[Zawgyi] 


Men’s Watch




Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com


[Unicode] 

Fossil နာရီကုမ္ပဏီက မကြာခင်မှာ BMW တံဆိပ်နဲ့ Smartwtach တွေရောင်းချတော့မယ်

Fossil ဆိုတာကတော့ နာရီပရိသတ်ကြားမှာမသိသူ သိပ်မရှိတဲ့ အမေရိကန် Fashion Brand တစ်ခုပါ။ အခုတော့ BMW နဲ့ပူးပေါင်းပြီး နာရီထုတ်ဖို့စီစဉ်နေပြီဖြစ်တာကြောင့် BMW ပရိသတ်အတွက်တော့ စိတ်ဝင်စားစရာ Brand တစ်ခု ထပ်တိုးလာတော့မှာပါ။ Fossil ရဲ့နာရီ Design တွေကတော့ လူငယ်တွေနဲ့၊ သက်လတ်ပိုင်း အမျိုးသားတွေကြားမှာ နာမည်ကြီးရေပန်းစားပါတယ်။ 

Men’s Watch

Fossil နဲ့ BMW တို့က နာရီထုတ်လုပ်ဖို့အတွက် ၅ နှစ်သဘောတူစာချုပ်ကို ချုပ်ဆိုလိုက်ပါပြီ။ Fossil အနေနဲ့ BMW တံဆိပ်နဲ့ နာရီတွေထုတ်လုပ်သွားမှာဖြစ်ပြီး Smartwatch တွေပဲဖြစ်မှာပါ။ Fossil အနေနဲ့လည်း လာမယ့်နှစ်မှာ Smartwatch အမျိုးအစားသစ် အများကြီးကို ဈေးကွက်အတွက် ထုတ်ပြသွားမယ်ဆိုတာ ကြေညာပြီးသားဖြစ်ပါတယ်။ BMW ပရိသတ်အတွက် ရွေးချယ်စရာ နာရီ Brand အနေနဲ့ Fossil က ၅ နှစ်စာ ရပ်တည်သွားတော့မှာပါ။ 

Fossil Women’s watch Lineup

ကားကုမ္ပဏီတွေအနေနဲ့ အခုလို နာရီကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး နာရီတွေ ထုတ်ရောင်းတာက လုပ်နေကျအရာတစ်ခုလိုဖြစ်နေပါတယ်။ Ferrari ၊ Aston Martin နဲ့ Audi လိုကားကုမ္ပဏီတွေအနေနဲ့လည်း နာရီတွေ ထုတ်ရောင်းတာမျိုးရှိနေတာကြောင့် ဈေးကွက်ပြိုင်ဆိုင်မှုကတော့ BMW အတွက် များပြားနေပါတယ်။ BMW ကထုတ်တာမဟုတ်ပေမယ့် Design ပိုင်းဆိုင်ရာမှာတော့ Fossil ရဲ့ Design အယူအဆတွေနဲ့အတူ BMW တံဆိပ်၊ အရောင်နဲ့ BMW ကားတွေရဲ့ အငွေ့အသက်တွေကို တွေ့ရမှာပါ။ Smartwatch တွေဖြစ်တာကြောင့် BMW ကားပရိသတ်တင်သာမကဘဲ Smartwatch ချစ်သူတွေအတွက်ပါ ရွေးချယ်ဝယ်ယူစရာ Brand တစ်ခုဖြစ်လာမှာပါ။ သင်ရော BMW Fan တစ်ယောက်လား။ 

Ref: Engadget

Min Than Htike (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။