[Zawgyi]

၂၀၁၈ Ballon d’Or ဆုအတြက္ နာမည္ေက်ာ္ ဂႏၳ၀င္ေတြရဲ႕ အၾကိဳက္ကစားသမားေတြက ဘယ္သူေတြျဖစ္မလဲ

စီေရာ္နယ္လ္ဒို Cristiano ronaldo နဲ႔ မက္ဆီ Messi တို႔ပဲ ဆယ္စုႏွစ္တစ္ခုၾကာသိမ္းပိုက္လာခဲ႔တဲ႔ Ballon d’Or ဆုကို ၂၀၁၈ ခုႏွစ္မွာ ဘယ္ကစားသမားက ရရိွမလဲဆိုတာ စိတ္၀င္စားစရာပါ။ ၂၀၁၈ Ballon d’Or ဆုနဲ႔ထိုက္တန္တဲ႔ ကစားသမားေတြဟာ ဒီႏွစ္မွာ အရင္ႏွစ္ေတြကထက္ ပိုမ်ားတာေၾကာင္႔  ျပိဳင္ဆိုင္မႈပိုျပင္းထန္မွာကေတာ႔ ေသခ်ာပါတယ္။ ဒီႏွစ္မွာလည္း ထံုးစံအတိုင္း စီေရာ္နယ္လ္ဒို နဲ႔ မက္ဆီ တို႔ပဲ သိမ္းပိုက္သြားမလား ၊ တျခားကစားသမားတစ္ဦးက အစဥ္အလာေတြကို ေဖာက္ထြက္ျပီး ရယူသြားမလားဆိုတာ စိတ္၀င္စားစရာပါ။ လက္ရိွမွာေတာ႔ နာမည္ေက်ာ္ ဂႏၳ၀င္ကစားသမားေတြက ၂၀၁၈ Ballon d’Or ဆုအတြက္ သူတို႔အၾကိဳက္ကစားသမားေတြကို ဖြင္႔ဟခဲ႔ၾကတာေၾကာင္႔ Akhayar Sports ပရိသတ္ေတြအတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) မိုဒရစ္ Modric

Modric

Modric

ဘရာဇီးလ္နဲ႔ ရီးယဲလ္မက္ဒရစ္အသင္း ဂႏၳ၀င္ဘယ္ေနာက္ခံလူ ကားလို႔စ္ Carlos ရဲ႕ ၂၀၁၈ Ballon d’Or ဆုအတြက္ အၾကိဳက္ကစားသမားကေတာ႔ ခ႐ိုေအးရွားနဲ႔ ရီးယဲလ္မက္ဒရစ္ကြင္းလယ္လူ မိုဒရစ္ Modric ပါပဲ။ ကားလို႔စ္ က ” မိုဒရစ္ကေတာ႔ က်ြန္ေတာ္႔အတြက္ ေဖးဘရိတ္ပါ။ သူရဲ႕အခု႐ုပ္ပိုင္းဆိုင္ရာကလည္း အေကာင္းဆံုးမွာရိွေနပါတယ္။ သူ႔အေနနဲ႔ အေကာင္းဆံုးေတြကို ထပ္ျပီး ပိုင္ဆိုင္ဦးမွာပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

(၂) ဘာေပ Mbappe နဲ႔ စီေရာ္နယ္ဒို Cristiano ronaldo

ခ်ယ္လ္ဆီးအသင္းရဲ႕ ဂႏၳ၀င္တိုက္စစ္မွဴး ဒေရာ႔ဘာ Drogba ကေတာ႔ ၂၀၁၈ Ballon d’Or ဆုအတြက္ အၾကိဳက္ကစားသမား(၂)ဦးေရြးခ်ယ္ခဲ႔ပါတယ္။ ပထမတစ္ဦးကေတာ႔ PSG အသင္းမွာ ေျခစြမ္းျပေနတဲ႔ ကမၻာ႔ဖလားခ်န္ပီယံဆုရွင္ ဘာေပ Mbappe ပါ။

Cristiano ronaldo

Cristiano ronaldo

ေနာက္တစ္ေယာက္ကေတာ႔ ဂ်ဴဗင္တပ္စ္အသင္းရဲ႕ တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုပါ။ ဒေရာ႔ဘာ က ” စီေရာ္နယ္လ္ဒို ကအခုခ်ိန္ထိ အေကာင္းဆံုးမွာရိွေနတုန္းပါ။ သူက စက္တစ္လံုးလိုပါပဲ။ ခ်န္ပီယံလိဂ္ဆုဖလားေတြလည္း ရရိွထားပါတယ္။ ဂ်ဴဗင္တပ္စ္မွာ ေျပာင္းေရႊ႕ကစားေနျပီး အဲဒီမွာလည္း ဂိုးေတြသြင္းယူေနပါတယ္။ သူက တကယ္႔ကို မယံုႏိုင္စရာေကာင္းတဲ႔သူပါ ” လို႔ေျပာၾကားခဲ႔ပါတယ္။

(၃) ေပါ႔ဘာ Pogba နဲ႔ ေနမာ Neymar

Pogba

Pogba

ဘရာဇီးလ္နဲ႔ ဘာစီလိုနာအသင္းေတြရဲ႕ ဂႏၳ၀င္ကစားသမား ေရာ္နယ္လ္ဒင္ဟို Ronaldinho ကေတာ႔ ၂၀၁၈ Ballon d’Or ဆုအတြက္ အၾကိဳက္ကစားသမား(၂)ဦးအျဖစ္ ေပါ႔ဘာ Pogba နဲ႔ ေနမာ Neymar တို႔ကိုေရြးခ်ယ္ခဲ႔ပါတယ္။ ေရာ္နယ္ဒင္ဟို က ” ေပါ႔ဘာ Ballon d’Or ဆုကိုရႏိုင္ပါတယ္။ ဒါကို သံသယျဖစ္စရာမရိွပါဘူး။ သူက ငယ္ရြယ္ပါတယ္။ ပါရမီရိွတယ္။ ျပီးေတာ႔ ဘယ္ေနရာမွာ မဆိုကစားႏိုင္စြမ္းရိွပါတယ္။ သူက free role ၊ ကြင္းလယ္ ခံစစ္ ၊ ကြင္းလယ္တုိက္စစ္ ေနရာေတြမွာ ကစားႏိုင္ပါတယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Neymar

Neymar

ေရာ္နယ္လ္ဒင္ဟို က ” ေနမာ အေနနဲ႔ Ballon d’Or ကိုရဖို႔ က်ြန္ေတာ္႔ဆီက အၾကံေတာင္းစရာမလိုပါဘူး။ သူ႔ရဲ႕အခ်ိန္ေရာက္လာတဲ႔အခါက်ရင္ သူဒီဆုကိုရပါလိမ္႔မယ္။ သူက ကမၻာ႔အေကာင္းဆံုးကစားသမားတစ္ဦးပါ။ အခုထက္ပိုေကာင္းေအာင္လည္း ဆက္ၾကိဳးစားသြားရပါလိမ္႔မယ္ ” လို႔ေျပာၾကားခဲ႔ပါတယ္။

(၄) ဘာေပ Mbappe

Mbappe

Mbappe

အီတလီ ဂႏၳ၀င္ဂိုးသမား ဘူဖြန္ Buffon ကေတာ႔ ၂၀၁၈ Ballon d’Or ဆုအတြက္ သူ႔ရဲ႕ PSG အသင္းေဖာ္ ဘာေပ ကိုေရြးခ်ယ္ခဲ႔ပါတယ္။ ဘူဖြန္ က ” ဘာေပရဲ႕ ေျခစြမ္းက တကယ္႔ကိုထူးျခားပါတယ္။ အီတလီမွာဆိုရင္ သူ႔ကုိ ဘက္ဂီယို Baggio ၊ ေတာ႔တီ Totti ၊ ဒယ္ပီယာ႐ို Del Piero တို႔နဲ႔ ႏိႈင္းယွဥ္ရပါမယ္။ ဒါေပမဲ႔ သူ႔ရဲ႕ပင္ကိုယ္စြမ္းရည္နဲ႔ နည္းစနစ္ပိုင္း အရည္အေသြးေတြဟာ က်ြန္ေတာ္ရဲ႕ ကစားသမားဘ၀မွာေတာ႔ ၾကံဳေတာင္႔ၾကံဳခဲပါပဲ ” လို႔ေျပာၾကားခဲ႔ပါတယ္။

Ref: Sportskeeda
Photo: FOX Sports Asia , Sportskeeda , The Independent
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

၂၀၁၈ Ballon d’Or ဆုအတွက် နာမည်ကျော် ဂန္ထဝင်တွေရဲ့ အကြိုက်ကစားသမားတွေက ဘယ်သူတွေဖြစ်မလဲ

စီရော်နယ်လ်ဒို Cristiano ronaldo နဲ့ မက်ဆီ Messi တို့ပဲ ဆယ်စုနှစ်တစ်ခုကြာသိမ်းပိုက်လာခဲ့တဲ့ Ballon d’Or ဆုကို ၂၀၁၈ ခုနှစ်မှာ ဘယ်ကစားသမားက ရရှိမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ၂၀၁၈ Ballon d’Or ဆုနဲ့ထိုက်တန်တဲ့ ကစားသမားတွေဟာ ဒီနှစ်မှာ အရင်နှစ်တွေကထက် ပိုများတာကြောင့်  ပြိုင်ဆိုင်မှုပိုပြင်းထန်မှာကတော့ သေချာပါတယ်။ ဒီနှစ်မှာလည်း ထုံးစံအတိုင်း စီရော်နယ်လ်ဒို နဲ့ မက်ဆီ တို့ပဲ သိမ်းပိုက်သွားမလား ၊ တခြားကစားသမားတစ်ဦးက အစဉ်အလာတွေကို ဖောက်ထွက်ပြီး ရယူသွားမလားဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိမှာတော့ နာမည်ကျော် ဂန္ထဝင်ကစားသမားတွေက ၂၀၁၈ Ballon d’Or ဆုအတွက် သူတို့အကြိုက်ကစားသမားတွေကို ဖွင့်ဟခဲ့ကြတာကြောင့် Akhayar Sports ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) မိုဒရစ် Modric

Modric

Modric

ဘရာဇီးလ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်း ဂန္ထဝင်ဘယ်နောက်ခံလူ ကားလို့စ် Carlos ရဲ့ ၂၀၁၈ Ballon d’Or ဆုအတွက် အကြိုက်ကစားသမားကတော့ ခရိုအေးရှားနဲ့ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ မိုဒရစ် Modric ပါပဲ။ ကားလို့စ် က ” မိုဒရစ်ကတော့ ကျွန်တော့်အတွက် ဖေးဘရိတ်ပါ။ သူရဲ့အခုရုပ်ပိုင်းဆိုင်ရာကလည်း အကောင်းဆုံးမှာရှိနေပါတယ်။ သူ့အနေနဲ့ အကောင်းဆုံးတွေကို ထပ်ပြီး ပိုင်ဆိုင်ဦးမှာပါ ” လို့ပြောကြားခဲ့ပါတယ်။

(၂) ဘာပေ Mbappe နဲ့ စီရော်နယ်ဒို Cristiano ronaldo

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်တိုက်စစ်မှူး ဒရော့ဘာ Drogba ကတော့ ၂၀၁၈ Ballon d’Or ဆုအတွက် အကြိုက်ကစားသမား(၂)ဦးရွေးချယ်ခဲ့ပါတယ်။ ပထမတစ်ဦးကတော့ PSG အသင်းမှာ ခြေစွမ်းပြနေတဲ့ ကမ္ဘာ့ဖလားချန်ပီယံဆုရှင် ဘာပေ Mbappe ပါ။

Cristiano ronaldo

Cristiano ronaldo

နောက်တစ်ယောက်ကတော့ ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုပါ။ ဒရော့ဘာ က ” စီရော်နယ်လ်ဒို ကအခုချိန်ထိ အကောင်းဆုံးမှာရှိနေတုန်းပါ။ သူက စက်တစ်လုံးလိုပါပဲ။ ချန်ပီယံလိဂ်ဆုဖလားတွေလည်း ရရှိထားပါတယ်။ ဂျူဗင်တပ်စ်မှာ ပြောင်းရွှေ့ကစားနေပြီး အဲဒီမှာလည်း ဂိုးတွေသွင်းယူနေပါတယ်။ သူက တကယ့်ကို မယုံနိုင်စရာကောင်းတဲ့သူပါ ” လို့ပြောကြားခဲ့ပါတယ်။

(၃) ပေါ့ဘာ Pogba နဲ့ နေမာ Neymar

Pogba

Pogba

ဘရာဇီးလ်နဲ့ ဘာစီလိုနာအသင်းတွေရဲ့ ဂန္ထဝင်ကစားသမား ရော်နယ်လ်ဒင်ဟို Ronaldinho ကတော့ ၂၀၁၈ Ballon d’Or ဆုအတွက် အကြိုက်ကစားသမား(၂)ဦးအဖြစ် ပေါ့ဘာ Pogba နဲ့ နေမာ Neymar တို့ကိုရွေးချယ်ခဲ့ပါတယ်။ ရော်နယ်ဒင်ဟို က ” ပေါ့ဘာ Ballon d’Or ဆုကိုရနိုင်ပါတယ်။ ဒါကို သံသယဖြစ်စရာမရှိပါဘူး။ သူက ငယ်ရွယ်ပါတယ်။ ပါရမီရှိတယ်။ ပြီးတော့ ဘယ်နေရာမှာ မဆိုကစားနိုင်စွမ်းရှိပါတယ်။ သူက free role ၊ ကွင်းလယ် ခံစစ် ၊ ကွင်းလယ်တိုက်စစ် နေရာတွေမှာ ကစားနိုင်ပါတယ် ” လို့ပြောကြားခဲ့ပါတယ်။

Neymar

Neymar

ရော်နယ်လ်ဒင်ဟို က ” နေမာ အနေနဲ့ Ballon d’Or ကိုရဖို့ ကျွန်တော့်ဆီက အကြံတောင်းစရာမလိုပါဘူး။ သူ့ရဲ့အချိန်ရောက်လာတဲ့အခါကျရင် သူဒီဆုကိုရပါလိမ့်မယ်။ သူက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ အခုထက်ပိုကောင်းအောင်လည်း ဆက်ကြိုးစားသွားရပါလိမ့်မယ် ” လို့ပြောကြားခဲ့ပါတယ်။

(၄) ဘာပေ Mbappe

Mbappe

Mbappe

အီတလီ ဂန္ထဝင်ဂိုးသမား ဘူဖွန် Buffon ကတော့ ၂၀၁၈ Ballon d’Or ဆုအတွက် သူ့ရဲ့ PSG အသင်းဖော် ဘာပေ ကိုရွေးချယ်ခဲ့ပါတယ်။ ဘူဖွန် က ” ဘာပေရဲ့ ခြေစွမ်းက တကယ့်ကိုထူးခြားပါတယ်။ အီတလီမှာဆိုရင် သူ့ကို ဘက်ဂီယို Baggio ၊ တော့တီ Totti ၊ ဒယ်ပီယာရို Del Piero တို့နဲ့ နှိုင်းယှဉ်ရပါမယ်။ ဒါပေမဲ့ သူ့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ နည်းစနစ်ပိုင်း အရည်အသွေးတွေဟာ ကျွန်တော်ရဲ့ ကစားသမားဘဝမှာတော့ ကြုံတောင့်ကြုံခဲပါပဲ ” လို့ပြောကြားခဲ့ပါတယ်။

Ref: Sportskeeda
Photo: FOX Sports Asia , Sportskeeda , The Independent
Ko Kyue(Akhayar)
www.akhayar.com