ပိုက်ဆံဆိုတာ ရှာရတာခက်သလောက် သုံးဖို့ စွဲဖို့ကျတော့ တစ်နာရီလောက်တောင် မကြာပါဘူး။ ဒါကြောင့်မို့ ရှာရခက်တဲ့ ပိုက်ဆံတွေကို မလိုအပ်ဘဲ မဖြုန်းမိစေဖို့အတွက် လူကြီးတွေက သတိပေးလေ့ရှိကြပါတယ်။ မလိုအပ်ဘဲ ဖြုန်းမိရင် အရေးအကြောင်းဆို သုံးစရာ၊ စွဲစရာ ပိုက်ဆံမရှိမှာစိုးတဲ့ အတွက်ကြောင့် သတိပေးကြခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေမှာတော့ ကိုယ်ပင်ပန်းဆင်းရဲခံပြီး ရှာဖွေထားတဲ့ ငွေတွေကို သုံးပေး၊ ရင်းနှီးမြှုပ်နှံပေးတာကလည်း အနာဂတ်အတွက် ရင်နှီးမြှုပ်နှံခြင်းနဲ့ တူလို့ ဒီလိုအရာမျိုးတွေမှာတော့ ငွေကို မနှမြောဘဲ ရဲရဲကြီး သုံးလိုက်ပါ။

(၁) ပညာရေး

ပိုက်ဆံတွေကို သုံးဖြုန်းလိုက်ပြီးရင် အနာဂတ်မှာ အကျိုးအမြတ်ပြန်ရတယ်ဆိုတာ ခပ်ရှားရှားပါ။ ဒါပေမယ့် ပညာရေးအတွက် ငွေရေးကြေးရေးကို မြှုပ်နှံလိုက်မယ်ဆိုရင်တော့ အနာဂတ်မှာ ကိုယ်တတ်သလောက် အကျိုးအမြတ်ပြန်ရမှာ သေချာပါတယ်။ ကောင်းမွန်တဲ့ပညာရေးအတွက် ငွေကြေးကို အသုံးချလိုက်ခြင်းဟာ ကုန်သွားတဲ့ ငွေပမာဏထက်ပိုတဲ့ ငွေကြေးတွေကို ပြန်လည်ရှာဖွေနိုင်ပါတယ်။ ဒါပေမယ့် နိုင်ငံတကာမှာ ပညာရေးအတွက် ကုန်ကျစရိတ်က မြင့်တက်တဲ့အတွက် ကျောင်းပြီးတာနဲ့ အကြွေးလည်ပင်းမှာ တစ်နေတာမျိုး ဖြစ်ကြတာ တွေ့ရပါတယ်။ သို့သော်လည်း နိုင်ငံတကာရှိ ကောလိပ်အများစုဟာ ကျောင်းသားတွေကို ပြန်ကြည့်တဲ့အနေနဲ့ အချိန်ပိုင်းအလုပ်တွေ လုပ်ခြင်းဖြင့် ငွေရှာခွင့်ပြုထားပါတယ်။ ဒါ့အပြင် ငွေကုန်ကြေးကျနည်းနည်းနဲ့ သင်ယူလို့ရတဲ့ Online Class တွေ၊ ဒေသခံကောလိပ်သင်တန်းများနဲ့ တခြား အထူး Programming တွေနဲ့ Certification တွေရရှိအောင် ပြုလုပ်ပေးထားတာတွေလည်း ရှိပါတယ်။ ငွေကို သူများထက်သာလွန်အောင် ရှာဖွေနိုင်ဖို့အတွက်ဆို ပညာရေးမှာ ငွေကြေးတွေ ရင်းနှီးမြှုပ်နှံဖို့ ဘယ်တော့မှ လက်မနှေးပါနဲ့။

Education

Education

(၂) ခရီးသွားခြင်း

ငွေဟာအရှင်သခင်တစ်ပါးလို့ အရေးပါတဲ့အတွက် ဘဝတစ်လျှောက်လုံး ငွေတွေရှာဖွေပြီး ပျော်ရွှင်မှုတွေ ပျောက်ဆုံးစွာနဲ့ ရှင်သန်သွားရတာမျိုး မဖြစ်ပါစေနဲ့။ ပိုက်ဆံလည်းကြိုးကြိုးစားစားရှာဖွေပြီး ကိုယ့်ကိုယ်ကိုယ်လည်း အားလပ်ချိန်ပေးတဲ့အနေနဲ့ ကိုယ်သွားချင်တဲ့နေရာကို အပန်းဖြေခရီးထွက်တာမျူိုးနဲ့ အနားယူအပန်းဖြေပါ။ အပန်းဖြေခရီးထွက်လို့ ကုန်တာက ငွေကုန်ရကျိုး နပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခရီးထွက်တဲ့အခါမှာ စိတ်ကိုကြည်လင်လန်းဆန်းစေပြီး ကိုယ်အလုပ်နဲ့ ပတ်သက်တဲ့ အတွေးသစ်၊အမြင်သစ်တွေနဲ့ တခြားအတွေ့အကြုံကောင်းတွေပါ ရရှိစေနိုင်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ခရီးထွက်ခြင်းဟာ ကောင်းမွန်တဲ့ အကျိုးကျေးဇူးတွေ အများကြီး ပြန်ရနိုင်တာမို့ ငွေဖြုန်းတာ လုံးဝမဟုတ်ပါဘူး။ ဒါ့ကြောင့်မို့ ကိုယ်သွားချင်တဲ့ ခရီးရှိရင် သွားဖြစ်အောင်သွားဖို့ အကြံပြုချင်ပါတယ်။

Travelling

Travelling

(၃) အိပ်ရာ

ရှေးတုန်းက ရှေးလူကြီးတွေ ပြောခဲ့တာကတစ်ခုကတော့ ဘဝမှာ ဒီအရာနှစ်ခုအတွက် ငွေသုံးဖို့ လုံးဝလက်မတွန့်ပါနဲ့။ ထိုအရာနှစ်ခုကတော့ အိပ်ရာနဲ့ ဖိနပ်ဖြစ်ပြီး ဒီနှစ်ခုအတွက် ငွေသုံးဖို့ လုံးဝ လုံးဝမနှမြောပါနဲ့။ စဉ်းစားကြည့်ပါ။ ဘဝရဲ့သုံးပုံတစ်ပုံဟာ အိပ်စက်ခြင်းဖြင့် ကုန်ဆုံးရပါတယ်။ အိပ်ပျော်ဖို့ ခက်ခဲတဲ့သူဆိုရင် ကောင်းမွန်တဲ့ အိပ်ရာပေါ်မှာ အိပ်ပေးဖို့ ပိုပြီးလိုအပ်ပါတယ်။ အိပ်ရေးမဝတဲ့အခါ အလုပ်တွေ အနှောင့်အယှက်ဖြစ်စေနိုင်သလို ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့ ကျန်းမာရေးကို မထိခိုက်စေဖို့နဲ့ အလုပ်တွေ အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ပြီးစေဖို့အတွက် ကောင်းမွန်တဲ့ အိပ်ရာနဲ့ အိပ်စက်ဖို့ ငွေကို ကပ်စေးမနည်းဘဲ သုံးလိုက်ပါ။

bed

Mattress

(၄) ကျန်းမာရေး

ဘဝမှာ အရေးကြီးဆုံးက ပိုက်ဆံဖြစ်သလို သူနဲ့တန်းတူနီးပါးအရေးကြီးတာကတော့ ကျန်းမာရေးပဲ ဖြစ်ပါတယ်။ ကျန်းမာရေးက ငွေထက်ပိုအရေးကြီးတယ်လို့တောင် ပြောမယ်ဆို ပြောလို့ရပါတယ်။ ကျန်းမာရေး တကယ်ထိခိုက်လာပြီဆိုရင် ငွေကြေးနဲ့ ကူလို့ ကယ်လို့ မရပါဘူး။ ကျန်းမာရေးထိခိုက်လာပြီဆိုရင် ငွေရှာဖို့ဆိုတာလည်း မလွယ်တော့သလို မိသားစုတွေလည်း ပင်ပန်းဆင်းရဲကြရပြီး အစစအရာရာ ထိခိုက်ပျက်စီးလာရပါတယ်။ ဒါကြောင့်မို့ မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးကို ပုံမှန်စစ်ဆေးခြင်း၊ ဗီတာမင်တွေ မှီဝဲခြင်း၊ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အစားအသောက်တွေ စားပေးခြင်းနဲ့ လေ့ကျင်ခန်းတွေ ပြုလုပ်ခြင်းအတွက် ငွေကုန်ကြေးကျခံလိုက်ပါ။ မလိုအပ်တဲ့ Branded ပစ္စည်းတွေအတွက် ငွေကုန်ကြေးကျခံမယ့်အစား ကျန်းမာရေးအတွက် ငွေကို ခြစ်ကုပ်မနေဘဲ မျက်စိစုံမှိတ်ပြီး အသုံးပြုလိုက်ပါ။

H.H(Akhayar)

www.akhayar.com