ Hearst Corporation ကို အေမြဆက္ခံမယ့္သူတစ္ဦး ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ Marie Claire ရဲ႕ Associate Market Editor တစ္ဦးအျဖစ္နဲ႔လည္း ေဆာင္ရြက္ေနသူ ျဖစ္တဲ႔အျပင္ ေခြးကေလးေတြကို ရက္ရက္စက္စက္ သားေဖာက္ျခင္းျပဳလုပ္ေနတာကို တိုက္ထုတ္တဲ႔အဖဲြ႔အစည္းျဖစ္တဲ႔ Friends of Finn ရဲ႕ တည္ေထာင္သူလည္းျဖစ္ပါတယ္။ သူမရဲ႕ ေက်ာ္ၾကားတဲ႔ ေခ်ာေမာလွပမႈေၾကာင့္ နာမည္ႀကီး Harper’s Bazaar ၊ Cosmopolitan နဲ႔ Vanity Fair တို႔ရဲ႕ကာဗာေတြမွာလည္း ေမာ္ဒယ္လ္အျဖစ္နဲ႔ ပါဝင္ရုိက္ကူးေပးခဲ့ရသူ ျဖစ္ပါတယ္။

Amanda Hearst

Amanda Hearst

(၄) Dylan Lauren

Dylan Lauren ဟာ အေမရိကန္ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ၿပီး အေမရိကန္နာမည္ေက်ာ္ ဖက္ရွင္ဒီဇိုင္နာ Ralph Lauren ရဲ႕ သမီးလည္း ျဖစ္ပါတယ္။ ဒါ့အျပင္ သူမဟာ New York ၿမိဳ႕မွာရွိတဲ႔ ကမာၻ႔ေပၚရွိ အႀကီးဆံုး Candy Store ျဖစ္တဲ့ Dylan’s Candy Bar ရဲ႕ပိုင္ရွင္လည္း ျဖစ္ပါေသးတယ္။ သူမဟာ Vogue မဂၢဇင္းရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာခဲ႔တာကေတာ့ Candy Business ကိုသာမလုပ္ျဖစ္ခဲ႔ရင္ အေကာင္းဆုံး တိရစာၦန္ကယ္ဆယ္ေရး အဖဲြ႔အစည္းကို ထူေထာင္သူတစ္ဦးအျဖစ္နဲ႔ ေတြ႔ျမင္ရမွာျဖစ္ပါတယ္။ အသက္(၄၄) ႏွစ္အရြယ္ အမႊာကေလးႏွစ္ေယာက္အေမျဖစ္တာေတာင္ ပိန္သြယ္တဲ႔ ခႏၶာကိုယ္ကို ထိန္းထားႏိုင္ၿပီး အသက္နဲ႔လိုက္တဲ႔ ေခ်ာေမာလွပမႈကို ပိုင္ဆိုင္ထားတဲ႔ ဘီလ်ံနာအမ်ဳိးသမီးျဖစ္ပါတယ္။

Dylan Lauren

Dylan Lauren

H.H(Akhayar)

www.akhayar.com

[Unicode]

၂၀၁၈ ခုနှစ်ရဲ့ ကမ္ဘာ့ပေါ်ရှိ ချောမောလှပတဲ့ ဘီလျံနာအမျိုးသမီးများ

ကမ္ဘာပေါ်မှာ ချောမောလှပခြင်းတွေကော၊ ကြွယ်ဝချမ်းသာခြင်းတွေကော နှစ်ခုလုံးပိုင်ဆိုင်တဲ့လူတွေဆိုတာ လက်ချိုးရေလို့တောင် ရပါတယ်။ အခုဖော်ပြပေးမှာကတော့ မိဘအစဉ်အဆက် ကြွယ်ဝချမ်းသာလို့ Rich Kid ဖြစ်နေတဲ့ အမျိုးသမီးလေးတွေဖြစ်ကြပြီး ထူးခြားတာက သူတို့ဟာ ချောမွေ့လှပခြင်းတွေကိုပါ ပိုင်ဆိုင်ထားတဲ့ မယ်ကံကောင်းလေးတွေအကြောင်းပဲ ဖြစ်ပါတယ်။ အချောအလှလေးတွေလည်းဖြစ်ပြီး ဘီလျံနာ အမျိုးသမီးလေးတွေလည်းဖြစ်ကြတဲ့ သူတို့တွေဟာ ဘယ်လောက်တောင် ကြွယ်ဝချမ်းသာပြီး ချောမောလှပလဲဆိုတာ သိရအောင် ကြည့်လိုက်ကြရအောင်။

(၁) Georgina Bloomberg

ငယ်ရွယ်တဲ့ စာရေးဆရာမဖြစ်ပြီး ပရော်ဖက်ရှင်နယ်မြင်းစီးသမားတစ်ဦးလည်းဖြစ်ကာ မြင်းစီးအားကစားကို အလွန်အမင်းလုပ်ဆောင်တဲ့အတွက် အဆီပိုမရှိ အချိုးကျတဲ့ ခန္ဓာကိုယ်နဲ့ ရိုးရှင်းတဲ့အလှစစ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ ယခင် New York City ရဲ့မြို့တော်ဝန်ဟောင်း Bloomberg LP ကိုတည်ထောင်သူ Micheal Bloomberg နဲ့ Susan Brown တို့ရဲ့ သမီးငယ်ဖြစ်ပါတယ်။ သူမအဖေရဲ့ အသားတင်ကြွယ်ဝမှုက ၄၅.၃ ဘီလီယံရှိတဲ့အတွက် သူမဟာ ကြွယ်ဝချမ်းသာတဲ့ ဘီလျံနာအဖြစ် စာရင်းဝင်ရခြင်း ဖြစ်ပါတယ်။ သူမဟာ ဖခင်ဆီက နိုင်ငံရေးအမွေကို ဆက်ခံရမယ့်အစား ကိုယ်ပိုင်ခွန်အားကို စိုက်ထုတ်ပြီး ပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခြင်း၊ မိသားစုဘဝကို တည်ထောင်ခြင်းနဲ့ တိရစ္ဆာန်တွေကို မွေးမြူခြင်းတွေ ပြုလုပ်ရတာနဲ့ ပတ်သက်ပြီး ဝါသနာထုံလှပါတယ်။ ကျစ်လျစ်တဲ့ခန္ဓာကိုယ် အချိုးအစားနဲ့ ၂၀၀၆ မှာ သူမဟာ မြင်းစီးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Rider’s Closet ကိုလည်း တည်ထောင်ခဲ့ပါတယ်။ အဲ့ဒီမှာ မြင်းစီးချင်တဲ့သူပဲဖြစ်ဖြစ်၊ မြင်းစီးပြိုင်ချင်တဲ့သူပဲဖြစ်ဖြစ် တပ်မတော်အဖွဲ့ဝင်ဟောင်းဖြစ်ရင်ဖြစ် ဒါမှမဟုတ် ငွေရေးကြေးရေးကို သိပ်ပြီး ထည့်သွင်းမစဉ်းစားရတဲ့ သူတွေ ဖြစ်မှသာ အဲ့ဒီအဖွဲ့မှာ မြင်းစီးနိုင်ပါတယ်။

Georgina Bloomberg

Georgina Bloomberg

(၂) Holly Branson

Richard Branson နဲ့ Joan Branson တို့ရဲ့ အကြီးဆုံးသမီးဖြစ်သူ Holly Branson ဟာ ချောမောလှပတဲ့အပြင် အထင်ကြီးဖွယ်ကောင်းလောက်တဲ့ ဂုဏ်သတင်းတွေလည်း ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ သူမဟာ University College London မှ ဆေးပညာနဲ့ ပတ်သက်တဲ့ Degree ကို ရရှိခဲ့ပြီး ၂၀၀၇ ခုနစ်မှာ Junior NHS Doctor အဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီလို လုပ်ကိုင်ပြီး သိပ်မကြာခင်မှာပဲ ဆေးပညာလောကမှ ထွက်လိုက်ပြီး သူမအဖေရဲ့ Virgin Group ကုမ္ပဏီမှာ စီမံအုပ်ချုပ်သူအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ သူမဟာ အစပိုင်းမှ မိသားစုစီးပွားရေးကို အရမ်းကြီးထွားအောင် မလုပ်နိုင်ခဲ့ပေမယ့် စိတ်အားထက်သန်မှု လျော့နည်းမသွားဘဲ အမျိုးမျိုးသော ပရိဟိတအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်ကာ ပြောင်းလဲမှုတွေရရှိအောင် ကြိုးစားခဲ့သူပါ။ သူမရဲ့မလျော့တဲ့ ဇွဲလုံလတွေ၊ စွန့်စားမှုတွေနဲ့ ကြိုးစားမှုတွေကြောင့် မှတ်တမ်းတွေ အများကြီးထဲမှာ စာရင်းဝင်လာခဲ့ပါတယ်။ ပြောရရင်တော့ Holly Branson ဟာ သမီးကြီးတာဝန်ကျေပွန်ပြီး အဖေ အားကိုးရတဲ့ သမီးလိမ္မာလေးတစ်ယောက် ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။

Holly Branson

Holly Branson

(၃) Amanda Hearst

အလွန်ချောမောလှပတဲ့ Amanda Hearst ဟာ William Randolph Heart ရဲ့ မြေးမဖြစ်ပြီး အမေရိကန် ခေတ်မီအသိုင်းအဝိုင်းမှာ လှုပ်ရှားနေသူ၊ ဖက်ရှင်မော်ဒယ်လ်နဲ့ William Randolph Heart ရဲ့ Media Corporation ဖြစ်တဲ့ Hearst Corporation ကို အမွေဆက်ခံမယ့်သူတစ်ဦး ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ Marie Claire ရဲ့ Associate Market Editor တစ်ဦးအဖြစ်နဲ့လည်း ဆောင်ရွက်နေသူ ဖြစ်တဲ့အပြင် ခွေးကလေးတွေကို ရက်ရက်စက်စက် သားဖောက်ခြင်းပြုလုပ်နေတာကို တိုက်ထုတ်တဲ့အဖွဲ့အစည်းဖြစ်တဲ့ Friends of Finn ရဲ့ တည်ထောင်သူလည်းဖြစ်ပါတယ်။ သူမရဲ့ ကျော်ကြားတဲ့ ချောမောလှပမှုကြောင့် နာမည်ကြီး Harper’s Bazaar ၊ Cosmopolitan နဲ့ Vanity Fair တို့ရဲ့ကာဗာတွေမှာလည်း မော်ဒယ်လ်အဖြစ်နဲ့ ပါဝင်ရိုက်ကူးပေးခဲ့ရသူ ဖြစ်ပါတယ်။

Amanda Hearst

Amanda Hearst

(၄) Dylan Lauren

Dylan Lauren ဟာ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး အမေရိကန်နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ Ralph Lauren ရဲ့ သမီးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ New York မြို့မှာရှိတဲ့ ကမ္ဘာ့ပေါ်ရှိ အကြီးဆုံး Candy Store ဖြစ်တဲ့ Dylan’s Candy Bar ရဲ့ပိုင်ရှင်လည်း ဖြစ်ပါသေးတယ်။ သူမဟာ Vogue မဂ္ဂဇင်းရဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့တာကတော့ Candy Business ကိုသာမလုပ်ဖြစ်ခဲ့ရင် အကောင်းဆုံး တိရစ္ဆာန်ကယ်ဆယ်ရေး အဖွဲ့အစည်းကို ထူထောင်သူတစ်ဦးအဖြစ်နဲ့ တွေ့မြင်ရမှာဖြစ်ပါတယ်။ အသက်(၄၄) နှစ်အရွယ် အမွှာကလေးနှစ်ယောက်အမေဖြစ်တာတောင် ပိန်သွယ်တဲ့ ခန္ဓာကိုယ်ကို ထိန်းထားနိုင်ပြီး အသက်နဲ့လိုက်တဲ့ ချောမောလှပမှုကို ပိုင်ဆိုင်ထားတဲ့ ဘီလျံနာအမျိုးသမီးဖြစ်ပါတယ်။

Dylan Lauren

Dylan Lauren

H.H(Akhayar)

www.akhayar.com