[Zawgyi]

ကမာၻေပၚက ယံုၾကည္ဖြယ္မေကာင္းတဲ့ ေၾကာက္မက္ဖြယ္ ရုိးရာယဥ္ေက်းမႈမ်ား

ကမာၻေပၚမွာ ထူးျခားဆန္းျပားတဲ႔ ပဲြေတာ္ေတြရွိသလို လူေတြမထင္မွတ္ထားေလာက္ေအာင္ ေက်ာခ်မ္းဖြယ္ေကာင္းတဲ႔ ရုိးရာဓေလ့ထံုးတမ္းစဥ္လာအဆန္းေတြလည္း ကမာၻ႔ႏိုင္ငံအသီးသီးမွာ ရွိၾကပါတယ္။ တခ်ဳိ႕ေသာ ရုိးရာယဥ္ေက်းမႈ အေမြအႏွစ္နဲ႔ အစဥ္အလာေတြတည္ရွိျခင္းက ေနာင္မ်ဳိးဆက္သစ္ေတြ သိရွိေစဖုိ႔ အေထာက္အကူေပးေပမယ္ တခ်ဳိ႕ေသာ ရုိးရာယဥ္ေက်းမႈေတြကေတာ့ လူကို သက္ေသာင့္သက္သာမျဖစ္ေစဘဲ ၾကက္သီးေမႊးညွင္းထသြားရေလာက္ေအာင္ ေၾကာက္မက္ဖြယ္ေကာင္းေစပါတယ္။ ရူးသြပ္ေနလို႔ ဒီရုိးရာယဥ္ေက်းမႈ အစဥ္အလာကို လုပ္ခဲ႔တာလားလို႔ေတာင္ ထင္မွတ္ရေလာက္ေအာင္ ထူးျခားဆန္းျပား ေၾကာက္မက္ဖြယ္ေကာင္းပါတယ္။

(၁) ခႏၶာကိုယ္အေပါက္ေဖါက္ပဲြေတာ္

စကာၤပူမွာ ေနထုိင္တဲ႔ ဟိႏၵဴလူမ်ဳိးေတြ က်င္းပေလ့ရွိတဲ႔ Thaipusam ပဲြေတာ္မွာ ခႏၶာကိုယ္ကို အေပါက္ေဖါက္ျခင္း ဓေလ့ထံုးစံကို တြင္တြင္က်ယ္က်ယ္ျပဳလုပ္ၾကပါတယ္။ ဒီလို ခႏၶာကိုယ္အႏွံ႔အေပါက္ေဖာက္ျခင္းဟာ ဟိႏၵဴလူမ်ဳိးစုေတြအၾကားမွာ အေတာ္ေရပန္းစားလွ်က္ ရွိပါတယ္။ ထိုင္းျပကၡဒိန္ျဖစ္တဲ႔ Tamil ျပကၡဒိန္ရဲ႕လျပည့္ညမွာ က်င္းပျပဳလုပ္တဲ႔ ခႏၶာကိုယ္အႏွံအေပါက္ေဖာက္ျခင္းကို ျမင္ရသူတိုင္း ၾကက္သီးေမႊးညွင္းထကာ ေၾကာက္လန္႔သြားေစပါတယ္။ ဒီရုိးရာဓေလ့ထံုးစံကို စကၤာပူႏုိင္ငံရဲ႕ Sri Srinivasa မွ က်င္းပျပဳလုပ္ေလ့ရွိပါတယ္။

Festival Of Piercings

Festival Of Piercings

(၂) Bhutan ရဲ႕အခ်စ္ရွာေဖြျခင္းပဲြေတာ္

Bhutan မွာရွိတဲ႔ ငယ္ရြယ္တဲ့ ေယာက်ာ္းေလးေတြရဲ႕ အခ်စ္ကို ရွာေဖြပံုက ထူးျခားဆန္းက်ယ္ပါတယ္။ သူတို႔ဟာ သူတုိ႔ရဲ႕ ဖူးစာဖက္ကို ႀကိဳးစားပမ္းစားရွာေဖြၾကပါတယ္။ သူတုိ႔ရဲ႕ရွာေဖြပံုကလည္း သာမန္ပိုးေနက်ပံုစံမ်ဳိးမဟုတ္ဘဲ သူတို႔ညအခ်ိန္မွာ ပိုးပန္းဖို႔ အမ်ဳိးသမီးတစ္ေယာက္ေယာက္ရဲ႕အိမ္ကို ရုတ္တရက္ဝင္ၿပီး အခ်စ္ကုိရယူၾကပါတယ္။ အဲဒီလုိ ရယူတဲ႔ ပံုစံက အၾကမ္းပတမ္းနည္းနည္းဆန္တဲ႔အတြက္ အမဲလိုက္တာနဲ႔ေတာင္တူတယ္လို႔ တင္စားေျပာၾကပါတယ္။ အဲဒီလို ညဘက္မွာ အခ်စ္ကုိ ရယူၿပီးရင္ေတာ့ မနက္မွာ မျဖစ္မေန လက္ထပ္ထိမ္ျမားပဲြ က်င္းပျပဳလုပ္ၾကရမယ္႔ စည္းမ်ဥ္းစည္းကမ္း ဥပေဒျပ႒ာန္းထားပါတယ္္။

Bhutan’s Hunt For Love

(၃) ေသၿပီးသားအသားကိုစားသံုးျခင္း

အေမဇုန္ Yanomami အႏြယ္ေတြဟာ လူသိမ်ားတဲ႔ “Endocannibalism” လို႔ေခၚတဲ႔ ရုိးရာယဥ္ေက်းမႈ အစဥ္အလာကို လိုက္နာက်င့္ၾကံၾကပါတယ္။ Wikipedia အရဆုိ “Endocannibalism” လို႔ေခၚတဲ႔ ရုိးရာယဥ္ေက်းမႈ အစဥ္အလာဟာ တူညီတဲ့ အသိုင္းအဝိုင္း လူပတ္ဝန္းက်င္မွာေနထုိင္တဲ႔ ေသၿပီးသား အသားကို စားသံုးျခင္းလို႔ အဓိပၸါယ္ရပါတယ္။ လူမ်ဳိးစုတစ္ခုခ်င္းစီရဲ႕ မ်ဳိးႏြယ္စုေပၚမူတည္ၿပီး တခ်ဳိ႕ကေတာ့ ေသၿပီးသားသူရဲ႕ အသားကိုစားျခင္းမဟုတ္ဘဲ ေသၿပီးသားသူရဲ႕ ျပာမႈန္႔ကို စားသံုးျခင္းေတြလည္း ရွိပါတယ္။ ႏွစ္စဥ္ႏွစ္တိုင္း ေအာက္ေမ့ဖြယ္ေန႔ကို က်င္းပေပမယ့္ ေသလြန္သူနဲ႔ ပတ္သက္တဲ႔ အေၾကာင္းကုိလညး္ ေျပာေလ့ေျပာထမရွိပါဘူး။ ဓေလ့ထံုးစံရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္ ေသသူရဲ႕ျပာမႈန္႔ကုိ ငွက္ေပ်ာသီးနဲ႔ ေရာေဖ်ာ္ေသာက္ေလ့ေတာ့ရွိၾကပါတယ္။ အဲဒီလို ေသာက္သံုးျခင္းေၾကာင့္ ေသလြန္သူက အသက္ရွင္တဲ႔သူကို ကာကြယ္ေစာင့္ေရွာက္ေပးပါတယ္လို႔ ယံုၾကည္ျခင္း ျဖစ္ပါတယ္။

Eating The Dead

Eating The Dead

(၄) ကေလးကိုပစ္ခ်ျခင္း

အိႏိၵယႏိုင္ငံ Karnataka မွာ မိမိတို႔၏ကေလးကို ပစ္ခ်တဲ႔ ရုိးရာဓေလ့တစ္ခုရွိပါတယ္။ ေပ (၃၀) ေလာက္အျမင့္ရွိတဲ႔ လသာေဆာင္ကေန ေျမျပင္ကုိ ကေလးပစ္ခ်ျခင္းက မိသားစုဆီက ေကာင္းမြန္မႈေတြ သယ္ေဆာင္လာေပးတယ္လို႔ ယံုၾကည္ၾကပါတယ္။ သူတို႔က ကေလးကို ေပ(၃၀) ကေနပစ္ခ်တယ္ဆိုေတာ့ ကေလးမေသသြားႏိုင္ဘူးလားဆိုၿပီး စိုးရိမ္စိတ္နဲ႔ ေတြးမိၾကမွာပါ။ အမွန္ေတာ့ ကေလးပစ္ခ်ျခင္းေၾကာင့္ ကေလးကို ဘာမွမထိခိုက္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ေအာက္မွာ လူေလးေယာက္က အဝတ္စႀကီးႀကီးျပန္႔ျပန႔္ကို ခပ္တင္းတင္းဆုပ္ကိုင္ထားက ကေလးကို ဖမ္းေပးထားတဲ႔ အတြက္ေၾကာင့္ ျဖစ္ပါတယ္။ အံ့ၾသစရာေကာင္းတာက ဒီလို ပစ္ခ်ျခင္းအေလ့အထကို တားဆီးပိတ္ပင္ဖို႔ ကေလးအခြင့္အေရးတက္ၾကြလႈပ္ရွားသူမ်ားအဖဲြ႔က ျပစ္တင္ရႈတ္ခ်ျခင္းေတြျပဳလုပ္ကာ တရားဝင္ပိတ္ပင္တဲ႔ အခ်ိန္ကို ေရာက္ရွိဖို႔ ေမွ်ာ္လင့္ေစာင့္စားေနၾကပါတယ္။

Baby Throwers

ကမာၻ႔ေပၚမွာ မထင္မွတ္ထားတဲ႔ ထူးျခားဆန္းျပားတဲ႔ အရာေတြအမ်ားအျပားရွိပါတယ္။ ကမာၻ႔ေပၚမွာ လူေတြသတိမထားမိတဲ့ တခ်ဳိ႕ေသာရုိးရာယဥ္ေက်းမႈေတြဟာ သဘာဝယုတိၱနဲ႔လည္း မကိုက္ညီသလို ေၾကာက္မက္ဖြယ္ရာလည္း ေကာင္းလွပါတယ္။ ခုေဖာ္ျပထားတဲ႔ စာရင္းထဲမွာ မပါတဲ႔ ေၾကာက္မက္ဖြယ္ေကာင္းတဲ႔ ထူးျခားဆန္းျပား ယဥ္ေက်းမႈေတြအေၾကာင္းရွိေသးရင္လည္း ျပန္လည္မွ်ေဝေပးသြားပါဦးေနာ္။

H.H(Akhayar)

www.akhayar.com

[Unicode]

ကမ္ဘာပေါ်က ယုံကြည်ဖွယ်မကောင်းတဲ့ ကြောက်မက်ဖွယ် ရိုးရာယဉ်ကျေးမှုများ

ကမ္ဘာပေါ်မှာ ထူးခြားဆန်းပြားတဲ့ ပွဲတော်တွေရှိသလို လူတွေမထင်မှတ်ထားလောက်အောင် ကျောချမ်းဖွယ်ကောင်းတဲ့ ရိုးရာဓလေ့ထုံးတမ်းစဉ်လာအဆန်းတွေလည်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိကြပါတယ်။ တချို့သော ရိုးရာယဉ်ကျေးမှု အမွေအနှစ်နဲ့ အစဉ်အလာတွေတည်ရှိခြင်းက နောင်မျိုးဆက်သစ်တွေ သိရှိစေဖို့ အထောက်အကူပေးပေမယ် တချို့သော ရိုးရာယဉ်ကျေးမှုတွေကတော့ လူကို သက်သောင့်သက်သာမဖြစ်စေဘဲ ကြက်သီးမွှေးညှင်းထသွားရလောက်အောင် ကြောက်မက်ဖွယ်ကောင်းစေပါတယ်။ ရူးသွပ်နေလို့ ဒီရိုးရာယဉ်ကျေးမှု အစဉ်အလာကို လုပ်ခဲ့တာလားလို့တောင် ထင်မှတ်ရလောက်အောင် ထူးခြားဆန်းပြား ကြောက်မက်ဖွယ်ကောင်းပါတယ်။

(၁) ခန္ဓာကိုယ်အပေါက်ဖေါက်ပွဲတော်

စကာၤပူမှာ နေထိုင်တဲ့ ဟိန္ဒူလူမျိုးတွေ ကျင်းပလေ့ရှိတဲ့ Thaipusam ပွဲတော်မှာ ခန္ဓာကိုယ်ကို အပေါက်ဖေါက်ခြင်း ဓလေ့ထုံးစံကို တွင်တွင်ကျယ်ကျယ်ပြုလုပ်ကြပါတယ်။ ဒီလို ခန္ဓာကိုယ်အနှံ့အပေါက်ဖောက်ခြင်းဟာ ဟိန္ဒူလူမျိုးစုတွေအကြားမှာ အတော်ရေပန်းစားလျှက် ရှိပါတယ်။ ထိုင်းပြက္ခဒိန်ဖြစ်တဲ့ Tamil ပြက္ခဒိန်ရဲ့လပြည့်ညမှာ ကျင်းပပြုလုပ်တဲ့ ခန္ဓာကိုယ်အနှံအပေါက်ဖောက်ခြင်းကို မြင်ရသူတိုင်း ကြက်သီးမွှေးညှင်းထကာ ကြောက်လန့်သွားစေပါတယ်။ ဒီရိုးရာဓလေ့ထုံးစံကို စင်္ကာပူနိုင်ငံရဲ့ Sri Srinivasa မှ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

Festival Of Piercings

Festival Of Piercings

(၂) Bhutan ရဲ့အချစ်ရှာဖွေခြင်းပွဲတော်

Bhutan မှာရှိတဲ့ ငယ်ရွယ်တဲ့ ယောကျာ်းလေးတွေရဲ့ အချစ်ကို ရှာဖွေပုံက ထူးခြားဆန်းကျယ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ ဖူးစာဖက်ကို ကြိုးစားပမ်းစားရှာဖွေကြပါတယ်။ သူတို့ရဲ့ရှာဖွေပုံကလည်း သာမန်ပိုးနေကျပုံစံမျိုးမဟုတ်ဘဲ သူတို့ညအချိန်မှာ ပိုးပန်းဖို့ အမျိုးသမီးတစ်ယောက်ယောက်ရဲ့အိမ်ကို ရုတ်တရက်ဝင်ပြီး အချစ်ကိုရယူကြပါတယ်။ အဲဒီလို ရယူတဲ့ ပုံစံက အကြမ်းပတမ်းနည်းနည်းဆန်တဲ့အတွက် အမဲလိုက်တာနဲ့တောင်တူတယ်လို့ တင်စားပြောကြပါတယ်။ အဲဒီလို ညဘက်မှာ အချစ်ကို ရယူပြီးရင်တော့ မနက်မှာ မဖြစ်မနေ လက်ထပ်ထိမ်မြားပွဲ ကျင်းပပြုလုပ်ကြရမယ့် စည်းမျဉ်းစည်းကမ်း ဥပဒေပြဋ္ဌာန်းထားပါတယ်။

Bhutan’s Hunt For Love

(၃) သေပြီးသားအသားကိုစားသုံးခြင်း

အမေဇုန် Yanomami အနွယ်တွေဟာ လူသိများတဲ့ “Endocannibalism” လို့ခေါ်တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာကို လိုက်နာကျင့်ကြံကြပါတယ်။ Wikipedia အရဆို “Endocannibalism” လို့ခေါ်တဲ့ ရိုးရာယဉ်ကျေးမှု အစဉ်အလာဟာ တူညီတဲ့ အသိုင်းအဝိုင်း လူပတ်ဝန်းကျင်မှာနေထိုင်တဲ့ သေပြီးသား အသားကို စားသုံးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ လူမျိုးစုတစ်ခုချင်းစီရဲ့ မျိုးနွယ်စုပေါ်မူတည်ပြီး တချို့ကတော့ သေပြီးသားသူရဲ့ အသားကိုစားခြင်းမဟုတ်ဘဲ သေပြီးသားသူရဲ့ ပြာမှုန့်ကို စားသုံးခြင်းတွေလည်း ရှိပါတယ်။ နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ်နေ့ကို ကျင်းပပေမယ့် သေလွန်သူနဲ့ ပတ်သက်တဲ့ အကြောင်းကိုလည်း ပြောလေ့ပြောထမရှိပါဘူး။ ဓလေ့ထုံးစံရဲ့ တစ်စိတ်တစ်ဒေသအဖြစ် သေသူရဲ့ပြာမှုန့်ကို ငှက်ပျောသီးနဲ့ ရောဖျော်သောက်လေ့တော့ရှိကြပါတယ်။ အဲဒီလို သောက်သုံးခြင်းကြောင့် သေလွန်သူက အသက်ရှင်တဲ့သူကို ကာကွယ်စောင့်ရှောက်ပေးပါတယ်လို့ ယုံကြည်ခြင်း ဖြစ်ပါတယ်။

Eating The Dead

Eating The Dead

(၄) ကလေးကိုပစ်ချခြင်း

အိန္ဒိယနိုင်ငံ Karnataka မှာ မိမိတို့၏ကလေးကို ပစ်ချတဲ့ ရိုးရာဓလေ့တစ်ခုရှိပါတယ်။ ပေ (၃၀) လောက်အမြင့်ရှိတဲ့ လသာဆောင်ကနေ မြေပြင်ကို ကလေးပစ်ချခြင်းက မိသားစုဆီက ကောင်းမွန်မှုတွေ သယ်ဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။ သူတို့က ကလေးကို ပေ(၃၀) ကနေပစ်ချတယ်ဆိုတော့ ကလေးမသေသွားနိုင်ဘူးလားဆိုပြီး စိုးရိမ်စိတ်နဲ့ တွေးမိကြမှာပါ။ အမှန်တော့ ကလေးပစ်ချခြင်းကြောင့် ကလေးကို ဘာမှမထိခိုက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အောက်မှာ လူလေးယောက်က အဝတ်စကြီးကြီးပြန့်ပြန့်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားက ကလေးကို ဖမ်းပေးထားတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ အံ့သြစရာကောင်းတာက ဒီလို ပစ်ချခြင်းအလေ့အထကို တားဆီးပိတ်ပင်ဖို့ ကလေးအခွင့်အရေးတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြစ်တင်ရှုတ်ချခြင်းတွေပြုလုပ်ကာ တရားဝင်ပိတ်ပင်တဲ့ အချိန်ကို ရောက်ရှိဖို့ မျှော်လင့်စောင့်စားနေကြပါတယ်။

Baby Throwers

ကမ္ဘာ့ပေါ်မှာ မထင်မှတ်ထားတဲ့ ထူးခြားဆန်းပြားတဲ့ အရာတွေအများအပြားရှိပါတယ်။ ကမ္ဘာ့ပေါ်မှာ လူတွေသတိမထားမိတဲ့ တချို့သောရိုးရာယဉ်ကျေးမှုတွေဟာ သဘာဝယုတ္တိနဲ့လည်း မကိုက်ညီသလို ကြောက်မက်ဖွယ်ရာလည်း ကောင်းလှပါတယ်။ ခုဖော်ပြထားတဲ့ စာရင်းထဲမှာ မပါတဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ထူးခြားဆန်းပြား ယဉ်ကျေးမှုတွေအကြောင်းရှိသေးရင်လည်း ပြန်လည်မျှဝေပေးသွားပါဦးနော်။

H.H(Akhayar)

www.akhayar.com