နိုင်ငံတကာခရီးသွားမယ်ဆိုရင်တော့ လူတိုင်းအတွက် Passport နဲ့ Visa တွေက မဖြစ်မနေလိုအပ်လာပါတယ်။ မြန်မာနိုင်ငံအနေနဲ့ Visa မလိုဘဲ လည်ပတ်လို့ရတဲ့နိုင်ငံပေါင်း (၁၄) နိုင်ငံရှိပါတယ်။ တခြားနိုင်ငံကို သွားရောက်လည်ပတ်ရင် Passport ထဲက စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရပါမယ် မလိုက်နာဘူးဆိုရင် ဝင်ရောက်ခွင့်မပြုဘဲ ကန့်သတ်ထားတာတွေ ရှိတာကိုလည်း သတိပြုသင့်ပါတယ်။ Passport ရဲ့သက်တမ်းကလည်း သတိပြုရမယ့်အချက်ထဲမှာ တစ်ခုအပါအဝင်ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတာ မြန်မာနိုင်ငံမှာဆိုရင် Passport က သက်တမ်းမကုန်ဆုံးမီ ခြောက်လအလိုမှာ သက်တမ်းပြန်တိုးပေးရတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အဲဒီလိုသတိပြုရမယ့်အချက်တွေအပြင် တခြားသော သတိမပြုမဖြစ် ပြုရမယ့် အချက်တွေရှိတဲ့အတွက် ထိုအချက်တွေကို ခရီးသွားရတာခုံမင်သူတွေနဲ့ ဗဟုသုတတိုးပွားလိုသူတွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) Passport သက်တမ်းအနည်းဆုံးခြောက်လကျန်ရှိနေရမယ်

နိုင်ငံအများစုကို ခရီးသွားမယ်ဆိုရင် Passport သက်တမ်းက ခြောက်လကျန်ရှိနေဖို့ လိုအပ်ပါတယ်။ အဲ့ဒီလိုသတ်မှတ်ချက်ရှိတဲ့အတွက်ကြောင့် နိုင်ငံရပ်ခြားကို ခရီးသွားတော့မယ်ဆိုရင် ပထမဦးဆုံးလုပ်သင့်တာက Passport သက်တမ်းကို အရင်ဆုံးစစ်ဆေးကြည့်သင့်ပါတယ်။ Passport သက်တမ်းကို မစစ်ဘဲ ခရီးစဉ်ကို ဆွဲလိုက်မိရင် အနားကပ်မှ ဘေးကျပ်နံကျပ်ဖြစ်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ Turkey ၊ Thailand နဲ့ Vietnam တို့မှာလည်း ဒီလိုသတ်မှတ်ချက်တွေ ရှိပါတယ်။ Austria ၊ Belgium နဲ့ Denmark အပါအဝင် Schengen Aera နိုင်ငံ ၂၆ နိုင်ငံတွေကတော့ သူတို့အချင်းချင်း Passport တွေ Visa တွေမလိုဘဲ လွတ်လွတ်လပ်လပ်သွားလာနိုင်ပါတယ်။ Schengen Aera အဖွဲ့ဝင်နိုင်ငံအချင်းချင်းတွေကတော့ Visa တို့ Passport တို့ မလိုဘဲ လွတ်လွတ်လပ်လပ်သွားနိုင်သော်လည်း တခြားဥရောပနိုင်ငံတွေကတော့ France နဲ့ Switzerland ကိုလာလည်မယ်ဆို Passport သက်တမ်း အနည်းဆုံး သုံးလရှိရပါမယ်။အလားတူပင် အီတလီကိုသွားလည်မယ်ဆိုရင်လည်း Passport သက်တမ်း အနည်းဆုံး ခြောက်လရှိရပါမယ်။

(၂) Passport စာအုပ်ထဲရှိ စာရွက်အလွတ်

တချို့နိုင်ငံတွေရဲ့ Passport စာအုပ်တွေမှာ စာမျက်နှာ အနည်းဆုံး အလွတ် နှစ်မျက်နှာရှိပါတယ်။ အဲ့ဒီစာမျက်နှာအလွတ်က ဝင်ခွင့်တံဆိပ်ခေါင်း (သို့) Visa အတွက်ဖြစ်ပါတယ်။ Mexico ၊ Canada ၊ United Kingdom နဲ့ Germany တို့ရဲ့ Passport တွေမှာ တံဆိပ်တုံးထုဖို့အတွက် စာရွတ်အလွတ်ပါဝင်ပါတယ်။ Italy ၊ Sweden ၊ Singapore နဲ့ Iceland တို့ရဲ့ Passport တွေမှာတော့ တခြားသောလိုအပ်ချက်တွေနဲ့ တံဆိပ်တုံးထုဖို့အတွက် စာမျက်နှာအလွတ်နှစ်မျက်နှာ အနည်းဆုံးပါဝင်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်တော်များများရဲ့ Passport မှာ Visa အတွက် စာမျက်နှာအလွတ်တွေပါဝင်တတ်ကြပါတယ်။

Blank Page

Blank Page

(၃) ကြာမြင့်စွာနေထိုင်ခွင့်

China က (၁၀)နှစ် Visa ပေးတဲ့ နိုင်ငံဖြစ်ပါတယ်။ လာမယ့်နှစ်တွေမှာ တချို့နိုင်ငံတွေကို ခရီးသွားမယ်ဆိုရင် ကိုယ်ခရီးသွားမယ့်နိုင်ငံက ကြာမြင့်စွာနေထိုင်ခွင့်ပေးမပေးကိုလည်း လေ့လာစုံးစမ်းကြည့်သင့်ပါတယ်။ China ၊Brazil နဲ့ India နိုင်ငံတွေကတော့ (၁၀)နှစ် Visa ပေးတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ စီးပွားရေးအတွက်ခရီးသွားတာနဲ့ အပန်းဖြေခရီးသွားတဲ့အပေါ်မူတည်ပြီး Visa သက်တမ်း ပေးပုံကလည်း ကွာခြားပါတယ်။ အိန္ဒိယနိုင်ငံက စီးပွားရေးအတွက် ခရီးသွားတဲ့သူဆိုရင် Long-term Visa မပေးတတ်တဲ့ နိုင်ငံမျိုး ဖြစ်ပါတယ်။

Multiple Entry

Multiple Entry

(၄) Passport သက်တမ်းနဲ့ Visa ဆက်နွယ်ပုံ

တချို့နိုင်ငံတွေက Passport အဟောင်းနဲ့ Visa တရားဝင်လျှောက်ထားလို့ ကျလာခဲ့ရင် လျှောက်ထားခဲ့တဲ့ Passport အဟောင်းနဲ့ပဲဖြစ်ဖြစ် အသစ်လျှောက်ထားတဲ့ Passport နဲ့ပဲ ဖြစ်ဖြစ် သွားလာခွင့်ပြုပါတယ်။ သို့သော်လည်း China ၊ India ၊ Saudia Arabia နဲ့ Brazil နိုင်ငံတို့ကတော့ Passport အဟောင်းနဲ့ Visa လျှောက်ထားခဲ့ရင် Passport အဟောင်းနဲ့ပဲ သွားခွင့်ပြုပါတယ်။ ဒါ့အပြင် Passport အဟောင်းမှာ တရားဝင်ကျထားခဲ့တဲ့ Visa ကို Passport အသစ်ဆီကို ရွှေ့ပြောင်းဖို့ တရားဝင်နည်းလမ်းလည်း မရှိသေးပါဘူး။

New passport new visa

New passport new visa

ကဲ…ဒီအချက်လေးတွေကတော့ Passport နဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဗဟုသုတတိုးစေဖို့ ရည်ရွယ်ပြီး ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးမှတ်သားသိရှိထားတဲ့ Passport နဲ့ ပတ်သက်တဲ့ တခြားဗဟုသုတလေးတွေရှိရင် ပြန်လည်မျှဝေပေးခဲ့ပါဦးနော်။

H.H(Akhayar)

www.akhayar.com