[ZawGyi]

သၾကၤန္အတြက္ တစ္ေန႔တစ္မ်ိဳးမရိုးေစမယ္႔ မ်က္ဝန္းျခယ္သမႈေလးမ်ိဳး

သၾကၤန္လည္မယ္ဆုိရင္ မ်က္ဝန္းအတြက္ျပင္ဆင္ျခယ္သမႈေတြအမ်ားၾကီးမလိုေပမယ္႔ မိတ္ကပ္ျပင္ဆင္ရတာၾကိဳက္တဲ႔ ဝါသနာပါတဲ႔ေကာင္မေလးေတြအတြက္ စမ္းၾကည္႔သင္႔တဲ႔မ်က္ဝန္းျခယ္သမႈေလးေတြကို မိတ္ဆက္ေပးခ်င္ပါတယ္။ မ႑ပ္ထိုင္ေရပက္ရင္ပဲျဖစ္ျဖစ္ ညေနဘက္ ညဘက္အျပင္ထြက္ရင္ပဲျဖစ္ျဖစ္ျခယ္သႏိုင္သလို ရံုးဖြင္႔လုိ႔ရံုးတက္ခ်ိန္ေတြမွာေတာင္ ေပါ႔ေပါ႔ပါးပါးနဲ႔လက္လက္ေလး လွေနေစမယ္႔ ျခယ္သမႈမ်ိဳးေတြပါ။ အားလံုးပဲ စမ္းၾကည္႔ႏိုင္ပါတယ္ေနာ္။

A Light Wash of a Single Color

A Light Wash of a Single Color

A Light Wash of a Single Color

ဒီျခယ္သနည္းကေတာ႔ Eye Shadow စသံုးျပီးျခယ္သခါစလူေတြအတြက္ အေကာင္းဆံုးပါ။ ဒီျခယ္သမႈက ေန႔စဥ္ထသြားထလာျပင္ဆင္မႈအတြက္လည္း အဆင္ေျပပါတယ္။ ဒီေနရာမွာေတာ႔ Creamy Shadow ကို သံုးေစခ်င္ပါတယ္။ မ်က္ေတာင္ေမြးရင္းနားကပ္ျပီး ဘရပ္ရွ္ ဒါမွမဟုတ္ Applicator ေလးသံုးျပီးျခယ္လိုက္ပါ။ ျပီးရင္ေတာ႔ လက္သူၾကြယ္ေလးနဲ႔ျဖန္႔လိမ္းပါ။ မ်က္ခြံအစြန္းထိဆြဲျဖန္႔သြားရပါမယ္။ အဓိကက Shadow နည္းနည္းပံုျပီး မ်ားမ်ား Blend ရမွာျဖစ္ပါတယ္။ တကယ္လုိ႔ Shadow ကို Powder Type သံုးခ်င္ေသးတယ္ဆုိရင္ ဘရပ္ရွ္ေလးသံုးျပီး ထပ္ႏိုင္ပါတယ္။ အေရာင္ကိုေတာ႔ ၾကိဳက္ရာတင္ပါ။ ဘရပ္ရွ္ Handle အဖ်ားေလးကေနကိုင္ျပီး ဖြဖြနဲ႔ျမန္ျမန္ျခယ္ေပးရမွာပါ။ ကာလာကို ကိုယ္လုိခ်င္တဲ႔အေနအထားအထိ အနည္းအမ်ားညွိသံုးေပးပါ။ ဒီ Blend ပံုမ်ိဴးက အရမ္းရိုးရွင္းေပမယ္႔ အခ်ိန္ကုန္သက္သာျပီး အသပ္ရပ္ဆံုးေသာ Makeup Look ကိုရရွိေစမွာပါ။

Glossy Lids

glossy eyes

glossy eyes

မ်က္ဝန္းကို ေျပာင္ေျပာင္လက္လက္ေလးနဲ႔ထင္းေနေစခ်င္ရင္ လြယ္ကူရိုးရွင္းတဲ႔နည္းတစ္ခုရွိပါတယ္။ အဲဒါကေတာ႔ Basic Eyeshadow ျခယ္သျပီးခ်ိန္မွာ Lip Gloss ေျပာင္ေျပာင္ေလးကို အျပီးသတ္တင္ေပးဖုိ႔ပါပဲ။ လိမ္းျခယ္နည္းက လြယ္လြယ္ေလးပါ။ ဘရပ္ရွ္ေလးနဲ႔ ကိုယ္ႏွစ္သက္တဲ႔ Shadow အေရာင္ကို ဖြဖြတင္ပါ။ ျပီးရင္ေတာ႔ လက္သူၾကြယ္သံုးျပီး မ်က္ခြံအလယ္ေနရာမွာ Gloss ေလးတင္ျပီးျဖန္႔ေပးဖုိ႔ပါပဲ။ ဒီလိုေျပာင္ေျပာင္ေလးျဖစ္ဖုိ႔အတြက္ Lip Gloss တစ္ခုတည္းသံုးႏိုင္တာမဟုတ္ဘူးေနာ္။ Balm ဒါမွမဟုတ္ အေျပာင္ပါတဲ႔ Highlighter ေလးေတြကိုလည္း သံုးႏိုင္ပါတယ္။

Jack Daniel's

Jack Daniel’s

A Cut Crease

ဆြဲေဆာင္မႈလည္းရွိ အာရွနဲ႔လည္းလုိက္ဖက္မယ္႔ ျခယ္သမႈအတြက္ တိပ္၊ Concealer ၊ Eyeliner နဲ႔ ဘရပ္ရွ္ေတြပဲလုိပါတယ္။ ဒီ Look ကိုရဖုိ႔အတြက္ အေျခခံအက်ဆံုး Shadow ျခယ္သနည္းအတုိင္းပဲ Color ေလးေတြ Blend ပါ။ ျပီးရင္ေတာ႔ သူ႔ထက္ပိုရင္႔တဲ႔ ကာလာကိုဘရပ္ရွ္သံုးျပီး Layer ပါးပါးထပ္လိမ္းပါ။ Concealer ကို ဘရပ္ရွ္ေသးေသးေလးသံုးျပီး မ်က္ရစ္တစ္ေလွ်ာက္လိမ္းပါ။ ျပီးရင္ေတာ႔ အေရးအၾကီးဆံုးအဆင္႔လာပါျပီ။ ေထာင္႔ခၽြန္းေလးရေစဖို႔ တိပ္အၾကည္ေလးနဲ႔ေအာက္မ်က္ေတာင္နားကို ကပ္ပါ။ Cat Eye လုိခၽြန္းခၽြန္းေလးျဖစ္ေစရပါမယ္။ လိုင္နာဘရပ္ရွ္အေသးေလးနဲ႔ တိပ္အစြန္းေလးမွာ အေရာင္ရင္႔ Shadow ကိုထပ္ျခယ္ပါ။ ျပီးရင္ေတာ႔ တိပ္ေလးကိုဆြဲခြာျပီးေအာက္မ်က္ခမ္းနားမွာ အေရာင္ရင္႔ကိုဆက္ Blend ဖို႔ပါပဲ။ ျပီးရင္ေတာ႔ မ်က္ဝန္းအတြင္းေထာင္႔ေလးကိုကာလာလင္းလင္းေလးျခယ္ျပီး မ်က္ေတာင္တုေလးတပ္လိုက္ဖုိ႔ပါပဲ။ ပိုရွင္းလင္းသြားေအာင္ သူျခယ္သပံုေလးကို ၾကည္႔ပါေနာ္။

Beautiful @byjeannine Using the Soft Glam Palette & Malt Liquid Lipstick

A post shared by Anastasia Beverly Hills (@anastasiabeverlyhills) on

A Halo Eye

လြယ္ကူျမန္ဆန္ျပီး အလွဆံုး Look ကိုရမယ္႔ ျခယ္သပံုေလးပါ။ ကိုယ္ၾကိဳက္တဲ႔ Eyeshadow အေရာင္ လက္လက္ေလးကိုေရြးပါ။ မ်က္ခြံအႏွ႔ံ ဘရပ္ရွ္သံုးျပီး လိမ္းပါ။ ျပီးရင္ေတာ႔ ေအာက္မ်က္ခမ္းအႏွ႔ံျခယ္သပါမယ္။ Shimmer ၊ Highlighter ေလးေတြကို မ်က္ခြံအတြင္းဘက္အစြန္းကေနေဘးစြန္းအထိ ပါးပါးေလးျခယ္သပါ။ သြက္သြက္ေလးနဲ႔ပါးပါးေလးျခယ္သရမွာပါေနာ္။ ျပီးရင္ေတာ႔ EyeLiner Pencil နဲ႔အနားကြပ္ပါ။ ေဘးစြန္းကိုနည္းနည္းေလးေကာ႔တင္ျပီးဆုိးပါ။ ျပီးရင္ မ်က္ေတာင္ေကာ႔ပါမယ္။ မ်က္ခြံအေပၚစြန္းကို Shimmer ေလးနည္းနည္းတင္ပါ။ မ်က္ေတာင္တုတပ္ခ်င္တယ္ဆုိရင္ တပ္လုိ႔ရပါတယ္။ ဗီဒီယိုေလးပါ တြဲျပီးေဖာ္ျပလိုက္ပါတယ္ေနာ္။

MTHRSHP Sublime Bronze Ambition ⚡️⚡️⚡️ Revel in a gilt trip of iconic illumination, captured in a sexy soiree of fiery coppers, illicit charcoals, sensual golds, and carnal champagnes🖤🖤🖤 ALL 3 NEW SIX-PAN MTHRSHP Eye Palettes are now available at PATMcGRATH.COM ______________________________ #PMGHowTo #tutorial . —Pack ‘COPPERIZED’ pigment onto lid with a flat brush & diffuse edges —Apply ‘COPPERIZED’ pigment to lower lash line. —Define upper & lower lash line using ‘BRONZE STRUCK’ pigment on a small brush 一Swipe ‘GOLD RUSH’ pigment onto lid with a finger —Define lash line using PermaGel Ultra Glide Eye Pencil in ‘BLITZ BROWN’ . —Highlight inner corner & brow bone with ‘GILT TRIP’ pigment —Apply mascara & false lashes

A post shared by Pat McGrath (@patmcgrathreal) on

ကဲ…Makeup ျပင္ဆင္ရတာၾကိဳက္သူေလးေတြ အိမ္တြင္းေအာင္းျပီး အိမ္မွာပ်င္းေနရင္လည္း ဒီ EyeMakeup Look ေတြကိုေလ႔က်င္႔ျခယ္သၾကည္႔လုိ႔ရပါတယ္လို႔။ အားလံုးပဲ ေပ်ာ္ရႊင္စရာသၾကၤန္ေန႔ရက္ေတြကိုပိုင္ဆုိင္ၾကပါေစ။

Jack Daniel's

Jack Daniel’s

www.akhayar.com

[Unicode]

သင်္ကြန်အတွက် တစ်နေ့တစ်မျိုးမရိုးစေမယ့် မျက်ဝန်းခြယ်သမှုလေးမျိုး

သင်္ကြန်လည်မယ်ဆိုရင် မျက်ဝန်းအတွက်ပြင်ဆင်ခြယ်သမှုတွေအများကြီးမလိုပေမယ့် မိတ်ကပ်ပြင်ဆင်ရတာကြိုက်တဲ့ ဝါသနာပါတဲ့ကောင်မလေးတွေအတွက် စမ်းကြည့်သင့်တဲ့မျက်ဝန်းခြယ်သမှုလေးတွေကို မိတ်ဆက်ပေးချင်ပါတယ်။ မဏ္ဍပ်ထိုင်ရေပက်ရင်ပဲဖြစ်ဖြစ် ညနေဘက် ညဘက်အပြင်ထွက်ရင်ပဲဖြစ်ဖြစ်ခြယ်သနိုင်သလို ရုံးဖွင့်လို့ရုံးတက်ချိန်တွေမှာတောင် ပေါ့ပေါ့ပါးပါးနဲ့လက်လက်လေး လှနေစေမယ့် ခြယ်သမှုမျိုးတွေပါ။ အားလုံးပဲ စမ်းကြည့်နိုင်ပါတယ်နော်။

A Light Wash of a Single Color

A Light Wash of a Single Color

A Light Wash of a Single Color

ဒီခြယ်သနည်းကတော့ Eye shadow စသုံးပြီးခြယ်သခါစလူတွေအတွက် အကောင်းဆုံးပါ။ ဒီခြယ်သမှုက နေ့စဉ်ထသွားထလာပြင်ဆင်မှုအတွက်လည်း အဆင်ပြေပါတယ်။ ဒီနေရာမှာတော့ Creamy Shadow ကို သုံးစေချင်ပါတယ်။ မျက်တောင်မွေးရင်းနားကပ်ပြီး ဘရပ်ရှ် ဒါမှမဟုတ် Applicator လေးသုံးပြီးခြယ်လိုက်ပါ။ ပြီးရင်တော့ လက်သူကြွယ်လေးနဲ့ဖြန့်လိမ်းပါ။ မျက်ခွံအစွန်းထိဆွဲဖြန့်သွားရပါမယ်။ အဓိကက Shadow နည်းနည်းပုံပြီး များများ Blend ရမှာဖြစ်ပါတယ်။ တကယ်လို့ Shadow ကို Powder Type သုံးချင်သေးတယ်ဆိုရင် ဘရပ်ရှ်လေးသုံးပြီး ထပ်နိုင်ပါတယ်။ အရောင်ကိုတော့ ကြိုက်ရာတင်ပါ။ ဘရပ်ရှ် Handle အဖျားလေးကနေကိုင်ပြီး ဖွဖွနဲ့မြန်မြန်ခြယ်ပေးရမှာပါ။ ကာလာကို ကိုယ်လိုချင်တဲ့အနေအထားအထိ အနည်းအများညှိသုံးပေးပါ။ ဒီ Blend ပုံမျိူးက အရမ်းရိုးရှင်းပေမယ့် အချိန်ကုန်သက်သာပြီး အသပ်ရပ်ဆုံးသော Makeup Look ကိုရရှိစေမှာပါ။

Glossy Lids

glossy eyes

glossy eyes

မျက်ဝန်းကို ပြောင်ပြောလက်လက်လေးနဲ့ထင်းနေစေချင်ရင် လွယ်ကူရိုးရှင်းတဲ့နည်းတစ်ခုရှိပါတယ်။ အဲဒါကတော့ Basic Eyeshadow ခြယ်သပြီးချိန်မှာ Lip Gloss ပြောင်ပြောင်လေးကို အပြီးသတ်တင်ပေးဖို့ပါပဲ။ လိမ်းခြယ်နည်းက လွယ်လွယ်လေးပါ။ ဘရပ်ရှ်လေးနဲ့ ကိုယ်နှစ်သက်တဲ့ Shadow အရောင်ကို ဖွဖွတင်ပါ။ ပြီးရင်တော့ လက်သူကြွယ်သုံးပြီး မျက်ခွံအလယ်နေရာမှာ Gloss လေးတင်ပြီးဖြန့်ပေးဖို့ပါပဲ။ ဒီလိုပြောင်ပြောင်လေးဖြစ်ဖို့အတွက် Lip Gloss တစ်ခုတည်းသုံးနိုင်တာမဟုတ်ဘူးနော်။ Balm ဒါမှမဟုတ် အပြောင်ပါတဲ့ Highlighter လေးတွေကိုလည်း သုံးနိုင်ပါတယ်။

Jack Daniel's

Jack Daniel’s

A Cut Crease

ဆွဲဆောင်မှုလည်းရှိ အာရှနဲ့လည်းလိုက်ဖက်မယ့် ခြယ်သမှုအတွက် တိပ်၊ Concealer ၊ Eyeliner နဲ့ ဘရပ်ရှ်တွေပဲလိုပါတယ်။ ဒီ Look ကိုရဖို့အတွက် အခြေခံအကျဆုံး Shadow ခြယ်သနည်းအတိုင်းပဲ Color လေးတွေ Blend ပါ။ ပြီးရင်တော့ သူ့ထက်ပိုရင့်တဲ့ ကာလာကိုဘရပ်ရှ်သုံးပြီး Layer ပါးပါးထပ်လိမ်းပါ။ Concealer ကို ဘရပ်ရှ်သေးသေးလေးသုံးပြီး မျက်ရစ်တစ်လျှောက်လိမ်းပါ။ ပြီးရင်တော့ အရေးအကြီးဆုံးအဆင့်လာပါပြီ။ ထောင့်ချွန်းလေးရစေဖို့ တိပ်အကြည်လေးနဲ့အောက်မျက်တောင်နားကို ကပ်ပါ။ Cat Eye လိုချွန်းချွန်းလေးဖြစ်စေရပါမယ်။ လိုင်နာဘရပ်ရှ်အသေးလေးနဲ့ တိပ်အစွန်းလေးမှာ အရောင်ရင့် Shadow ကိုထပ်ခြယ်ပါ။ ပြီးရင်တော့ တိပ်လေးကိုဆွဲခွာပြီးအောက်မျက်ခမ်းနားမှာ အရောင်ရင့်ကိုဆက် Blend ဖို့ပါပဲ။ ပြီးရင်တော့ မျက်ဝန်းအတွင်းထောင့်လေးကိုကာလာလင်းလင်းလေးခြယ်ပြီး မျက်တောင်တုလေးတပ်လိုက်ဖို့ပါပဲ။ ပိုရှင်းလင်းသွားအောင် သူခြယ်သပုံလေးကို ကြည့်ပါနော်။

Beautiful @byjeannine Using the Soft Glam Palette & Malt Liquid Lipstick

A post shared by Anastasia Beverly Hills (@anastasiabeverlyhills) on

A Halo Eye

လွယ်ကူမြန်ဆန်ပြီး အလှဆုံး Look ကိုရမယ့် ခြယ်သပုံလေးပါ။ ကိုယ်ကြိုက်တဲ့ Eyeshadow အရောင် လက်လက်လေးကိုရွေးပါ။ မျက်ခွံအနှံ့ ဘရပ်ရှ်သုံးပြီး လိမ်းပါ။ ပြီးရင်တော့ အောက်မျက်ခမ်းအနှံ့ခြယ်သပါမယ်။ Shimmer ၊ Highlighter လေးတွေကို မျက်ခွံအတွင်းဘက်အစွန်းကနေဘေးစွန်းအထိ ပါးပါးလေးခြယ်သပါ။ သွက်သွက်လေးနဲ့ပါးပါးလေးခြယ်သရမှာပါနော်။ ပြီးရင်တော့ EyeLiner Pencil နဲ့အနားကွပ်ပါ။ ဘေးစွန်းကိုနည်းနည်းလေးကော့တင်ပြီးဆိုးပါ။ ပြီးရင် မျက်တောင်ကော့ပါမယ်။ မျက်ခွံအပေါ်စွန်းကို Shimmer လေးနည်းနည်းတင်ပါ။ မျက်တောင်တုတပ်ချင်တယ်ဆိုရင် တပ်လို့ရပါတယ်။ ဗီဒီယိုလေးပါ တွဲပြီးဖော်ပြလိုက်ပါတယ်နော်။

MTHRSHP Sublime Bronze Ambition ⚡️⚡️⚡️ Revel in a gilt trip of iconic illumination, captured in a sexy soiree of fiery coppers, illicit charcoals, sensual golds, and carnal champagnes🖤🖤🖤 ALL 3 NEW SIX-PAN MTHRSHP Eye Palettes are now available at PATMcGRATH.COM ______________________________ #PMGHowTo #tutorial . —Pack ‘COPPERIZED’ pigment onto lid with a flat brush & diffuse edges —Apply ‘COPPERIZED’ pigment to lower lash line. —Define upper & lower lash line using ‘BRONZE STRUCK’ pigment on a small brush 一Swipe ‘GOLD RUSH’ pigment onto lid with a finger —Define lash line using PermaGel Ultra Glide Eye Pencil in ‘BLITZ BROWN’ . —Highlight inner corner & brow bone with ‘GILT TRIP’ pigment —Apply mascara & false lashes

A post shared by Pat McGrath (@patmcgrathreal) on

ကဲ…Makeup ပြင်ဆင်ရတာကြိုက်သူလေးတွေ အိမ်တွင်းအောင်းပြီး အိမ်မှာပျင်းနေရင်လည်း ဒီ EyeMakeup Look တွေကိုလေ့ကျင့်ခြယ်သကြည့်လို့ရပါတယ်လို့။ အားလုံးပဲ ပျော်ရွှင်စရာသင်္ကြန်နေ့ရက်တွေကိုပိုင်ဆိုင်ကြပါစေ။

Jack Daniel's

Jack Daniel’s

www.akhayar.com