Fortnite ဂိမ္းဟာ လက္ရွိအခ်ိန္မွာ ေဆာ့ကစားသူအမ်ားဆံုးျဖစ္ေနတဲ့ Battle Royale ပံုစံ Online Multiplayer ဂိမ္းတစ္ခုဆိုရင္လည္းမမွားပါဘူး။ အခုလုိမ်ိဳး ေဆာ့ကစားသူေတြမ်ားျပားေနတယ္ဆိုတာကလည္း PC မွာအျပင္ PS4 ၊ Xbox ေတြ၊ iOS Devices ေတြမွာပါ ေဆာ့ကစားႏုိင္ေအာင္ျပဳလုပ္ထားေပးတာနဲ႔ အခမဲ့ေဆာ့ကစားႏုိင္တာေၾကာင့္ျဖစ္ပါတယ္။

Fortnite

Fortnite ဟာ မေန႔ကပဲ Nintendo ရဲ႕ E3 Conference မွာ Nintendo Switch ေပၚမွာ Fortnite ကို စတင္ Download ျပဳလုပ္ေဆာ့ကစားႏုိင္ျပီျဖစ္တဲ့အေၾကာင္း ရုတ္တရက္ေၾကညာလုိက္ပါတယ္။ အခုလုိမ်ိဳး ၾကိဳတင္ေၾကညာထားခဲ့တာမ်ိဳးမရွိေပမယ့္ Fortnite ကို Download ျပဳလုပ္ခြင့္ေပးျပီး အခု ၂၄ နာရီအတြင္းမွာ Nintendo Switch မွာ Download ျပဳလုပ္သူ ၂ သန္းျပည့္သြားျပီလုိ႔ သိရပါတယ္။

Fortnite on Nintendo Switch

အခုလုိမ်ိဳးေဆာ့ကစားသူေတြမ်ားျပားတာက သိပ္ျပီး အထူးအဆန္းေတာင္မဟုတ္ေတာ့ဘူးလုိ႔ တနည္းျပန္ေတြးၾကည့္လုိ႔ရပါတယ္။ ဘာျဖစ္လုိ႔လဲဆုိရင္ ျပီးခဲ့တဲ့ ၆ လအတြင္းမွာ Fortnite ရဲ႕ ေအာင္ျမင္မႈက PC တင္မကပဲ Console ၊ iOS အကုန္လံုးမွာ အျခား ဂိမ္းေတြအားလံုးကို စံခ်ိန္တင္ရေလာက္ေအာင္ ေက်ာ္ျဖတ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရျပီးျဖစ္လုိ႔ပါ။

လက္ရွိအခ်ိန္မွာ Fortnite မွာ Register ျပဳလုပ္ျပီးေဆာ့ကစားေနတဲ့သူေပါင္း ၁၂၅ သန္းရွိေနျပီးျဖစ္ျပီးေတာ့ ဒီပမာဏဟာ Online ဂိမ္းတစ္ခုအတြက္ေတာ့ ၾကီးမားတဲ့ ပမာဏတစ္ခုလုိ႔ ေျပာရမွာပါ။ အခုအခ်ိန္မွာ Fortnite အေနနဲ႔ Android ကို ဝင္ေရာက္ဖုိ႔ပဲက်န္ေတာ့တာျဖစ္ျပီး Android မွာသာ ရရွိလာခဲ့ရင္ ရွိသမွ် Platform အကုန္လံုးမွာ Cross-play ေဆာ့ကစားႏိုင္တဲ့ Online Multiplayer ဂိမ္းတစ္ခုျဖစ္လာေတာ့မွာပါ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[UNICODE]

Fortnite ဂိမ်းဟာ လက်ရှိအချိန်မှာ ဆော့ကစားသူအများဆုံးဖြစ်နေတဲ့ Battle Royale ပုံစံ Online Multiplayer ဂိမ်းတစ်ခုဆိုရင်လည်းမမှားပါဘူး။ အခုလိုမျိုး ဆော့ကစားသူတွေများပြားနေတယ်ဆိုတာကလည်း PC မှာအပြင် PS4 ၊ Xbox တွေ၊ iOS Devices တွေမှာပါ ဆော့ကစားနိုင်အောင်ပြုလုပ်ထားပေးတာနဲ့ အခမဲ့ဆော့ကစားနိုင်တာကြောင့်ဖြစ်ပါတယ်။

Fortnite

Fortnite ဟာ မနေ့ကပဲ Nintendo ရဲ့ E3 Conference မှာ Nintendo Switch ပေါ်မှာ Fortnite ကို စတင် Download ပြုလုပ်ဆော့ကစားနိုင်ပြီဖြစ်တဲ့အကြောင်း ရုတ်တရက်ကြေညာလိုက်ပါတယ်။ အခုလိုမျိုး ကြိုတင်ကြေညာထားခဲ့တာမျိုးမရှိပေမယ့် Fortnite ကို Download ပြုလုပ်ခွင့်ပေးပြီး အခု ၂၄ နာရီအတွင်းမှာ Nintendo Switch မှာ Download ပြုလုပ်သူ ၂ သန်းပြည့်သွားပြီလို့ သိရပါတယ်။

Fortnite on Nintendo Switch

အခုလိုမျိုးဆော့ကစားသူတွေများပြားတာက သိပ်ပြီး အထူးအဆန်းတောင်မဟုတ်တော့ဘူးလို့ တနည်းပြန်တွေးကြည့်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ ၆ လအတွင်းမှာ Fortnite ရဲ့ အောင်မြင်မှုက PC တင်မကပဲ Console ၊ iOS အကုန်လုံးမှာ အခြား ဂိမ်းတွေအားလုံးကို စံချိန်တင်ရလောက်အောင် ကျော်ဖြတ်ခဲ့တာကို မြင်တွေ့ခဲ့ရပြီးဖြစ်လို့ပါ။

လက်ရှိအချိန်မှာ Fortnite မှာ Register ပြုလုပ်ပြီးဆော့ကစားနေတဲ့သူပေါင်း ၁၂၅ သန်းရှိနေပြီးဖြစ်ပြီးတော့ ဒီပမာဏဟာ Online ဂိမ်းတစ်ခုအတွက်တော့ ကြီးမားတဲ့ ပမာဏတစ်ခုလို့ ပြောရမှာပါ။ အခုအချိန်မှာ Fortnite အနေနဲ့ Android ကို ဝင်ရောက်ဖို့ပဲကျန်တော့တာဖြစ်ပြီး Android မှာသာ ရရှိလာခဲ့ရင် ရှိသမျှ Platform အကုန်လုံးမှာ Cross-play ဆော့ကစားနိုင်တဲ့ Online Multiplayer ဂိမ်းတစ်ခုဖြစ်လာတော့မှာပါ။

Ref : CNET

Zawyè (Akhayar) 

www.akhayar.com