[ZawGyi]

Beyonce ပင္တိုင္ မိတ္ကပ္ပညာရွင္ေျပာျပတဲ့ Foundation လိမ္းနည္းလ်ိဳ႕၀ွက္ခ်က္

Sir John ဆိုတာက တစ္ကယ့္နာမည္ႀကီး Top Star ေတြျဖစ္တဲ့ Joan Smalls၊ Carlie Kloss နဲ႔ Kim Kardashian၊ Beyonce တို႔ရဲ႕ လံုးဝယံုၾကည္စိတ္ခ်ရတဲ့ အရည္အခ်င္းရွိ ကြ်မ္းက်င္မိတ္ကပ္ပညာရွင္တစ္ေယာက္ပါ။ Makeup Industry ထဲမွာ မိတ္ကပ္နဲ႔ ပတ္သက္ရင္ ထံုးလိုေမႊ ေရလိုေႏွာက္ႏိုင္တဲ့ ဘက္စံုထူးခြ်န္တဲ့ အေတြ႕အၾကံဳရွိသူတစ္ေယာက္အျဖစ္ နာမည္သတင္းေမႊးသူပါ။

ဒီလို Makeup ဂု႐ုႀကီးကေနၿပီး မိန္းကေလးတိုင္းအတြက္ မိတ္ကပ္လိမ္းတဲ့အခါ ၿပီးျပည့္စံုဆံုး Foundation ကိုရဖို႔ ဘယ္လိုမိတ္ကပ္သား ကစားရမယ္ဆိုတာ Popsugar Magazine ကို ေဖာ္ျပခဲ့ပါတယ္။

လူတိုင္းမွာကေတာ့ မိတ္ကပ္လိမ္းတဲ့ အေနအထားက အသားအေရာင္နဲ႔ ကိုယ့္မ်က္ႏွာေပၚမူတည္ၿပီး အမ်ိဳးမ်ိဳးေျပာင္းလဲပါတယ္။ တခ်ိဳ႕က မိတ္ကပ္သားထူထူ၊ တခ်ိဳ႕က ပါးပါး၊ တခ်ိဳ႕က် မိတ္ကပ္သားမရွိသေလာက္သဘာဝအတိုင္းေလးကို သေဘာက်တတ္ပါတယ္။ Sir John ကေတာ့ ဒီ 2018 မွာ သူတီထြင္ေခၚဆိုထားတဲ့ “The Second Skin” လို႔ေခၚတဲ့ Makeup Look ေလးက ေခတ္စားလာဦးမွာပါတဲ့။ ကိုယ္အိပ္ယာႏိုးႏိုးခ်င္း အိပ္ယာေပၚကထၿပီးမွန္ၾကည့္လိုက္တိုင္း ခ်စ္ဖို႔ေကာင္းေနမယ့္ သဘာဝအသြင္ျပင္ပံုစံမ်ိဳးေလးဆိုပဲ။

ဒါဆို ဘယ္လိုနည္းလမ္းမ်ိဳးေလး ျဖစ္မွာပါလိမ့္? လြယ္လြယ္ေလးပါ။ ကိုယ့္မ်က္ႏွာမွာ လိမ္းထားတဲ့ Moisturizer ေတြမေျခာက္ခင္ စိုစြတ္ေနတဲ့အခ်ိန္မွာပဲ Foundation ကို ညီညီလိမ္းေပးပါတဲ့။ အဆီျပန္တဲ့ မ်က္ႏွာအသားအေရအတြက္ေတာ့ နည္းနည္းအဆင္မေျပျဖစ္ႏိုင္ေပမယ့္ ဒီလို ဆန္႔က်င္ဘက္လိမ္းျခယ္နည္းကလည္း Foundation နဲ႔ အသားေရ ဘယ္ေလာက္ ကပ္တင္အားရွိလဲ သိႏိုင္ရာေရာက္ပါတယ္။

Foundation လိမ္းတဲ့အခါမွာလည္း စိုစိုစြတ္စြတ္ေလးနဲ႔ ညီညာတဲ့ အေနထားရဖို႔ Beauty Blender အစိုေလးနဲ႔ပဲ လိမ္းသင့္ပါတယ္တဲ့။ အဆင္ေျပမယ္ဆိုရင္ မ်က္ႏွာတခုလံုး လိမ္းျခယ္မဲ့အစား Coverage လိုအပ္တဲ့အစိတ္အပိုင္းေလးေတြေလာက္ပဲလိမ္းတာမ်ိဳးက အိပ္ယာကထကာစလို သဘာဝအတိုင္းေလး ျဖစ္ေနေစမွာပါ။

သဘာဝအတိုင္းေလးလွေနေစဖို႔ သူအၾကံေပးတဲ့ Foundation ေတြက ကိုယ္ေတြႏိုင္ငံမွာလည္း အလြယ္တကူရႏိုင္တဲ့ L’oreal Infallible Pro Glow Foundation၊ Nars All Day Luminious Foundation တို႔ကို ေရြးခ်ယ္သင့္ပါတယ္တဲ့။

ဒီအခ်က္ေလးေတြ လိုက္နာရံုနဲ႔ Queen B လိုမ်ိဳးေန႔ခ်င္းညခ်င္းႀကီး မလွပသြားႏိုင္ေပမယ့္ သူတို႔ရဲ႕ နည္းစနစ္ေတြ သိရေတာ့ ကိုယ့္အလွအပအတြက္လည္း အေထာက္အကူျပဳရာေရာက္တာမို႔ သဘာဝအတိုင္းေလးလွေနဖို႔ မနက္ျဖန္ကစၿပီး ကိုယ့္ဟာကိုယ္ျပင္ဆင္ျခယ္သၾကည့္လိုက္ၾကရေအာင္။

EiEiKhineMinn ( Akhayar)

[Unicode]

Beyonce ပင်တိုင် မိတ်ကပ်ပညာရှင်ပြောပြတဲ့ Foundation လိမ်းနည်းလျို့ဝှက်ချက်

Sir John ဆိုတာက တစ်ကယ့်နာမည်ကြီး Top Star တွေဖြစ်တဲ့ Joan Smalls၊ Carlie Kloss နဲ့ Kim Kardashian၊ Beyonce တို့ရဲ့ လုံးဝယုံကြည်စိတ်ချရတဲ့ အရည်အချင်းရှိ ကျွမ်းကျင်မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ Makeup Industry ထဲမှာ မိတ်ကပ်နဲ့ ပတ်သက်ရင် ထုံးလိုမွှေ ရေလိုနှောက်နိုင်တဲ့ ဘက်စုံထူးချွန်တဲ့ အတွေ့အကြုံရှိသူတစ်ယောက်အဖြစ် နာမည်သတင်းမွှေးသူပါ။

ဒီလို Makeup ဂုရုကြီးကနေပြီး မိန်းကလေးတိုင်းအတွက် မိတ်ကပ်လိမ်းတဲ့အခါ ပြီးပြည့်စုံဆုံး Foundation ကိုရဖို့ ဘယ်လိုမိတ်ကပ်သား ကစားရမယ်ဆိုတာ Popsugar Magazine ကို ဖော်ပြခဲ့ပါတယ်။

လူတိုင်းမှာကတော့ မိတ်ကပ်လိမ်းတဲ့ အနေအထားက အသားအရောင်နဲ့ ကိုယ့်မျက်နှာပေါ်မူတည်ပြီး အမျိုးမျိုးပြောင်းလဲပါတယ်။ တချို့က မိတ်ကပ်သားထူထူ၊ တချို့က ပါးပါး၊ တချို့ကျ မိတ်ကပ်သားမရှိသလောက်သဘာဝအတိုင်းလေးကို သဘောကျတတ်ပါတယ်။ Sir John ကတော့ ဒီ 2018 မှာ သူတီထွင်ခေါ်ဆိုထားတဲ့ “The Second Skin” လို့ခေါ်တဲ့ Makeup Look လေးက ခေတ်စားလာဦးမှာပါတဲ့။ ကိုယ်အိပ်ယာနိုးနိုးချင်း အိပ်ယာပေါ်ကထပြီးမှန်ကြည့်လိုက်တိုင်း ချစ်ဖို့ကောင်းနေမယ့် သဘာဝအသွင်ပြင်ပုံစံမျိုးလေးဆိုပဲ။

ဒါဆို ဘယ်လိုနည်းလမ်းမျိုးလေး ဖြစ်မှာပါလိမ့်? လွယ်လွယ်လေးပါ။ ကိုယ့်မျက်နှာမှာ လိမ်းထားတဲ့ Moisturizer တွေမခြောက်ခင် စိုစွတ်နေတဲ့အချိန်မှာပဲ Foundation ကို ညီညီလိမ်းပေးပါတဲ့။ အဆီပြန်တဲ့ မျက်နှာအသားအရေအတွက်တော့ နည်းနည်းအဆင်မပြေဖြစ်နိုင်ပေမယ့် ဒီလို ဆန့်ကျင်ဘက်လိမ်းခြယ်နည်းကလည်း Foundation နဲ့ အသားရေ ဘယ်လောက် ကပ်တင်အားရှိလဲ သိနိုင်ရာရောက်ပါတယ်။

Foundation လိမ်းတဲ့အခါမှာလည်း စိုစိုစွတ်စွတ်လေးနဲ့ ညီညာတဲ့ အနေထားရဖို့ Beauty Blender အစိုလေးနဲ့ပဲ လိမ်းသင့်ပါတယ်တဲ့။ အဆင်ပြေမယ်ဆိုရင် မျက်နှာတခုလုံး လိမ်းခြယ်မဲ့အစား Coverage လိုအပ်တဲ့အစိတ်အပိုင်းလေးတွေလောက်ပဲလိမ်းတာမျိုးက အိပ်ယာကထကာစလို သဘာဝအတိုင်းလေး ဖြစ်နေစေမှာပါ။

သဘာဝအတိုင်းလေးလှနေစေဖို့ သူအကြံပေးတဲ့ Foundation တွေက ကိုယ်တွေနိုင်ငံမှာလည်း အလွယ်တကူရနိုင်တဲ့ L’oreal Infallible Pro Glow Foundation၊ Nars All Day Luminious Foundation တို့ကို ရွေးချယ်သင့်ပါတယ်တဲ့။

ဒီအချက်လေးတွေ လိုက်နာရုံနဲ့ Queen B လိုမျိုးနေ့ချင်းညချင်းကြီး မလှပသွားနိုင်ပေမယ့် သူတို့ရဲ့ နည်းစနစ်တွေ သိရတော့ ကိုယ့်အလှအပအတွက်လည်း အထောက်အကူပြုရာရောက်တာမို့ သဘာဝအတိုင်းလေးလှနေဖို့ မနက်ဖြန်ကစပြီး ကိုယ့်ဟာကိုယ်ပြင်ဆင်ခြယ်သကြည့်လိုက်ကြရအောင်။

EiEiKhineMinn ( Akhayar)